PART1

2.3K 103 6
                                    

☆☆ချာတိတ်☆☆
Part.1
************************************
...ဟူးတနေကုန်ပင်ပန်းလိုက်တာ...ommaကလည်းအနားကိုမပေးဘူးဟိုဟာရွေ့ခိုင်းဒီဟာရွေ့ခိုင်းနဲ့တနေလုံးနားကိုမနားရဘူး😔
......အောက်ထပ်ကနေမနိုင်မနင်းအထုတ်အပိုးတွေကိုအပေါ်ထပ်ကိုသယ်ရင်းလှေကားအလယ်ကနေငြီးတွားသံတခု
YJ:တကယ်ဘဲအလုပ်သမားခေါ်ဆိုပါမခေါ်ဘူး။ငါ့ကိုဘဲခိုင်းနေတယ်။သားလေးတယောက်မွေးထားတာကို😡
YJ Omma:ဟဲ့ကောင်လေးပွစိပွစိလုပ်မနေနဲ့မြန်မြန်သယ်မင်းအဖေမလာခင်အကုန်ပစ္စည်းတွေနေရာချပြီးသားဖြစ်နေရမှာ
YJ:ဟွင်းသူ့ယောကျာ်းကျတော့ကြောက်တတ်လိုက်တာနာ့ကျတော့😏
...ဟင်းလင်းပြင်ဘာမှမရှိသေးတဲ့အခန်းလေးကိုကြည့်ရင်း
YJ:Helloအခန်းလေးရေဒီနေ့ကစပြီးဒီမှာနေမဲ့မင်းရဲ့ပိုင်ရှင်ငါတော့ရောက်လာပြီငါ့ကိုကောင်းကောင်းဆက်ဆံ😄
Omma:Youngjaeအတွေးတွေလွန်မနေနဲ့အောက်မှာအထုပ်တွေကျန်သေးတယ်မြန်မြန်သွား
YJ:ဟွန့်
ခုအိမ်ကိုပြောင်းလာရတာအဆင်ကိုမပြေတာ။ကျောင်းနဲ့လည်းဝေးသေးတယ်။ကောင်းတာဆိုလို့အိမ်ကြီးတာဘဲရှိတယ်။မွေးကတည်းကနေလာခဲ့တဲ့အိမ်မို့လွမ်းမိသား။
...YJရဲ့မိဘများကအချမ်းသာကြီးမဟုတ်ပေမဲ့အဖေကလခစားcompanyဝန်ထမ်းဖြစ်ကာအမေကတော့အငြိမ်းစားအထက်တန်းပြဆရာမတယောက်။YJလေးမွေးကတည်းနေခဲ့တဲ့Mokpoမြို့ကနေသူ့အဖေရာထူးတိုးမှုကြောင့်ဆိုလ်းမြို့သို့ရောက်ရှိလာခြင်း။မွေးကတည်းကနေခဲ့တဲ့မြို့လေးမို့လွမ်းနေဆဲ။
YJ POV:မနက်၆နာရီတည်းကပစ္စည်းတွေရွှေ့တနေကုန်ကပ်စီးနည်းတဲ့ommaကြောင့်သားအမိ၂ယောက်တည်းလုပ်နေရတာ။ပင်ပန်းလွန်းလို့အိပ်ပျော်သွားတာညနေ၅နာရီတောင်ထိုးနေပြီ။
**ဒေါက်ဒေါက်ဒေါက်
Omma;YJသားရေ။
YJ:အင်းးးးomma
Omma:အိပ်နေတုန်းလားထထဒီဆန်မုန့်လေးတွေလိုက်ဝေအူံး
YJ:ဟာommaဒီလောက်ပင်ပန်းနေတာကိုဘယ်တုန်းကဆန်မုန့်လုပ်လိုက်တာလဲ
Omma:စောနကလေးတင်မင်းကအိပ်နေတာကိုထထဒါလေးတွေအိမ်နီးနားချင်းတွေကိုဝေပေးပါ။
