I Can See Your Love Through Your Eyes (The Final Part)

2K 133 45
                                    

Taeyong's POV

သူကျနော့်ကို မုန်း သွားခဲ့ပြီလား?
သူ တဲ့?
စိတ်ထဲကတမ်းတတာတောင် သူငြိုငြင်မှာစိုးလို့အမည်နာမ တပ်မခေါ်ဘဲ "သူ" ဆိုတဲ့နာမ်စားလေးကိုသာနှစ်ကာလကြာရှည်စွာနဲ့သုံးနေခဲ့တယ်ဆိုတာ သူ သိနိုင်မှာမဟုတ်ပေမယ့် သူကျနော့်ကြောင့်စိတ်ရှုပ်မနေရဘူးလေ....

(မင်းငါ့ရှေ့ဘယ်တော့မှပေါ်မလာပါစေနဲ့....)

လွန်ခဲ့သောအပတ်လောက်ကတည်းကပြောခဲ့တဲ့စကားကကျနော့်ရဲ့နှလုံးသားကိုပိုနက်အောင်တူးဆွနေဆဲပါလား?

အမိန့်မဟူတ်ပေမယ့် သူ့ စကားတိုင်းနာခံသူဖြစ်ချင်နေတဲ့ကျနော်ကတော့ သူ့ မြင်ကွင်းထဲကျနော်ထပ်မရောက်စေရဘူးလို့ ကိုယ့်ကိုယ်ကိုကတိပေးမိနေတုန်းပဲ..

အစိမ်းရောင်ဖန်နဲ့လုပ်ထားတဲ့ဆိုဂျူပုလင်းကိုကျနော်နှစ်ခြိုက်စွာမော့သောက်မိလေရဲ့။

မင်းမသိဘူးမဟုတ်လား!!! Jaehyun ရာ
မင်းဒီစကားတစ်ခွန်းပြောလိုက်ရုံနဲ့ငါ့ကိုသတ်လိုက်နိုင်တယ်ဆိုတာမင်းမသိခဲ့ဘူးမလား?

ကျနော်ချစ်ရတဲ့သူကိုကျနော်ကယ်ရမလား?
ကျနော့်ကိုချစ်နေတဲ့သူကိုကယ်ရမလား?
ဇဝေဇဝါဖြစ်နေတဲ့ကျနော့်အတွေးထဲမှာ သူ ဆက်ပါမနေသင့်တော့ဘူးလေ!!
ကျနော်ဒီလိုခံစားရမယ်ဆိုတာသိလျက်နဲ့ကျနော်ဘာ့ကြောင့်ဒီလိုရွေးခဲ့သလဲဆိုတော့...
ကျနော်လောဘကြီးခဲ့မိလို့ပါ...
ကျနော် ၂ ယောက်လုံးကိုကယ်ချင်ခဲ့တယ်လေ!!!

<<ငါ့ရွေးချယ်မှု ငါ့ဆုံးဖြတ်ချက် ငါ့နာကျင်မှု တွေအဖတ်တင်အောင် ၂ ယောက်လုံးကောင်းကောင်းမွန်မွန်အသက်ရှင်ပေးကြပါ.....
Jaehyun ah   Ten ah>>

ကျနော့်လိုအချစ်ကြီးလွန်းတဲ့လူပိန်းတစ်ယောက်မှာ နှလုံးသားဆိုတာရှိမလာသင့်ဘူး! ဒဏ်ရာတွေနဲ့ခုန်နေရတဲ့နှလုံးသားကိုကျနော်သနားလို့ပါ။ ဘုရားသခင်ကသိပ်ရက်စက်လွန်းတယ်။ ကျနော့်ကိုအချစ်ဆိုတဲ့အရာနဲ့ဘာ့ကြောင့်များဒဏ်ခတ်ခဲ့ရတာလဲ? ကျနော့်ကံကြမ္မာကိုပြောင်းလဲပေးမယ့် အချစ် ဆိုတဲ့အရာနဲ့မှဒဏ်ခတ်ခဲ့တော့ကျနော်ရှင်သန်ဖို့ခက်ခဲလွန်းတာပေါ့.....

I Can See Your Love Through Your Eyes Where stories live. Discover now