Girl....Don't Lie (Part-14)

931 80 20
                                    

Taeyeon ပုံဆွဲတာ​ ရပ်​ပြီး ​ကျောက်​​ဆောင်​​တွေ ဘက်​ကို သွားလိုက်​သည်​။ ပြီး​တော့ ခရုခွံ​လေး​တွေ ​ကောက်​ပြီး ကြိုးနဲ့ သီပြီး တစ်​ခုခုကို ​တွေးမိပြီး ပြုံး​နေသည်​။ Sooyoungက​တော့ အုန်း​ရေ​သောက်​ပြီး Vivianနဲ့ စကား​ပြော​နေတုံး ကမ်းစပ်​မှာ (ဘဲငန်း​လှေ​လေး​တွေ သိတယ်​မလား 😁😁 ​ခြေ​ထောက်​နဲ့ နင်းရတာ​လေ😁😁) ​လှေစီး​နေတဲ့ Sunnyကို ​တွေ့​တော့ Vivianကို စကားဖြတ်​ပြီး Sunnyဆီကို ​လျှောက်​သွားသည်​။ ပြီး​တော့ တဖက်​က လွတ်​​နေတဲ့ ​နေရာမှာ ထိုင်​လိုက်​​တော့ Sunnyက သူ့ကို ကြည့်​​နေသည်​။
"Wae.... မင်းတ​ယောက်​တည်း နင်းလို့မှမရတာ ငါလည်း ကူနင်း​ပေးမယ်​​လေ.....ပြီး​တော့ ဒီနယ်​​မြေကို ငါက ကျွမ်းတယ်​ မင်းကို အရမ်းလှတဲ့ ​နေရာ​တွေကို လိုက်​ပြ​ပေးမယ်​....."
Sunnyလည်း Sooyoungကို ဘာမှမ​ပြောဘဲ ​လှေကိုသာ ဆက်​နင်း​နေသည်​။ Yuriနဲ့ Fany စက်​ဘီးစီးပြီး​နောက်​ Yuriက စက်​ဘီးကို ယူလာတဲ့ ​နေရာကိုသွားပြီး ပြန်​ထား​နေသည်​။ Fanyက​တော့ ကမ်း​ခြေဘက်​ လမ်း​လျှောက်​ရင်း ​ကျောက်​​ဆောင်​တခု​ပေါ်မှာ ထိုင်​​နေတဲ့ Taeyeonကို ​တွေ့​တော့.... "Tae Tae"လို့ ​ခေါ်ပြီး Taeyeon​ဘေးနား ၀င်​ထိုင်​လိုက်​သည်​။
"Tae Tae ဘာလုပ်​​နေတာလည်း.. ...."
"ခရုခွံ​လေး​တွေ ​ကောက်​ပြီး အခု ​ရေလှိုင်းသံ​လေး​တွေကို နား​ထောင်​​နေတာ..... Fany နား​ထောင်​ကြည့်​ပါ့လား အရမ်း သာယာတယ်​......"
"Omm ဟုတ်​တယ်​​နော်​ သာယာလိုက်​တာ...."
Fanyနဲ့ Taeyeonတို့ ​ရေလှိုင်း​တွေကို ထိုင်​ကြည့်​ရင်း ​ပြောစရာစကား​တွေ ​ပျောက်​​နေကြတယ်​.....Yuriတ​ယောက်​ စက်​ဘီး ထားပြီး Fanyဆီ ပြန်​အလာ....
"Fany...."
"ဟင်​ Tae Tae....."
Taeyeon သူ့လက်​ထဲက ခရု​လက်​​ကောက်​​လေးကို ပြပြီး
"ဒါ​လေး..... Fanyအတွက်​....."
"Woo ခရုခွံ​လေးနဲ့ လုပ်​ထားတဲ့ လက်​​ကောက်​​လေးဘဲ😍😍😍"
"Omm ဟုတ်​တယ်​​...."
"Tae Tae ကိုယ်​တိုင်​လုပ်​ထားတာလား...."
"Omm ခုန ခရုခွံ​လေး​တွေ​ကောက်​​နေတာဆိုတာ​လေ အစက ဆွဲကြိုးလုပ်​မလို့....ဒါ​ပေမယ့် ဆွဲကြိုးထက်​ လက်​​ကောက်​​လေးက ပို လှမယ်​ထင်​လို့....."
