Ep-1

203 15 0
                                    

ည​နေတိုင်းစီး​နေကျစက်​ဘီး​လေးကိုထုတ်​ကာဒီ​နေ့လဲဟန်​မြစ်​​ဘေးကိုထွက်​ခဲ့ပြန်​သည်​...လမ်းတစ်​​လျှောက်​ ​လေတဖြူးဖြူးနှင့်​စက်​ဘီးစီးရတဲ့အရသာကိုဘာနှင့်​မျှမလဲနိုင်​ပါ....တစ်​​နေ့တာရဲ့မွန်းကြပ်​မှု​တွေဘယ်​လိုပင်​ရှိပါ​စေ ဟန်​မြစ်​​ဘေးကိုသွားပြီး​လေအဝရှူလိုက်​လျှင်​မွန်းကြပ်​မှု​တွေကအလိုလို​ပျောက်​သွားတတ်​သည်​မို့​နေ့တိုင်းစက်​ဘီးစီးတတ်​တဲ့Kyung soo....မသွားတဲ့​နေ့ဆိုတာမရှိခဲ့ ​နေ့တိုင်းလိုလိုသွားခဲ့သည်

Baekhyun:Kyungie ah.. ဘယ်​လဲ?

Kyung soo:မင်းသိရက်​သားနဲ့

Baekhyun....BaekhyunဆိုတာKyung sooရဲ့အချစ်​ဆုံးသူငယ်​ချင်း​ပါ....အလယ်​တန်းထဲက​ပေါင်းလာ​တာ အခုuni​ရောက်​တဲ့အထိ.....မိဘမဲ့ဖြစ်​တဲ့Kyung sooအ​ပေါ်အစစအရာရာဂရုစိုက်​​ပေးခဲ့တာBaekhyun​ပေါ့....kyung sooလိုအပ်​တာ​မှန်​သမျှကိုလည်းအတတ်​နိုင်​​ဆုံးဖြည့်​ဆည်း​ပေးခဲ့တာလည်းBaekhyunပါပဲ....kyung sooအတွက်​​တော့တကယ့်​သူငယ်​ချင်း​ကောင်းကByun Baekhyun ပါပဲ...

"Ahrrr..............."

Kyung soo​လေကိုအဝရှူပြီးတိုက်​ခတ်​လာတဲ့​လေရဲ့အရသာကိုမျက်​လုံးမှိတ်​ရင်းခံစား​နေသည်​...ဒီလိုအချိန်​မျိုး​တွေသာအမြဲတမ်းရှိ​နေရင်​​ကောင်းမှာပဲလို့kyung sooစဉ်းစားမိသည်​ နည်းနည်း​လေး​မှောင်​​လာ​တော့kyung sooစက်​ဘီး​လေးစီးကာ အိမ်​သို့ပြန်​လာခဲ့သည်​....လမ်းတစ်​​လျှောက်​သီချင်း​လေးညည်းရင်းလာ​​နေတုန်း.....လူရှင်းတဲ့တစ်​​နေရာအ​ရောက်​....

Kyung soo:ဟင်​!!!! လူတစ်​​ယောက်​လဲ​နေပါလား....

Kyung sooစက်​ဘီး​ပေါ်ကဆင်းပီး ထိုလူ့ကိုသွားကြည့်​​တော့ ...

Kyung soo:Oh my God!!!!!  ​သွေး​တွေနဲ့

မှောက်​ရက်​သားလဲကျ​နေတဲ့လူကိုဆွဲလှည့်​လိုက်​​တော့....ဗိုက်​နဲ့​​ခေါင်း​မှာ​သွေး​တွေဆိုတာမြင်​မ​ကောင်း....

Kyung soo:yrr!!! ထပါဦး...ခင်​ဗျား​သေသွားပီလား​...?

Kyung sooထိုလူကိုကြည့်​ပြီး​ကြောက်​လွန်းလို့ငိုချင်​လာသည်​...ငယ်​ငယ်​ကတည်းက​သွေးမြင်​ရင်​သတိလစ်​တတ်​တဲ့သူ့အကျင့်​..အသက်​နည်းနည်းကြီးလာ​တော့မှသာမဖြစ်​​တော့တာ...ဒါ​ပေမယ့်​​သွေးမြင်​ရင်​​​တော့ငို​နေ​သေးသည်​...
Kyung soo ထိုလူ့ကိုယ်​ကြီးကိုမနိုင်​မနင်းမရင်း​ဆေးရုံသွားလို့ရမယ့်​ကားလမ်းမှဆီသို့အ​ပြေးလာခဲ့သည်​.....ဘာ​တွေများစားလို့ဒီ​လောက်​​လေး​နေရလဲမသိ...သူ့စက်​ဘီး​လေးကို​တော့လမ်းမ​ပေါ်မှာသာဒီအတိုင်းထားခဲ့လိုက်​ရသည်​....

🐧A Little Baby🐧Where stories live. Discover now