YJ;ဟာommaကလည်းညနေတောင်စောင်းနေပြီကို။နောက်နေ့မှသွားပို့လိုက်တော့မယ်လေ။
ခွပ်*
YJ;အား
ခေါက်ခနဲခေါင်းကိုခေါက်ခံလိုက်ရကာ
Omma:Choi Youngjaeပျင်းနေပြန်ပြီမလား
သွားဆိုသွားမရှည်နဲ့။အဲမျက်နှာကိုသစ်သွားအုံး။ကြောင်ချီးရုပ်နဲ့
YJ:ဟွန့်omma😡ကိုယ့်သားနုနုထွတ်ထွတ်လေးကို😐
***********************************
...လမ်းထိပ်ကနေစပြီးဝေလာလိုက်တာနောက်ဆုံး၁၀အိမ်မြှောက်။မိမိအိမ်ရဲ့ခြေရင်းဘေးကပ်ရပ်အိမ်ဆီသို့
YJ;အားပါးပါးအိမ်ကြီးကနည်းတာကြီးမဟုတ်ဘူးအကြီးကြီးပါလား။ငါတို့အိမ်အဲ့တာကြောင့်မို့လမ်းထိပ်ကကြည့်ရင်အစအနတောင်မမြင်ရတာ။
...အိမ်အကြီးကြီးကိုငေးကာခြံပြင်အုတ်တံတိုင်းကနေချောင်းနေမိတယ်။ခြံအုတ်တံတိုင်းရဲ့ဘေးကအုတ်ခုံပေါ်ကနေတက်ကြည့်တော့သိသာထင်ရှားစွာမြင်လာရတဲ့တိုက်အဖြူရောင်ကြီး
YJ:wowမိုက်တယ်ကွာရေကုးကန်လည်းရှိတယ်။
**ဝုတ်ဝုတ်ဝုတ်***
YJ;အမလေးဘာကြီးလား
ခြံအထဲကနေသူ့ကိုဟောင်နေတဲ့မတ်တပ်ရပ်လိုက်ရင်လူတရပ်စာလောက်ရှိတဲ့အင်းခွေးကြီးတကောင်
YJ:ရှူးရှူးသွားသွား
************************************
Companyကနေအပြန်လမ်းထဲကိုကားချိုးဝင်လိုက်တော့အိမ်နားရောက်ခါနီးအချစ်တော်cocoရဲ့အသံတွေကိုကြားနေရတယ်။
(AN;cocoနာမည်ယူသုံးပါရစေ😉)
JB;ဘာလို့cocoအဲ့လောက်ဟောင်နေပါလိမ့်
အိမ်နားလည်းရောက်ကော
အိမ်ရှေ့ကအုတ်ခုံကနေခြံတံတိုင်းကိုလှမ်းကြည့်နေကာသူ့လက်ထဲကဘာတွေမှန်းမသိခြံထဲကိုပစ်ချနေတယ်။
JB;ဟာ
အရူးထင်တယ်။Blondeရောင်ဆိုးထားတဲ့ဆံပင်တွေကိုလက်နဲ့ဆွဲဆွဲဖွနေကာပါးစပ်ကနေပွစိပွစိတွေရွတ်လျှက်pokemonအရုပ်အကျီၤနဲ့ဘောင်းဘီတိုဝတ်ထားတဲ့ခြေထောက်တွေကမြှောက်လိုက်ချလိုက်ခုန်လိုက်
JB:ဟာအိမ်ကဟာတွေကလည်းအိမ်ရှေ့အရူးရောက်နေတာမသိကြဘူးလားဟ။
**တီတီတီ
မှန်တံခါးကိုချလိုက်ရင်း
JB:yaကောင်လေးသွားသွားတော့ဒီမှာဘာမှမရှိဘူး
YJ:ဟင်...ခင်ဗျားကဘယ်သူလဲ
JB:မင်းကကောဘယ်သူလဲ
YJ;အဲ့တာခင်ဗျားနဲ့မဆိုင်ပါဘူး
JB:ဘာလို့မဆိုင်ရမှာလဲဒါငါ့အိမ်ကွာ
