Yi En... Don't Leave me
Review....
JY-ကျေးဇူးတင်ပါတယ် သခင်ကြီးရယ် ကျေးဇူးတင်ပါတယ် ဒါပေမယ့်လေ ကျွန်တော်ပြောရမှာတော့ အားနာမိတယ်ဗျာ
သခင်ကြီး-ပြောပါခင်ဗျာ ရပါတယ်
JY-ဟိုလေ ဟို......
Fic start
Part 5
JY-ဟိုလေ...ဟို ...Tzuyuကိုလေ ကျွန်တော် ပြန်ခေါ်သွားချင်လို့ပါ
သခင်ကြီး Chouတစ်ယောက် ဘာစကားမှမပြောနိုင်တော့ပဲ ခေတ္တမျှဆွံ့အသွားသည်
JY-ကျွန်....ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် မပြောသင့်တာတွေပြောမိပြီ
သခင်ကြီး- ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ ကျွန်တော်ကြိုတွက်ထားပြီးသားပါ... ဒီ၁၀နှစ်လုံးလုံး ကျွန်တော့်ဘေးနားကနေ သမီးလေး ထွက်သွားမှာကိုကြောက်ကြောက်လန့်လန့်နဲ့စောင့်နေခဲ့မိတာ ဒီနေ့ 😭😭😭ဒီနေ့ တကယ်ကို ....တကယ်ကို😭😭😭
JY-သခင်ကြီး....ကျွန်တော် တောင်းပန်ပါတယ် ဒီလိုမျိုး မပြောသင့်တာကို ကျွန်တော် ပြောမိသွားတယ် Tzuyကို သခင်ကြီး ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျာ
သခင်ကြီး-ရပါတယ် မင်းသားလေး သူလည်းမိသားစုကို ပြန်တွေ့ရမယ်လေ ၁၀နှစ်လုံးလုံးကွဲကွာနေတဲ့ အစ်ကိုမဟုတ်လား ကျွန်တော်မျိုး မကန့်ကွက်ပါဘူး သမီးလေးရဲ့ ဆန္ဒကို ကျွန်တော်မျိုးမေးပေးပါ့မယ်
JY- ကိုယ်ရံတော် Tuan.. အထဲကိုခဏလာခဲ့ပါဦး
Mark ဝင်လာတော့
JY-Tzuyကို သွားခေါ်ပေးလို့ရမလား?
Mark- ရပါတယ် ဒါ...ဒါပေမယ့် သူ့ဆီကိုက ယောက်ျားလေးသွားလို့အဆင်မပြေဘူးဆို???
သခင်ကြီး-ရပါတယ် ကျွန်တော်ခွင့်ပြုပါတယ် ကိုယ်ရံတော်Tuan
Mark-ဟင်!!!! သခင်ကြီးက ကျွန်တော့်ကို ဘယ်လိုလုပ်ပြီးသိတာလဲ??
YOU ARE READING
Yi En... Don't Leave Me
Fanfictionထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....