ကယ်လီဖိုးနီးယား ရဲ့ညအမှောင်အောက်မှာ လမ်းအချို့ တိတ်ဆိတ်နေလေရဲ့... ။ချောင်ကျတဲ့ လမ်းကြားထဲမှ ခပ်အုပ်အုပ်အသံများမှလွဲ၍။
''နောက်တခါ ငါတို့ကို ကလန်ကဆန်လုပ်ရင် အသေပဲ''
''ဂြိုလ်ဆိုးကောင် လူသတ်သမားသား''
''ထွီ...''
''တော်တော့ Mickey သူသေသွားရင် ငါတို့ ထပ်နှိပ်စက်စရာ လူမရှိဖြစ်နေမယ် hk...''
''မင်းသက်သာသွားတယ်မှတ်''
နောက်ဆုံး တစ်ချက်ခပ်ပြင်းပြင်း ကန်ပီးသူတို့ ထွက်သွားကြသည်။ဟင်းးး Lee Taeyong ဒီတခါတော့ ခံလိုက်ရပြန်ပြီ။
နှုတ်ခမ်းဝမှာ ပေနေတဲ့ သွေးတစ်ချို့ကို ခပ်ပြင်းပြင်းသုတ်လိုက်တော့ စပ်ဖျင်းဖျင်းခံစားချက်။မငိုဘူးလို့ တင်းထားပေမယ့် မျက်ရည်ဥများက ပြိုဆင်းလာသည်။
မေမေ... ကျနော့်အနားမှာ ရှိနေရင်တော့ ကျနော့်ကို အနိုင်ကျင့်တဲ့ကောင်တွေကို ပြန်ဆုံးမပေးလောက်ရဲ့...။
သူ့ရဲ့ အဖိုးတန်သားလေး အရိုက်ခံနေရတာ ကြည့်ပီး မေမေ ငိုနေမလား။မေမေသာ ရှိနေခဲ့ရင် ...။ပေနေတဲ့ ဖုန်တွေ သဲတွေကို ခါထုတ်ပီး ထလိုက်တော့ ခါးတစ်ဝိုက်က နားကျင်မှုက ပြင်းထန်စွာ ။
ဟိုကောင်တွေ ကန်ချက်က မပြင်းပေမယ့် ဝိုင်းကန်တာဆိုတော့ ကျစ်...။နာကျင်မှုကို ဥပေက္ခာ ပြု၍...အမြဲတမ်း မရိုးနိုင်တဲ့ ဆိုဆဲသံတွေနဲ့ ကြိုဆိုနေမယ့် အဖိုးနဲ့ အဖွားရှိရာ အိမ်သို့ ခြေလှမ်းများက ဦးတည်လျှက်...။
''ပြန်လာပီလား ဂြိုလ်ကောင် ငါက မင်းမလာတော့ဘူးလားလို့ ''
''ကျနော်မှာ သွားစရာ မရှိဘူး ဖွားဖွား''
''သိတယ် မင်းလိုကောင်မျိုးကို အလကားပေးမယ်ဆိုရင်တောင် ဘယ်သူမှ မလိုချင်တာ..''
နှုတ်ဆိတ်စွာပင် ခေါင်းငုံနေလိုက်တော့သည် ။
ကျနော့် မျက်နှာကို စေ့စေ့ကြည့်နေသော အဖိုးက