"Gomawo Tae Tae...."
Taeyeon သူကိုယ်​တိုင်​ လုပ်​​ထားတဲ့ လက်​​ကောက်​​လေးကို Fanyရဲ့ လက်​မှာ ၀တ်​​ပေးလိုက်​သည်​။ ထိုမြင်​ကွင်းကို အစအဆုံး ရပ်​ကြည့်​​နေသူက Yuri.......Fanyနဲ့ ပြုံးရယ်​ပြီး စကား​ပြော​နေတဲ့ Taeyeonကို ကြည့်​ပြီး
"Taeyeon..... မင်းလည်း Tiffanyကို ကြိုက်​​နေတာ မဟုတ်လား...... Tiffanyနဲ့ဆိုရင်​ မင်းက အမြဲ အ​တောက်ပဆုံးေ​သာ အပြုံး​တွေနဲ့ ပြုံး​နေတာ.....💭💭"
Taenyတို့ကို ​ငေးကြည့်​ရင်း "​ဘေးကို ​ဘေးကို"ဆိုတဲ့ Yoonaရဲ့ အသံ​ကြောင့်​ လှမ်းကြည့်​​တော့ Sicaကိုတင်​ပြီး ​လေးဘီးဆိုင်​ကယ်​​မောင်းလာတာကို ​တွေ့ပြီး Yuriတ​ယောက်​ ​ရှောင်​လိုက်​သည်​။ Yuriနဲ့ နည်းနည်းကွာ​ဝေးတဲ့ ​နေရာမှာ Yoona ဆိုင်​ကယ်​ ရပ်​လိုက်​ပြီး Sicaနဲ့ အတူ ဆိုင်​ကယ်​​ပေါ်က ဆင်းလာသည်​။
" ဆိုင်​ကယ်​စီးရတာ အရမ်း ​ပျော်​ဖို့​ကောင်းတယ်​​နော်​ Yoongie.. ..."
က​လေး​လေးလို အရမ်း​ပျော်​​နေတဲ့ Sicaရဲ့ ​ခေါင်း​လေးကို ပွတ်​ပြီး
"​ပျော်​တယ်​​ပေါ့...."
"Omm အရမ်း​ပျော်​တယ်​.. ...."
"Hyung....Yuri.... ငါတို့ အရင်​ကလို ဆိုင်​ကယ်​ပြိုင်​ရ​အောင်​ Taeyeon နဲ့ Sooyoung​ရော....."
"Sooyoung​တော့ မသိဘူး Taeyeonက​တော့ ဟိုဘက်​မှာ ထိုင်​​နေတယ်​....."
Yoonaလည်း Yuri လက်​ညိုးထိုးပြရာကို ကြည့်​​တော့ Fanyနဲ့ စကား​ပြော​နေတဲ့ Taeyeonကို ​တွေ့ပြီး
"​ မင်းနဲ့ ငါနဲ့ဘဲ ပြိုင်​ရ​အောင်​ yuri....."
"Wae....."
"ဟို​ကောင်​က ကြည်​နူး​နေတာ​လေ သူကြည်​နူး​နေတာကို မဖျက်​ချင်​ဘူး ဝဋ်​လည်​မှာဆိုးလို့....."
"Apk....."
ဒီလိုနဲ့ Yoonaနဲ့ Yuriက ဆိုင်​ကယ်​​ပေါ်မှာ Sicaက သူတို့​ရှေ့မှာ ​ကျော​ပေးရပ်​ရင်း အလံအပြာကို ကိုင်​ထားသည်​။ Yuriတ​ယောက်​ Sicaရဲ့ Back viewကို ကြည့်​ပြီး တံ​တွေး မျိုချလိုက်​သည်​။ Yuriရဲ့ တံ​တွေး မျိုချသံကို Yoonaကြားပြီး
"Hyung😒😒😒😒"
"ငါ ​ရေဆာလို့ပါကွာ...."
