"ဟာ..Se Hun! မင်း ဘာလို့ငါ့အိမ်ရောက်နေတာလဲ"
"ဟဲ့...ဘယ်လိုမေးလိုက်တာလဲ...အန်တီနဲ့ Se Hun ကို အားနာစရာ...လာ...ဒီမှာလာ ထိုင်.."
"မထိုင်ပါဘူး..သား ဗိုက်ဆာလာတယ် omma..
ထမင်း ၀င်စားလိုက်ဦးမယ်...""ထမင်း မချက်ရသေးဘူး ဟဲ့...Hun တို့သားအမိရောက်နေတာနဲ့ပဲ စကားကောင်းနေကြလို့"
"တွေ့လား...မင်းလာလို့ ငါ ထမင်း မစားရတာ.."
ဆိုဖာပေါ်မှာ ကျကျနန ထိုင်နေတဲ့ ဒင်းကို လှမ်းရန်တွေ့လိုက်တော့
"ဟဲ့. .Lu Han . .ဘယ်လို တွေ ဖြစ်နေတာတုန်း...အန်တီ့ကိုအားနာစရာ.."
ဖြန်း...
"အား..omma နာ တယ် ဗျ..."
Lu Han
Baek Hyun ဆီက ပြန်လာတော့ အိမ်မှာ
Se Hun တို့သားအမိရောက်နေသည်လေ..ဘယ်နှယ့် ဒီအချေကောင်ကို ကိုယ့်အိမ်မှာ တွေ့ရတော့ အမြင်ကပ်တာပေါ့..
ကြည့်ဦးလေ...သူတို့သားအမိရောက်နေလို့ ommaက စကား ထိုင်ပြောနေရလို့
ထမင်း မချက်နိုင်ဘူး...အဲ့တော့ အခု ဗိုက်ဆာတော့ အိမ်မှာက ဘားမှစားစရာမရှိဘူး...ဒီအချေဟာ အိမ်တိုင်ရာရောက်ကို ဒုက္ခလိုက်ပေးတာ...
သူ့အမေကိုတော့ အားနာပါသည်လေ...
ဒါပေမယ့် ဗိုက်ကလဲ ဆာ..စားဖို့ ထမင်းကလဲ မရှိတဲ့အချိန်မှာ မြင်ပြင်းကပ်လွန်းတဲ့ ဒီအချေကောင် အတွက်စကားလုံးလှ
ှလှ လေးက ဘယ်လိုမှကိုထွက်မလာ..
အဲ့တော့ကာ ကိုယ်ပဲ ommaဆီက အရိုက်ခံရပြီလေ.."နာ တတ်ရင် ဘာမှ ဆက်မပြောပဲနဲ့ ဒီမှာလာ ၀င်ထိုင်.."
"ဟာ..omma ကလဲ...သား ဗိုက်ဆာပါတယ် ဆိုမှ.."
"ဒီလိုလုပ်ပါလား..သား ဗိုက်ဆာရင် hunnie နဲ့တစ်ခုခုသွားစားလေ..အန်တီ မုန့်ဖိုးပေးလိုက်မယ်..."
omma ကို ဗိုက်ဆာတယ်လို့ နားပူနားဆာ လုပ်နေလို့လား ဘာလားတော့မသိ သူ့အမေက
စကားဆိုလာသည်..
သူ့အမေ ဆီက လောကွတ် ပြုသံနောက်မှာ"ဟာ...Seon Mi ကလဲ အားနာစရာကွာ..."
ဆိုတဲ့ ommaရဲ့ အားနာ စကားနဲ့ထပ်တူပဲ
"မသွားပါဘူး!!!!!!"
ဆိုတဲ့ ငြင်းဆိုသံကြီးက Oh Se Hun ရော
Xiao Lu Han ဆီကပါ ထွက်လာသည်..
YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