ပါးလျသော ပန်းနုသွေးနှုတ်ခမ်းကို …
အနှုတ်အသိမ်း ကျွမ်းကျင်စွာဖြင့် မြင်သူ၏ဘဝင်ကို သိမ်းပိုက်နိုင်စွမ်းသော…ညှို့သော…ငင်သော…ကြင်နာဖွယ်အတိ
ဖြစ်သော…မျက်ဝန်းအစုံဖြင့်…လူကို
ရဲရဲဝံ့ဝံ့ ရွှန်းရွှန်းစားစား ကြည့်တတ်ပါသော…စသလို နောက်သလိုဖြင့်…နှလုံးသားအား…
အလေးမထားသလို…ကစားသွားပါသော…သူ…
သူ…အခု…ကျွန်တော့်ဘေးတွင် သူရပ်နေသည်
ရှုပ်ထွေးနောက်ကျိနေသော စိတ်တို့…
အနည်းငယ် လျော့ပါးသွားသလိုပင်…
မြို့၏ ငြိမ်သက်မှု…ည၏ အေးချမ်းမှုတို့နှင့်အတူ
ရောနှောပါလာသော လေအေးကြောင့်ထင်…
အခုနက ရင်ထဲကျပ်သိပ်နေသော အစိုင်အခဲ
ကြီးကို ခဏမေ့ဖျောက်ထားနိုင်သွားပြီး…
မွန်းကျပ်နေသော စိတ်တို့ သက်သာရာရလာ
သည်…"ဘယ်လို ဖြစ်လို့လဲ"
ကျွန်တော့်နောက်ကျောဆီသို့ လက်ဖဝါး
တစ်ဖက် ညင်သာစွာ ကျရောက်လာသည်…
ခါတိုင်းလိုပင် ရင်းနှီးစွာ…ယဉ်ပါးစွာ…အနက်ရောင်အနောက်တိုင်းဝတ်စုံ…
အညိုရင့်ရင့်ဆံပင်များကို ကကြီးပုံနှဖူးပေါ်
အောင် ဘေးခွဲသပ်သိမ်းထားသော သူက…
ခါတိုင်းလိုပင် ယောက်ျားဆန်ပြီး နှစ်လိုဖွယ်
ကောင်းနေသည်…တစ်ချိန်တည်းမှာပင် သိပ်လှနေဆဲ…
သူ တကယ်ကို မသိလို့မေးနေတာတော့
မဟုတ်လောက်ပါဘူးလေ"ခေါင်းထဲ ငြီးစီစီဖြစ်လာတာနဲ့"
ကျွန်တော် ကျ မနေသော ဆံပင်များကို
သပ်တင်လျက် ပါးစပ်ထဲတွင် ပေါ်လာသော
အကြောင်းပြချက်တစ်ခုကို ပေးမိသည်…သူ့ကိုတော့ မကြည့်မိ…ပြုံးလည်း မပြမိ…
ကျွန်တော် ကင်မရာကွယ်ရာမှာ သရုပ်ဆောင်
မကောင်းတာ သူ နားလည်ပေးတန်ကောင်းပါရဲ့မီးအိမ်လေးများ တန်းစီထွန်းထားသလို
ပျပျလင်းနေသော ဟိုးအဝေးအဆောက်အဦမှ
ှ ပြတင်းပေါက်များဆီ ကျွန်တော် ငေးကြည့်နေလိုက်သည်…