Sicaရဲ့ စကားကြောင့် အားလုံး မျက်လုံးပြူးသွားတော့....
"Wae.....ခေါ်လို့မရဘူးလား.. ...ဘာလို့ မျက်လုံးတွေ ပြူးနေကြတာလည်း....."
"အဲ့လိုမဟုတ်ပါဘူး Sicaခေါ်ချင်ရင် ခေါ်ပါ...."
"Yeah.... ဒါမှ Yoongieကွ..... Fanyတို့ လိုက်ခဲ့ပါနော်......"
Boraတယောက် ခေါင်းကိုကုတ်ပြီး
"ဟို.....အားတော့နာပါတယ်.....ကျွန်မလေ တကယ်လိုက်ချင်ပါတယ်.....တကယ်လိုက်ချင်တာပါ ဒါပေမယ့် စနေနေ့ကျ ကျွန်မ အဘိုးရဲ့ နှစ်ပတ်လည်ရှိတော့......"
"အော် ရပါတယ် Bora....နောက်နှစ်ကျ လိုက်ခဲ့ပေါ့....."
"Nae Yoona shii...."
"Fany လိုက်ရမယ်နော်....."
"မလိုက်လို့မရဘူးလား Yoona😁😁"
Sooyoungလည်း မုန့်စားရင်း
"လိုက်ခဲ့ပါ Fanyရာ.... ဘာလို့ မလိုက်ချင်တာလည်း..."
"Bora မပါတော့...တယောက်တည်း..."
"Fany ငါလည်း ရှိနေတာကို ဘာလည်း Fanyက မခင်ဘူးပေါ့...ငါ့ကို...."
"အာ....အဲ့လိုမဟုတ်ပါဘူး Sica...ငါဆိုလိုတဲ့ သဘောက အဲ့လိုဖြစ်သွားရင် တောင်းပန်ပါတယ်...."
"ဒါဆိုလည်း လိုက်ခဲ့လေ Fanyတို့ အတန်းထဲက Vivianလည်းပါတာကို နော်လို့ ပီးတော့ Sicaရဲ့ သူငယ်ချင်းလည်းပါတယ် သူကအရမ်းခင်ဖို့ကောင်းတယ်.....လိုက်ခဲ့ပါနော်...."
"ဟုတ်တယ် Fany....လိုက်ခဲ့ပါဗျာ...."
YoonSic,Sooyoungတို့က အတင်းခေါ်နေတာနဲ့ Fanyလည်း လိုက်မယ်ဆိုပြီး သဘောတူလိုက်သည်။
"လိုက်ခဲ့ပါမယ်......"
"Yeah...ဒါမှ Fanyကွ....."
Sicaလည်း Fanyလက်ကို ကိုင်လိုက်ပြီး
"ဒါနဲ့ ငါ့ကို Yoona လာခေါ်မှာ သူ့ကိုကျ ဘယ်သူသွားခေါ်မလည်း....."
"ငါသွားခေါ်လိုက်မယ်....."ဆိုပြီး Yuriနဲ့ Taeyeon အသံက ပြိုင်တူထွက်ပေါ်လာသည်။
Sooyoungလည်း YulTaeတို့ နှစ်ယောက်ကို ကြည့်ပြီး
"ဒီလိုလုပ်ကွာ Yoonaတို့ရဲ့ကားနဲ့ အားလုံးကို ၀င်ခေါ်လိုက်မယ်ကွာ....မင်းတို့က အဆင်သင့်ပြင်ထားပြီး စောင့်နေကြပေါ့ကွာ....."
Yoonaလည်း ခေါင်းငြိမ့်ပြီး
"Sooyoung ပြောသလိုဘဲ😁😁ငါ့ကားနဲ့ သောကြာနေ့ ညနေ ငါးရာရီ လာခေါ်မယ်ကွာ မင်းတို့က အသင့်ပြင်ပြီး စောင့်နေ"
Sicaလည်း လက်ကို ဆန့်လိုက်ပြီး
"Woo....D trip လေးကတော့ ပျော်စရာကောင်းမှာဘဲ......"
