ပိုင်ဆိုင်ခွင့်

7.4K 474 40
                                    

ယေရူအရှင်မြတ်၏ပုံတော်သည်
ဘုရားကျောင်း၏အရှေ့မျက်နှာစာတည့်တည့်တွင်
ခန်းမတစ်ခုလုံးကိုအုပ်မိုးကြည့်ထားသည့်နှယ်

ရောင်စုံကပ်ကြွေပြားများနှင့်
မွန်းမံထားသော ခမ်းနားလှသည့် ပြတင်းတံခါးများပေါ်မှာလာနားသော
ချိုးငှက်ဖြူလေးနှစ်ကောင်

လေပြေငယ်တစ်ချက်အဝှေ့တွင်
သတို့သမီး၏ခေါင်းတွင်ခြုံရုံထားသော
ဇာပုဝါဖြူလွှာလွှာလေးကသိမ့်ခနဲ တစ်ချက်
လူပ်ခတ်သွားသည်..

"ဒီမင်္ဂလာပွဲကိုကန့်ကွက်မည့်သူရှိပါသလား"

ငြိမ်သက်အေးချမ်းလွန်းလှသော
ဘုရားကျောင်းထဲတွင်
ဖာသာ၏ အသံသည်တိကျပြတ်သား
စွာထွက်ပေါ်လာသည်..

ကျမ်းစာအုပ်ကိုကိုင်ထားသော
ဖာသာ၏မျက်လုံးတို့သည်
စီတန်းထားသော
အညိုရောင်ခုံတန်းရှည်တွေမှာထိုင်နေသော
ပွဲလာပရိသတ်တို့ကိုဝေ့ကြည့်သည်

အားလုံး၏မျက်နှာတွင် ကျေနပ်မူ..
အားကျမူ..ဝမ်းမြောက်မူတွေနှင့်
ကောင်းချီးပေးနေသောအနေအထားတစ်ခုမှာ

ဖာသာသည်သူ၏လက်နှစ်ဖက်ကို
ပင့်မြောက်လိုက်ပြီး

"မင်္ဂလာအနမ်းပေးဖို့အချိန်အခါကျရောက်ပါပြီ"

သတို့သားနှင့်သတို့သမီးသည်
မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်..

သတို့သား၏မျက်နှာမှာကျေနပ်သောအပြုံးတစ်ခု

သတို့သမီး၏ဇာပုဝါဖြူလွှလွှတို့ကို
ပင့်တင်လိုက်တော့

ပန်းနုရောင်သမ်းနေသည့်နူတ်ခမ်းအစုံတို့က
မသိမသာလေးပြုံးနေသည်..

မျက်လွှာလေးချထားသည့်
သတို့သမီးလေး၏ရုပ်လွှာသည်
ဂန္တဝင်မြောက်ပန်းချီကားတစ်ချပ်နှယ်

ဓမ္မတေးချင်းသံသဲ့သဲ့လေးသည်
လေပြည်ညှင်းနှင့်အတူတူယိမ်းနွဲ့လိုက်ပါလာသည်

သတို့သမီး၏လက်မောင်းအစုံကို
ခပ်ဖွဖွလေးကိုင်တွယ်လာသော
သတို့သား၏သွယ်ပြောင်းသော
လက်ချောင်းများနှင့်အတူ

အနမ်းတစ်ပွင့်ခြွေချလုအချိန်ကာလလေး

"ဒီမင်္ဂလာပွဲကိုကျွန်တော်ကန့်ကွက်ပါတယ်"

ပိုင်ဆိုင်ခွင့်( ပိုင်ဆိုင်ခွင့်)Where stories live. Discover now