Ep:1

29.3K 917 2
                                    

Zawgyi>>>

ပြတင်းပေါက်မှတစ်ဆင့် အပြင်လောကကို မက်မောစွာငေးကြည့်မိသည်...တောက်ပနေသောမျက်ဝန်းအစုံသည် မိမိမပိုင်ဟုဆိုလျှင်...

ဝေ့ဝဲနေတဲ့လေပြေလေးကြောင့် လွင့်မျောနေသောဆံနွယ်အချို့သည် မိမိမပိုင်ဆိုင်ပါဟု ဆိုလျှင်...

ခါးသွယ်သွယ်ထက်ရစ်ပတ်လာသည့် လက်တစ်စုံကသာ ပိုင်ရှင်စစ်...

"ဘာလုပ်နေတာလဲ yeol?"

"ဗျာ? အာ...ကြည့်..ကြည့်နေတာ"

"ဘာကိုလဲ?"

"ဟို...အ..အပြင်ကိုပါ"

ကျွန်တော့်စကားကြောင့် သူစိတ်ရှုပ်ထွေးစွာ သက်ပြင်းချသည်...
ကျွန်တော်လဲ ခေါင်းမဖော်နိုင်စွာကြောက်ရွံ့နေမိပြန်ပြီပေါ့...

~ဖြောင်း

ပါးပြင်ထက်ပူထူသွားသောသောခံစားချက်နှင့်အတူ နာကျင်မှုကြောင့် နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်...

ကျွန်တော်သူ့စကားနားမထောင်လို့ အပြစ်ပေးတာဖြစ်နိုင်သည်...

"မင်းကိုကိုယ်ဘယ်နှစ်ခါ ပြောရမှာလဲyeol? အပြင်ကိုမတမ်းတပါနဲ့ မင်းလိုကလေးအတွက် အပြင်လောကဆိုတာ အန္တရာယ်များလွန်းတယ်"

လှောင်အိမ်ထဲမှငှက်ငယ်လေးအတွက် အပြင်လောက ကအန္တရာယ်များလွန်းတယ်?ဟုတ်ပါသည်...

သို့သော် ထိုဌက်လေး၏ ခုံမင်မှုသည်လည်း ဤအပြင်လောကသာဖြစ်လေသည်ကို ဌက်လေး၏သခင်နားမလည်နိုင်ချေ...

သူ့စကားကိုငြင်းဆန်ပိုင်ခွင့်မရှိသည်မို့ ခေါင်းအသာငုံ့ကာ သူ့ဖက်လှည့်ရင်း...

"တောင်းပန်ပါတယ် Hyun... ကျွန်တော်နောက်ဆိုဆင်ခြင်ပါ့မယ် "

ကျွန်တော့်စကားကိုသဘောကျဟန်ပြုံးပြီးမှ ကလေးတစ်ယောက်လို ဆံပင်လေးတွေကိုဖွတဲ့သူ...
တစ်ခါတစ်လေနူးညံ့သလောက် တစ်ခါတစ်လေအရိုင်းဆန်သည်...

Hyun ကျွန်တော့်အပေါ်ထားတဲ့ ခံစားချက်ကရှုပ်ထွေးနေရင်တောင် ကျွန်တော်ခံစားချက်ကတော့ရှင်းလွန်းနေတယ်...

သူ့စိတ်ကြိုက်နေရင်း...
သူလိုသမျှအသုံးတော်ခံ...
သူ့စကားနားထောင်ရင်း သူခိုင်းသလိုနေရမှာ...

*CAGE*Where stories live. Discover now