"Ommပေါ့ ပျော်စရာကောင်းမှာအမှန် ကဲ အခု ကိုယ်တို့ အတန်းသွားတက်ရအောင်လေ......"
Fanyတို့လည်း ကိုယ့်အတန်းကို ပြန်သွားကြသည်။ Boraကတော့ ၀မ်းနည်းနေတာပေါ့ မလိုက်ရလို့ လိုက်ချင်ပေမယ့်လည်း သူ့အဘိုး နှစ်ပတ်လည်က ရှိသေးတော့လည်း သူမ Yoonaမွေးနေ့အကြောင်းကို မတွေးမိအောင် နေလိုက်သည်။ပြီးနောက် သူတို့ရှေ့မှာ ထိုင်နေတဲ့ Vivianကို Boraလက်တို့လိုက်ပြီး
"Hey Vivian.... နင့်ရဲ့ ယောင်းမလေးကို ဂရုစိုက်လိုက်အုံး သူက စနေနေ့လိုက်မယ်တဲ့....."
Boraကို Fany ဆွဲဆိတ်လိုက်တော့ Boraတယောက် စပ်ဖြီးဖြီးနဲ့ သူမရဲ့ လက်ကလေးကို ပွတ်ပြီး Fanyကို ရယ်ပြနေသည်။ Vivianလည်း အနောက်ကို လှည့်ပြီး
"တကယ်.... Fany နင် တကယ်လိုက်မှာလား...."
"Omm ငါလိုက်မှာ...."
"ငါကတော့ မလိုက်နိုင်ဘူးဟာ ငါ့အဘိုးရဲ့ နှစ်ပတ်လည်ရှိတယ်.... အဲ့တာကြောင့် ငါ့အစား Fanyကို ဂရုစိုက်ပေးနော်....."
"အေးပါ စိတ်မပူပါနဲ့  ငါဂရုမစိုက်အားတောင် ငါ့အကိုကတော့ သေချာပေါက် သူ့ကို ဂရုစို်က်မှာပါ😜😜"
"Maja Maja😝😝😝"
Vivian နဲ့ Boraတို့ နှစ်ယောက် Fanyကို စကြနောက်ကြလေသည်။ တဖက်မှာလည်း Taeyeonနဲ့ Yuriကတော့ သူတို့အတွေးတွေနဲ့ ချာချာလည်နေကြတာပေါ့....
"Yuriနဲ့ Fanyက သူငယ်ချင်းတွေနေမှာပါ ငါ့ထက် Yuriနဲ့ Fanyက အရင်သိခဲ့တာဘဲ Yuriသာ Fanyကို စိတ်ဝင်စားရင် သူဖွင့်ပြောမှာဘဲ Yuriက သူ့ခံစားချက်ကို မျိုသိပ်ထားတတ်တဲ့ သူမှမဟုတ်တာ💭💭💭"
Sicaကတော့ Sunnyကို သူတို့ Tripအကြောင်းပြောပြတော့
"အာ.....ငါမလိုက်ချင်ပါဘူး"
Sooyoung ကြောင့် Sunnyငြင်းလိုက်ခြင်း ဖြစ်သည်။
"အဲ့လိုတော့ မလုပ်ပါနဲ့ နင်ကလည်း ငါတယောက်တည်း အထီးကျန်မှာကို မြင်ချင်လို့လား...."
"Tiffanyဆိုတဲ့ သူတို့ကရော..."