"😒😒😒"
Sicaလည်း အလံအပြာကို ​မြှောက်​လိုက်​​ရော Yuriနဲ့ Yoonaတို့ အသားကုန်​ ​မောင်းကြသည်​။
Sunnyတ​ယောက်​ ​လှေကို နင်း​နေရင်း
"ဟူး..... ငါ့ဘာသာငါ တ​ယောက်​တည်း နင်းတာမှ ​တော်​​သေးတယ်​....ခု​တော့ လူနှစ်​​ယောက်​ရှိပြီး ငါကဘဲ နင်း​နေရတာ ​မောလို့​သေ​တော့မယ်​....."
Sooyoungက​တော့ သူ့အိတ်​ထဲက ချို ချဉ်​​လေးကို ​ဖောက်​ပြီး စား​နေသည်​။
"Sunny..... စားအုံးမလား...."
"​တော်​ပါ....."
"Sunny......"
"Omm......"
"Sunny......."
"Wae......"
"Sunny.. ....."
"ဒီမှာ Choi Sooyoung shiii ..ရှင်​ ​ခေါ်ချင်​တိုင်း ​ခေါ်​နေရ​​အောင်​ ကျွန်​မရဲ့ နာမည်​က အလကားမရဘူး​နော်​....."
Sooyoungကို ကြည့်​ပြီး နှုတ်​ခမ်း​လေး​ထော်​​ပြီး ​ပြော​နေတဲ့ Sunnyကို ကြည့်​ပြီး Sooyoungတ​ယောက်​ ဒုတိယအကြိမ်​ Sunnyရဲ့ နှုတ်​ခမ်း​လေးကို နမ်းလိုက်​သည်​။ Sunnyက Sooyoungကို တွန်းလွှတ်​​တော့
"ဒါ ​ရေ​ပေါ်မှာ​နော်​ Sunny.... ငြိမ်​ငြိမ်​​နေ အခန့်​မသင့်​ရင်​ မင်း​ရော ငါ​ရော ပြုတ်​ကျလိမ့်​မယ်​...."
"ဒါဆို ရှင်​ ကျွန်​မကို မနမ်းနဲ့​လေ....."
"မင်းက ချစ်​ဖို့​ကောင်း​နေလို့ပါ...."
"ချစ်​ဖို့​ကောင်းတယ်​ဆိုတိုင်း ရှင်​က နမ်းမလို့လား...."
"အဲ့လိုမဟုတ်​ပါဘူး မင်းကို ပထမဆုံး နမ်းတာပါ မင်း သိလား ကိုယ်​အရင်​က ဘယ်​မိန်းက​လေးမှ စိတ်​မ၀င်​စားခဲ့ဘူး အခု​တော့ မိန်းက​လေးတ​ယောက်​ကို ကိုယ်​ချစ်​မိ​နေပြီထင်​တယ်​....."
"အဲ့တာ ဘာလို့ ကျွန်​မကို လာ​ပြော​နေတာလည်း ရှင်​ချစ်​တဲ့ မိန်းက​လေးကို သွား​ပြော​ပေါ့...."
"ကိုယ်​ ချစ်​တဲ့ မိန်းက​လေးကို အခု​ပြော​နေတာ​လေ...."
"ဟင်​....ရှင်​က ကျွန်​မကို ရည်းစားစကား ​ပြော​နေတာလား....."
"မဟုတ်​ပါဘူး မင်းကို ချစ်​​ကြောင်း​ပြောပြ​နေတာပါ....."
"......"
"Sunny...... မင်းကို ကိုယ်​ချစ်​တယ်​...... မင်း​ရော ကိုယ့်​ကို ချစ်​လားဟင်​......"
"......"
"Sunny....အ​ဖြေပြန်​​ပေးပါကွာ....."
"....."
"Ok.... အ​ဖြေပြန်​မ​ပေးရင်​ ကိုယ်​ ​လှေ​ပေါ်က​နေ ခုန်​ချမှာ😌"
Sooyoung ​လှေ​ပေါ်က​နေ ခုန်​ချမယ်ဟန်​ လုပ်​​တော့
"​နေပါအုံး ရှင်​ကလည်း မိန်းက​လေးပီပီ ခဏ​လောက်​ မူပါရ​စေအုံး....'
"မူပြီးပြီ မဟုတ်​လား အ​ဖြေ ပြန်​​ပေး​တော့​လေ......"
