Taeyong 's POV
"Jaehyun အမေကငါ့ဆီကို လစဉ်ငွေအကန့်အသတ်နဲ့ပို့တာ မင်းသိပါတယ်ကွာာ ငါငွေမလောက်ဘူးဖြစ်နေတယ်။"
"အဲ့တော့?"
ကျနော်ပြန်မေးလိုက်တော့
"ငါငွေလိုနေတယ် ကူညီပေး သူတို့ဆီက...."
"ဒါခင်ဗျားအပိုင်းလို့ပြောပြီးပြီလေ ဒီ့ထက်ဘာတွေများလိုချင်နေသေးတာလဲ အဖေ့စည်းစိမ်တွေမက်ပြီးခင်ဗျားတို့မောင်နှမ၂ယောက် ကြံစည်ခဲ့ကြတာပဲလေ Hak အခုမှဝေစုမတည့်ဖြစ်နေကြတာလား"
"ကောင်းပြီလေ မင်းကမကူညီဘူးဆိုတော့လည်း........."
လူယုတ်မာအပြုံးတစ်ခု
ကျနော်တစ်ချက်လှမ်းမြင်လိုက်တဲ့အပြုံးဟာ ......ကျနော်ဒေါသထွက်ထွက်နဲ့ အရှေ့မှာချထားတဲ့ coffee ကိုတစ်ဝသောက်လိုက်တယ်။
******
* Flashback •
"Tr သားတွက်ထားတာမှန်လား ကြည့်ပေး"
ကျောင်းစာသင်တာတောင်အိမ်မှာဆရာမထပ်ခေါ်ပြီးသင်ရလောက်တဲ့အထိကျနော်ကံကောင်းခဲ့တယ်။ ပြီးပြည့်စုံလွန်းတဲ့စည်းစိမ်နဲ့ အလိုလိုက်လွန်းတဲ့မိဘတွေကိုကျနော့်ဘဝမှာပိုင်ဆိုင်ခွင့်ရခဲ့တယ်။
လောကကြီးဟာအရမ်းပျော်ဖို့ကောင်းလွန်းပါလားလို့တောင်ကျနော်ထင်ခဲ့တယ်။"ဘုန်းးးး"
အရှိန်နဲ့ဖွင့်လိုက်တဲ့တံခါးဟာ နံရံကိုသွားရိုက်ခတ်လိုက်တဲ့အထိပြင်းထန်သွားခဲ့တယ်။ ကျယ်လောင်တဲ့တံခါးနဲ့နံရံရိုက်သံကြောင့် ကျနော်ရော ၊ ဆရာမရောအခန်းဝကိုကြည့်လိုက်ကြတယ်။ အခန်းဝမှာရပ်နေတဲ့ အမောတကောဖြစ်နေတဲ့ အဖေ့ကိုကျနော်မြင်လိုက်ရတယ်။ ၇နှစ်သားအရွယ်ဆိုတာ အရိပ်ပြအကောင်မြင်တဲ့အရွယ်လည်းမဟုတ်တာကြောင့် အဖေ့ရဲ့အမူအရာပျက်ပြီးစိတ်ဇောတွေတက်နေတဲ့ပုံစံကိုကျနော်ငေးသာကြည့်နေခဲ့မိတယ်။ စောနကျယ်လောင်တဲ့တံခါးရိုက်သံကြောင့်သာရင်ထဲထိတ်ခနဲဖြစ်သွားတယ်။
"သား ဟို.... ဆရာမ အခုချက်ချင်းသားကိုစာသင်တာရပ်ပေးလို့ရမလား အရေးကြီးလို့ပါ"

YOU ARE READING
I Can See Your Love Through Your Eyes
Romance"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...