"သူနဲ့ Yuriရဲ့ ညီမက အတန်းတူတယ်လေ ခင်ကြတာပေါ့ လုပ်ပါဟာ ငါတယောက်တည်း 😢😢"
Sicaကဇွတ်ပြောနေတာနဲ့ Sunnyလည်း လိုက်ခဲ့မယ် ဆိုပြီး ကတိပေးလိုက်သည်။
ဒီလိုနဲ့ သောကြာနေ့ ညနေကို ရောက်လာတော့ Yoonaတယောက် သူ့ရဲ့ကားနဲ့ အားလုံးကို ၀င်ခေါ်တယ်.... ပထမက Sica ဒုတိယက Sunny... ပြီးတော့ Yuriနဲ့ Taeyeonကို ၀င်ခေါ်လိုက်သည်။ ထို့နောက် Vivian နဲ့ Sooyoung ကို ၀င်ခေါ်တော့... Yoonsicက တစ်ခုံ အတူထိုင်ပြီး Taeyeonနဲ့ Yuriကတော့ အနောက်ဆုံးခုံက ထောင့်တစ်ထောင့်စီမှာ အတူထိုင်ကြသည်။ Vivian က Yoonaတို့ရဲ့ အနောက်မှာ ၀င်ထိုင်ပေမယ့် Sooyoungကတော့ ဘယ်နေရာ ထိုင်ရမလည်း Taeyeonတို့ကြားထဲ ၀င်ထိုင်ရမလား ဒါမှမဟုတ် Sunnyနောက်က ခုံမှာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ထိုင်ရမလား Vivianရဲ့ ဘေးနား ၀င်ထိုင်ရမလား တွေဝေနေစဉ် ကားက ရုတ်တရက် ဆောင့်ထွက်တာနဲ့ Sunnyဘေးနား ၀င်ထိုင်လိုက်သည်။ Sunnyကတော့ Sooyoung သူ့ဘေးနား လာထိုင်တာကို ဂရုမစိုက်ဘဲ အပြင်ကိုသာ ငေးကြည့်နေသည်။ နောက်ဆုံး Fanyရဲ့ အိမ်ရှေ့ရောက်တော့ Taeyeon တယောက် ကားပေါ်က ဆင်းပြီး Fanyရဲ့ အိတ်တွေကို ကူသယ်ပေးပြီး ကားနောက်ခန်းထဲကို ထားလိုက်သည်။ Yuri တယောက် ဒီတခါတော့ နောက်ကျသွားပြီလေ Taeyeonက လက်ဦးသွားတယ်.... Fanyကားပေါ်ကို တက်လာတော့ Yul Tae နှစ်ယောက် သူတို့နဲ့ အတူ လာထိုင်ဖို့ ပြောပေမယ့် ယောင်္ကျားလေး နှစ်ယောက်ကြားမှာ ထိုင်ရတာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို့ Vivianတယောက် သူနဲ့ အတူထိုင်ဖို့ Fanyကို ခေါ်လိုက်သည်။ Fanyလည်း Vivianရဲ့ ဘေးနားဝင်ထိုင်ပြီး လိုက်လာသည်။ လူစုံသွားတော့ Yoonaတယောက် မတ်တပ်ရပ်ပြီး
"ကဲ လူစုံပြီဆိုတော့ Tripထွက်ကြစို့..... Tripမထွက်ခင်..... ကားက ဓာတ်ဆီဖြည့်ခဲ့ပေမယ့် ငါတို့ လူတွေကတော့ ဘာမှမဖြည့်ခဲ့ရသေးဘူး ဟုတ်....."
"ဟုတ်...."
Yoonaရဲ့ စကားကို ချက်ချင်း ပြန်ဖြေသူမှာ တခြားသူမဟုတ် အစားဆို ထိပ်ဆုံးက Choi Sooyoungသာ ဖြစ်သည်။
"ဒါကြောင့် ငါတို့ ညစာအရင် ၀င်စားကြရအောင်...."
"Yeah...."
Yoonaတို့လည်း ဆိုင်တဆိုင်မှာ ညစာဝင်စားကြသည်။ Taeyeonက Fanyရဲ့ ဘေးနားမှာ ထိုင်တယ် Fanyရဲ့ ဘေးနားက Sunny, Sunnyရဲ့ ဘေးနားမှာ Sooyoungထိုင်လိုက်ပြီး Sooyoung နဲ့ မျက်နှာချင်းဆိုင်က Yoona..., Sunnyနဲ့ မျက်နှာချင်းဆိုင် ထိုင်သူက Sica, Fanyရှေ့မှာ Yuri..... Taeyeonရဲ့ ရှေ့မှာ Vivian.. ..