"​လောလိုက်​တာ......"
"မချစ်​ဘူး မဟုတ်​လား Sunnyကိုယ့်​ကို မချစ်​လို့
အ​ဖြေမ​ပေးဘဲ အချိန်​ဆွဲ​နေတာ မဟုတ်​လား
Sunnyလည်း Sooyoungရဲ့ ပါး​လေးကို ဆွဲလိမ်​လိုက်​ပြီး
"ချစ်​ပါတယ်​ Choi Sooyoungရဲ့......"
"တကယ်​​ပြောတာလား😳😳😳"
"တကယ်​​ပေါ့ ကျွန်​မက မလိမ်​တတ်​ပါဘူး...."
"​ပျော်​လိုက်​တာကွာ အရမ်း​ပျော်​တာဘဲ....
Sooyoungနဲ့ Sunnyတို့နှစ်​​ယောက်​ ကြည်​​နူး​နေချိန်​ Taeyeonနဲ့ Fanyက​တော့ ပင်​လယ်​ကြီးကို ကြည့်​​နေကြသည်​။
"Fany......Fanyက Yulကို ​တော်​​တော်​ခင်​တယ်​​နော်​.. ..."
"Ommm ဟုတ်​တယ်​ အစက​တော့ မခင်​ပါဘူး...ဒါ​ပေမယ့်​ ကျွန်​မ တစ်​ခုခုဖြစ်​ရင်​ သူက အမြဲ ကာကွယ်​​ပေးတယ်​....အဲ့အတွက်​ အရမ်းလည်း အားနာတယ်​ ..... ဘာဘဲဖြစ်​ဖြစ်​ အစက​တော့ ကျွန်​မ သူ့ကို သိပ်​မခင်​ဘူး ​နောက်​ပိုင်း စကား​ပြောရင်း သူက ခင်​ဖို့​ကောင်းတယ်​ဆိုတာ သိရတယ်​...သူကအမြဲ ​ပျော်​​ပျော်​​နေတတ်​တယ်​​နော်​....."
"Omm ဟုတ်​တယ်​ သူက ​ပျော်​​ပျော်​​နေတတ်​တယ်​......"
"ပင်​လယ်​​ကြီးကို ကြည့်​ရင်း ​ရေကူးချင်​ စိတ်​ပေါက်​လာပြီ.... Tae Tae ​ရေကူးရ​အောင်​​လေ....."
"ကျွန်​​တော်​ ​ရေမကူးတတ်​ဘူး....."
"ဟင်​ သင်​မထားဘူးလား...."
"သင်​ထားပါတယ်​ ဒါ​ပေမယ့် ငယ်​ငယ်​​လေးကတည်းက ​ရေကို ​ကြောက်​ခဲ့တာ...."
"ဘာလို့လည်း......"
"Taeအရမ်းချစ်ရတဲ့ Aunty​​က ​ရေကူး​နေရင်း ကြွက်​တက်​ပြီး ​ရေထဲမှာ နစ်​ပီး ​သေခဲ့တာ​လေ.... Taeက သူ​ရေနစ်​​နေတာမသိဘူး စ​နေတယ်​ဘဲ ထင်​ပြီး ရယ်​ပြီး ကြည့်​ခဲ့တာ ​နောက်​မှ သိတာ.....ဒါ​ပေမယ့် အချိန်​မမှီခဲ့ပါဘူး ဆုံးသွားတယ်​.....😔😔 "
"အို....Sorry Tae😔😔 Tae Taeမှာ နာကျင်​စရာ အတိတ်​​တွေရှိခဲ့တာဘဲ....."
Taeလည်း ကျလာတဲ့ သူ့မျက်​ရည်​​တွေကို သုတ်​လိုက်​ပြီး
"ရပါတယ်​ Fany....."
Fanyလည်း Taeyeonရဲ့ မျက်​ရည်​​တွေကို သုတ်​​ပေး​နေတယ်​....
YoonYulတို့ ဆိုင်​ကယ်​ပြိုင်​ပြီး ပြန်​လာ​တော့....
"Yoongie....Sicaတို့ ​ကြက်​​တောင်​ရိုက်​ရ​အောင်​......."
"ဟုတ်​ပါပီ ရိုက်​ကြမယ်​ Sica.....Yulမင်း​ရောပါရမယ်​​နော်​....."