YJ;ခင်ဗျားအိမ်လား
JB;ဘာစားချင်လို့လဲ။ခဏလေး...ရော့ဒါယူသွား...သွားသွား...သွားတော့
ကားပေါ်ကနေလှမ်းလာတဲ့ပိုက်ဆံလေးတရွက်
YJ POV:ဟမ်ဒီလူ..ဒီလူငါ့ကိုဘာထင်နေတာလဲ😫
YJ:yaခင်ဗျားဘာလုပ်တာလဲရိုင်းလှချည်လား
ကားပေါ်ကဆင်းလာကာ
JB:ရော့ယူပါအားမနာနဲ့သွားတော့။အထဲကငါ့ကောင်ကအရမ်းကိုက်တက်တာသွားတော့သွား
YJ:ဟာခင်ဗျားကြီးလွန်လာပြီနော်စော်ကားနေပြီ
JB:အမလေးအရူးကဘဲပြောရတယ်ရှိသေးတယ်
YJ;ဘာ...အရူးဟုတ်လား
အုတ်ခုံပေါ်ကနေဆင်းလာကာကားနားလာရပ်ရင်း
JB:အမလေးဖြေးဖြေးအော်ပါဟ။
YJ;ဒီမှာကျွန်တော်အရူးမဟုတ်ဘူးမုန့်လာပို့ပေးတာ
JB:ဘာ😫
YJ;ဟုတ်တယ်ဟိုဘက်အိမ်ကလာနှုတ်ဆက်တဲ့အနေနဲ့လာပို့တာ
JB:ဟာMian mianကလေး
Yj:😑😑😑
JB:မုန့်လာပို့တယ်ဆိုလဲဘဲလ်တီးလိုက်တာမဟုတ်ဘူး
YJ:အဲ့တာ အဲ့တာက
YJ POV:ဟုတ်သားမေ့နေခဲ့တာအိမ်ကြီးကိုကြည့်ပြီး
YJ:ကဲပါရော့ရော့ဒါommaပေးခိုင်းလိုက်လို့ခေါင်းရင်းအိမ်ကပါ။ဟိုဆန်မုန့်၂ခုကတော့ခင်ဗျားခြံထဲရောက်သွားပြီခင်ဗျားကောင်ကြီးကိုကျွေးလိုက်တာကိုက်မဲတကဲကဲလုပ်နေလို့
JB:မင်းကချောင်းနေတာကိုးကောင်လေးရဲ့
YJ;ဟွင့်သွားပြီဗျာ😐သူ့အိမ်ကျမှဘဲ
JB:ဟာ....
လက်ထဲကိုဆန်မုန့်ပန်းကန်လေးကိုအတင်းထိုးထည့်ပေးရင်လှုပ်တိလှုပ်တဲ့ထွက်သွားတဲ့ကောင်လေး။
****အရုပ်အကျီၤလေးနဲ့ဘောင်းဘီတိုလေးဝတ်ထားကာဖြူလွန်းတဲ့အသားအရည်လေးကဆံပင်လေးနဲ့လိုက်ဖက်လွန်းတယ်။တစ်တစ်လေးဖြစ်နေတဲ့ခန္ဓာကိုယ်လုံးလုံးလေးနဲ့ချစ်ရာကောင်လေးကြောင့်Gentlemanဆန်ဆန်ဝတ်ဆင်ထားကာဆံပင်အပြောင်သိမ်းထားတဲ့ကောင်လေးနှုတ်ခမ်းထက်မှာလည်းအပြုံးခပ်ရေးရေးလေးဖြစ်ထွန်းသွားခဲ့တယ်😄


***********************************
To Be Continued....
Love ya my got7&all my readers♡♡♡
Ficအသစ်လေးUpdateလိုက်ပါပြီနော်။Revengeလေးလည်းမကြာခင်လာပါ့မယ်။Cute Couple 2Jaeအသားပေးဖြစ်တဲ့ဒီFicလေးကိုလည်းအားပေးကြပါအုံး😘😘😘
90°Bow.....

☆☆ချာတိတ်☆☆(Unicode)Where stories live. Discover now