အဲ့လို ထိုင်ကြပြီး ညစာစားကြရင်း အရက်သောက်ပြီး မူးနေတဲ့ ကောင်လေး နှစ်ယောက် ယိုင်တိုင်တိုင်နဲ့ လမ်းလျှောက်ရင်း Fanyရဲ့ ထိုင်ခုံကို ၀င်တိုက်မိသွားတယ်....ပြီးတော့ Fanyရဲ့ ပခုံးကို ကိုင်ပြီး တောင်းပန် စကားပြောရင်း အမူးသမား တယောက်က Fanyကို ကြည့်ပြီး သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်....
"Hyung ဒီကောင်မလေးကို ကြည့်စမ်း ချစ်ဖို့ကောင်းလိုက်တာ...."
အဲ့ အမူးကောင်လေးရဲ့ စကားကြောင့် Yuriလည်း ထိုင်နေရာမှ ထလာပြီး ထိုကောင်လေးကို ထိုးလိုက်သည်။ ကောင်လေးက လဲကျသွားတော့ သူ့အပေါ်တက်ခွပြီး မျက်နှာကို ပိတ်ထိုးသည်။ ထိုကောင်လေးရဲ့ သူငယ်ချင်းက yuriကို ထိုးလိုက်တော့ yuriလည်း ပြန်ထိုးမလို့ လုပ်တော့ ဆိုင်ထဲက လူတွေနဲ့ Sooyonug တို့ ၀ိုင်းဆွဲလို့ ရန်ပွဲက ပြီးသွားသည်။ ထို အမူးသမား နှစ်ယောက်လည်း ဆိုင်ထဲက ထွက်သွားပြီ Yuriကလည်း
"Tiffany ကျွန်တော်နဲ့ နေရာချင်းလဲမယ်..... ကျွန်တော့်နောက်မှာ နံရံဘဲရှိလို့ တိုက်မိ ခိုက်မိမှာ ပူစရာမလိုဘူး ခုနကလိုလည်း ဖြစ်မှာမဟုတ်ဘူး...."ဆိုပြီး Fanyနဲ့ နေရာချင်းလဲလိုက်သည်။ Sicaတယောက် ထမင်းစားနေရင်း
"Woo.... ခုန Yuri ချတာ တော်တော်မိုက်တယ် ရုပ်ရှင်ကြည့်နေရသလိုဘဲ😍"
"သူက ဖိုက်တာလေ Sica.... အရင်ကအမြဲ ရန်ဖြစ်နေကြ ခုတလောမှ ငြိမ်သွားတာ....."
Fanyလည်း Yuriနဲ့ နေရာချင်းလဲထိုင်ပြီး ထမင်းဆက်စားနေရင်း Yuriရဲ့ မျက်နှာမှာ သွေးတွေကို မြင်တော့
"Yul... မျက်နှာမော့ကြည့်....."
Yuriလည်း မျက်နှာကို မော့လိုက်တော့ သူ့ပါးမှာ အစင်းရာအကြီးကြီးကို တွေ့တော့ Fanyလည်း အပြင်ကို ထွက်သွားသည်။ Sooyoungတို့ Yuriတို့ကတော့ Fanyကို ကြည့်ရင်း ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တာပေါ့...."
Taeyeonက အမှန်ဆို ခုန အမူးသမားတွေကို စကားနဲ့ အေးဆေးပြောမလို့ စဉ်းစားထားသူပါ....Fanyရဲ့ ပခုံးကို ဟိုကောင်လေး လာကိုင်ကတည်းက စကားကို ကောင်းကောင်းပြောပြီး Fanyကို တောင်းပန်ခိုင်းမလို့ဆိုပေမယ့် ဒီတခါတော့ စိတ်ဆတ်တဲ့ Yuriက လက်ဦးမှုရသွားသည်။ ခဏကြာတော့ ဆေးအိတ်တွေနဲ့ Fanyပြန်ရောက်လာသည်။
"Yul..... ရှင် ခဏလောက် ကျွန်မဘက်ကို လှည့်....."
Yuriလည်း Fanyဘက်ကို လှည့်လိုက်တော့ Fany ငုတ်တုတ်လေးထိုင်လိုက်ပြီး Yulရဲ့ မျက်နှာက ဒဏ်ရာကို ဆေးထည့်ပေးရင်း
"နောက်ဆို ရန်မဖြစ်ပါနဲ့ ရှင် ကျွန်မအတွက်နဲ့ ရန်ဖြစ်တာ နှစ်ခါရှိပြီ နှစ်ခါလုံး ရှင့်မျက်နှာဒဏ်ရာရနေခဲ့တာ...."