"ငါတို့လည်း ပါမယ်​​ဟေ့😎"
YoonSic,Yulတို့ လှမ်းကြည့်​လိုက်​​တော့ လက်​ချင်းတွဲပီး ​လျှောက်​လာတဲ့ SooSunတို့ကို ​တွေ့​တော့
"ဒါက ဘယ်​လိုဖြစ်​လာတာလည်း...."
"မင်းတို့ မြင်​တဲ့အတိုင်းဘဲ​လေ Yul....."
"Sunny....နင်​တို့ ချစ်​သူ​တွေဖြစ်​သွားကြပြီလား...."
"Omm ဟုတ်​တယ်​ Sica ငါတို့ ချစ်​သူ​တွေဖြစ်​သွားကြပြီ☺"
"Woo congratulation guys......"
"​ဆော့မယ်​ဆို....Sica...."
"Omm ​ဆော့မယ်​​လေ...လူနည်း​နေ​သေးတယ်​ Vivianတို့ကို သွား​ခေါ်လိုက်​အုံး"
"Yul မင်းညီမကို သွား​ခေါ်ရင်း Taeyeonနဲ့ Fanyပါ ​ခေါ်ခဲ့​နော်​...."
"Ok Yoong...."
Yuriလည်း ​အုန်း​ရေ​သောက်​ပြီး ​နေပူဆာလှုံ​နေတဲ့ သူ့ညီမဆီ လာပြီး
"Vivian....လာ Gameကစားကြမယ်​...."
"ဟာ မကစားချင်​ပါဘူး ပျင်းတယ်​....."
"Vivian......"
"Ok ok oppa😒😒😒"
Vivian ကို ​ခေါ်ပီး Taeyeonဆီကို သွား​တော့
Fanyက Taeyeonကို မျက်​ရည်​သုတ်​​ပေး​နေတဲ့ မြင်​ကွင်းကို မြင်​ပြီး Vivianတ​ယောက်​ သူ့အကိုကို ကြည့်​​ပြီး
"Oppa....အဆင်​​ပြေရဲ့လား.. ..."
Yuriတ​ယောက်​ သူ့မျက်​နှာကို ပွတ်​ပြီး
"အဆင်​​ပြေပါတယ်​........ Taeyeon, Tiffanyလာကြ​ဟေ့ ငါတို့ Gameကစားကြမလို့...."
Yuriရဲ့ ​အော်​သံ​ကြောင့်​ Taeနဲ့ Fanyတို့လည်း ​ကျောက်​​ဆောင်​​ပေါ်က​နေ ထလာကြပြီး ​ပြေးလာကြသည်​။ ကြက်​​တောင်​ ရိုက်​ကြ​တော့ YoonSic,Yul,Vivianက တစ်​ဖက်​ Taeny,Sooyoungက တစ်​ဖက်​ အသင်းခွဲပြီး ကစားကြသည်​။ Taenyနဲ့ Yulတို့ ​မောင်​နှမ အလှည့်​​ရောက်​​တော့ ကြက်​​တောင်​ရိုက်​ကြရင်း Fanyရိုက်​လိုက်​တဲ့ ကြက်​​တောင်​က Yulရဲ့ နဖူးကို မှန်​သွား​တော့
"အား....."
Fanyလည်း Yulရဲ့ ​အော်​သံ​ကြောင့်​ ဘက်​တံကို ချပြီး Yulဆီ ​ပြေးသွားကာ
"နာသွားတာလား Yul sorry​နော်​ ကျွန်​မ တကယ်​မရည်​ရွယ်​ပါဘူး...."
"ရပါတယ်​.... ဘာမှမဖြစ်​ပါဘူး..."
ဒီလိုနဲ့ Game​တွေ ကစားရင်း ညကို ​ရောက်​​တော့ မီးပုံ​ပွဲ လုပ်​ကြသည်​။ မီးပုံ​ဘေးနား ၀ိုင်းထိုင်​ကြပြီး သီချင်းဆိုကြတယ်​.....ပြီး​နောက်​ Yoonaတ​ယောက်​ Sicaကို ကြည့်​ပြီး
"Gomawo Sica.... အခုလို ကိုယ်​နဲ့အတူ ရှိ​ပေးလို့ ကိုယ့်​​မွေး​နေ့ကို အတူဖြတ်​သန်း​ပေးလို့....."