"ဒီတခါက ဟိုကောင်ရဲ့ လက်စွပ်က ပါးကို ခြစ်မိတာ..... Tiffany ကို ရိတိတိ ပြောနေတာ ကျွန်တော် မခံနိုင်လို့ ရန်ဖြစ်မိတာပါ...."
"နောက်မဖြစ်ရဘူးနော် Yul....."
"Ommပါ ....."
သူတို့နှစ်ယောက်ကို ကြည့်ပြီး အားလုံးက ကြည်နူးနေကြပေမယ့် Taeyeonကတော့ သူ့ဘယ်ဘက်ပါးပေါ် ကျလာတဲ့ မျက်ရည်လေးကို သုတ်ပြီး
"ငါ သန့်စင်ခန်း ခဏသွားလိုက်အုံးမယ်....."
Sooyoung ကတော့ Taeရဲ့ အခြေအနေကို သိပြီး စိတ်မကောင်းဖြစ်နေသည်။
" woo woo ကြည့်ရတာ အရမ်း sweetတာဘဲ ရုပ်ရှင်ထဲကလိုလေး"
သူ့ညီမ Vivianရဲ့ စကားကြောင့် Yulပြုံးလိုက်ပြီး သူ့ညီမကို လက်မထောင်ပြလိုက်သည်။ စားပြီးနောက် အားလုံး ကားပေါ်ကို တက်ပြီး Yoonaတို့ ပိုင်တဲ့ ကမ်းခြေကို ခရီး ဆက်ကြလေသည်။ Taeyeonကတော့ တစ်လမ်းလုံး နားကြပ်တပ်ပြီး အိပ်လိုက်လာသည်။ အားလုံး အိပ်ပျော်နေပေမယ့် Yuriကတော့ အိပ်မပျော်နိုင်..... တစ်လမ်းလုံး ခုန အကြောင်းကို တွေးပြီး ကြည်နူးနေသည် ။ Fany ဘက်ကို လှမ်းကြည့်တော့ Fany ချမ်းနေတာကို တွေ့ရတော့ သူ့အပေါ် အနွေးထည်လေး ချွတ်ပြီး Fanyကို ခြုံပေးလိုက်သည်။ Fanyကတော့ ဘာမှမသိရှာဘဲ အိပ်ပျော်နေတာပေါ့.....ဒီလိုနဲ့ ကားမောင်းပြီး လေးနာရီလောက်ကြာတော့ Yoonaတို့ရဲ့ Hotelကို ရောက်ပြီလေ....
"သခင်လေး ရောက်ပါပြီ....."
Driver ရဲ့ အသံကြောင့် Yooba နိုးလာပြီး အားလုံးကို နှိုးလိုက်သည်။
"Hyung တွေ ဟိုတယ်ရောက်ပြီ ထတော့ အခန်းထဲ ရောက်မှ ပြန်အိပ်ကြတော့.... ခုတော့ ကားပေါ်ကဆင်းပီး ကိုယ့်အထုပ်ကိုယ် ယူကြအုံး...."
Yoonaအော်သံကြောင့် အားလုံး နိုးလာပြီး ကားပေါ်က ဆင်းကြသည်။ Taeyeonလည်း သူ့နေရာက ထပြီး ကားပေါ်က ဆင်းနေချိန် Fanyရဲ့ အသံကြောင့် ခြေလှမ်းတွေ ရပ်သွားသည်။
"Yul...... ဒါ ရှင့်ရဲ့ အင်္ကျီမဟုတ်လား.... "
"Omm ဟုတ်တယ်..... Tiffany ကြည့်ရတာ ချမ်းနေလို့ ကျွန်တော် အနွေးထည် ချွတ်ပြီး ခြုံပေးထားတာ....."
"Gomawo Yul....."
Fanyတို့ ပြောတာတွေ ဆက်နားမထောင်ဘဲ ကားပေါ်ကနေ ဆင်းသွားလိုက်သည်။ Yoonaတို့ ကမ်းခြေဘေးက. ဘန်ဂလိုလေးတွေမှာ ယူလိုက်ပြီး YoonYul,SooTae,SunSica,ViFanyတို့က တစ်ခန်းယူလိုက်ကြသည်။ မနက်မိုးလင်းတော့ အရင်ဆုံး နိုးလာသူက Taeyeon.. ... ဘန်ဂလို အပြင်ဘက်ကို ထွက်ကြည့်တော့ လှိုင်းသံတွေနဲ့ ပင်လယ်ကြီးကို တွေ့တော့ Taeyeon တယောက် စိတ်ညစ်တာတွေ ပျောက်သွားပြီး ပင်လယ်ရေကို တစ်ဝကြီး ရှုရှိုက်လိုက်သည်။ ထို့နောက် သူ့အိတ်ထဲက ပန်းချီ ပစ္စည်းတွေ ယူပြီး ပင်လယ်ကြီးရဲ့ အလှကို ပုံဖော်နေသည်။ Yuri နိုးလာတော့ မျက်နှာသစ်ပြီး Fanyတို့ အခန်းဘက်ကို သွားသည်။ Vivian နဲ့ အတူ အခန်းအပြင်မှာ လေ့ကျင့်ခန်း လုပ်နေတဲ့ Fanyကို Yuriငမ်းနေတယ်လေ.... Yuriကို Fanyတွေ့တော့
"Yul... ဘာလာလုပ်တာလည်း.. ..."
"Aww fanyနဲ့ အတူစက်ဘီးစီးချင်လို့ လာခေါ်တာ မနက်ခင်းလေ ကမ်းခြေ ဘေးနားမှာ စက်ဘီးစီးရတာ အရမ်းကောင်းတာ လတ်ဆက်တဲ့ ပင်လယ်လေလေးကို ရှူ ရင်း...."
"ကျွန်မက စက်ဘီးမစီးတတ်ဘူး😢😢"
"ရတယ်လေ ကျွန်တော့်နောက်က ထိုင်လိုက်....."
Taeyeon ပန်းချီဆွဲနေရင်း သူ့ရှေ့ပေါ်လာတဲ့
Yuriကရှေ့ကစက်ဘီးနင်း Fanyက အနောက်ကနေ ဘေးတစ်စောင်းလေးထိုင်လိုက်ပြီး Yuriရဲ့ ပခုံးကို ကိုင်ထားတဲ့ မြင်ကွင်းကြောင့် Taeyeonတော်တော်လေး စိတ်တိုသွားသည်။ သူဆွဲနေတဲ့ ပုံကို စုတ်ဖြဲလိုက်ပြီး လုံးချေကာ လွှင့်ပစ်လိုက်တော့......
"Taeyeon.. ..Yoonaရဲ့ ကမ်းခြေကို သန့်ရှင်းအောင် မကူညီချင်နေ..... အမှိုက်ပွအောင်တော့ မလုပ်ပါနဲ့ 😜😜"
"Sooyoung....."
"ငါသိပါတယ် မင်းအခု ဘာဖြစ်နေတယ်ဆိုတာ "
"😔"
"မင်း Fanyကို စိတ်ဝင်စားနေတာ ငါသိတယ်.....အခု Fanyက Yuriနဲ့ တစ်တွဲတွဲ ဖြစ်နေလို့ မင်း ခံစားနေရတယ်ဆိုတာလည်း ငါသိတယ်.....အမှန်ဆို မင်း Yuriလို သွက်သင့်တယ်....မင်းက အခုလို ပန်းချီတွေ ဆွဲနေမယ့်အစား Yuriလို သွက်သင့်တယ် ငါ့ကောင်ကြီး....."
Sooyoungလည်း Taeyeonရဲ့ ပခုံးကို ပုတ်ပြီး ထွက်သွားသည်။*YoonSicနဲ့ YoonHyun ficလေးတွေရေးထားပါတယ် YoonSic, YoonHyun shipperလေးတွေ ဖတ်ပြီး ဝေဖန်ကြပါအုံးနော်🙆*