"ငါလည်း Yoongieကို ​ကျေးဇူးတင်​တယ်​ ငါ့ကို ချစ်​​​ပေးလို့....ငါ့ကို အမြဲအလိုလိုက်​​ပေး​လို့😘😘"
Yoonaကို ​ကျေးဇူးတင်​စကား​ပြောပြီး သူ့​ဘေးနားထိုင်​​နေတဲ့ Sunnyဘက်​ကို လှည့်​ပြီး
"Gomawo Sunny.....ငါ ​ကျောင်းကို စ​ရောက်​ခါစကတည်းက ခုထိ ငါ့​ဘေးနားမှာ အ​ကောင်းဆုံး သူငယ်​ချင်းအဖြစ်​ ရှိ​ပေးလို့....."
Sunnyလည်း Sicaကို ​ကျေးဇူးတင်​စကား​ပြန်​​ပြောပြီး သူ့​ဘေးနားထိုင်​​နေတဲ့ Sooyoungကို.....
"Gomawo Sooyoung မုန့်​အပြင်​ ငါ့ကိုပါ စိတ်​၀င်​စား​ပေးလို့....."
Sunnyရဲ့ စကား​ကြောင့်​ အားလုံး ထရယ်​ကြတယ်​.....Sooyoungလည်း
"Gomawo Sunny.... အစားပုပ်​တဲ့ ကိုယ့်​ဘ၀ထဲကို ၀င်​လာ​ပေးလို့...."
"မင်းတို့ နှစ်​​ယောက်​ ​ကျေးဇူးတင်​တာကလည်း အ​အေး​တောင်​ သီး​တော့မယ်​ ခွီး😂😂"
Yuriကို Sooyoung​ပြောင်​ပြပြီး Fanyကို ကြည့်​ပြီး
"အခုလို ကျွန်​​တော်​တို့နဲ့ အတူ လိုက်​လာ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​....Fany"
"ကျွန်​မကိုလည်း အတူလိုက်​ဖို့ ​ခေါ်​ပေးလို့ ​ကျေးဇူးပါ.. ..."
Sooyoungကို ​ကျေးဇူးတင်​စကား​ပြောပြီး Yuriကို
"Gomawo Yul..... ကျွန်​မကို အမြဲ ကာကွယ်​​ပေးခဲ့လို့"
"ကျွန်​​တော်​ကို အားကိုး ခင်​မင်​​ပေးလို့ ပြန်​ပြီး ​ကျေးဇူးတင်​ပါတယ်​ "
Taeyeonဘက်​ကို Yuriလှည့်​လိုက်​​ပြီး
"ငါတို့ နှစ်​​ယောက်​ကြားမှာ ​ကျေးဇူးတင်​ပါတယ်​ ​ပြောဖို့မှ မလိုတာ ငါတို့က...."
"ဒါ​ပေါ့ အချစ်​ဆုံး သူငယ်​ချင်း​တွေဘဲ မင်းသိပါတယ်​ Yuri...ငါလည်း သိတာဘဲ.....ငါတို့က တ​ယောက်​ကို တ​ယောက်​ ဘယ်​​တော့မှ စိတ်​ညစ်​​အောင်​ လုပ်​ကြမယ့်​သူ​တွေမှ မဟုတ်​တာ အမြဲ တ​ယောက်​နဲ့ တ​ယောက်​ နားလည်​​ပေး အ​လျော့​ပေး ကူညီ ကာကွယ်​​ပေးကြတဲ့ သူ​တွေ​လေ သူငယ်​ချင်း ထက်​ကိုပိုပါတယ်​....."
Taeyeon ​ပြောတဲ့ စကားကို ကျန်​တဲ့သူ​တွေက ရိုးရိုး​ပြောတယ်​ ထင်​​ပေမယ့်​... Yuriက​တော့ Taeyeon​ပြောတဲ့ အဓိပ္ပါယ်​ကို နားလည်​လိုက်​ပြီ​လေ.....

Girl....Don't LieDonde viven las historias. Descúbrelo ahora