ကိုရီးယားဘာသာစကား ကမ္ဘာအနှံ့မှာ ရေပန်းစားသလို ဂျပန်ဘာသာစကားကိုလည်း စိတ်ဝင်စားသူ များပြားလာပါတယ်။MangaတွေAnimeတွေLive action movieတွေ ကြည့်ပြီး ဂျပန်ဘာသာစကားကို စိတ်ဝင်စားလာသူတွေ များလာပါတယ်။ (ကျွန်မအပါအဝင်ပေါ့) ပြီးတော့ မြန်မာနိုင်ငံကိုလည်း ဂျပန်ကုမ္ပဏီတွေ အများအပြားဝင်ရောက်နေတဲ့အတွက်လည်း ဂျပန်စကားတတ်ထားရင် အကျိုးရှိတာပေါ့နော်။ ဒီတော့ ဂျပန်ဘာသာစကားကို အခြေခံကစပြီး ရှင်းလင်း တင်ပြသွားပါမယ်။ ကျွန်မက ဂျပန်ဘာသာအထူးပြု ယူထားတဲ့ဒုတိယနှစ်ကျောင်းသူပါ။လေ့လာနေတုန်းမို့လို့ အမှားပါခဲ့ရင် ဝင်ထောက်ပြပေးကြပါနော်။ ဒီစာတွေကို ဖတ်ရှုသူ မရှိရင်တောင် အပြင်မှာ စာသင်ခဲ့ရင် အထောက်အကူဖြစ်စေဖို့အတွက်လဲ ပါပါတယ်ရှင့်။
ဂျပန်ဘာသာစကားကို ဂျပန်လို Nihon Go(နီဟွန်းငေါ့)လို့ ခေါ်ပါတယ်။
Nihon Go ကို ရေးသားတဲ့အခါ
1)Roomaji (ရိုးမဂျိ)
2)Hiragana (ဟီရငန)
3)Katakana(ခတခန)
4)Kanji (ခန်းဂျိ)တို့နဲ့ ရေးသားပါတယ်။
Hiragana ကတော့ ဂျပန်တွေရဲ့ မိခင်ဘာသာစာပေပါ။ Katakana ကတော့ တိုင်းခြားဘာသာစာပေပါ။ ပြောရရင် အင်္ဂလိပ်စာလုံးတွေကို မွေးစားယူရေးတဲ့အခါ Katakana ကို သုံးပါတယ်။ ဥပမာ-busတို့ cupတို့ taxiတို့ စတဲ့ အင်္ဂလိပ်စကားလုံးတွေကို Katakana နဲ့ ရေးပါတယ်။ Kanji ကတော့ တရုတ်စာလုံးတွေပါ။ Roomaji ကတော့ အင်္ဂလိပ်အက္ခရာ a,b,c,d တို့ကို ဆိုလိုပါတယ်။ နိုင်ငံခြားသားတွေ ဖတ်တတ်ဖို့ အသုံးပြုတဲ့ ရောမအက္ခရာပါ။
ဒါဆို ဗျည်းတွေ သရတွေကို Roomajiနဲ့ အရင်ချပြပါမယ်။Vowels
a i u e o
အ အိ အု အယ် အို/အော
Combinations of Consonants and Vowels
Seion-ဗျည်းအက္ခရာka ki ku ke ko
က/ခ ကိ/ခိ ကု/ခု ကယ်/ခယ် ကို/ကော
ခို/ခေါsa shi su se so
စ ရှိ စု စယ် စော/စို
YOU ARE READING
Let's Learn Japanese Language
RandomFictionမဟုတ်တဲ့အတွက် စိတ်မပျက်ကြပါနဲ့နော်။ ဂျပန်စာ စိတ်ဝင်စားသူတွေအတွက် Self study သဘောမျိုး လုပ်ပေးသွားမှာပါ။ဂျပန်စာကို အခြေခံကစပြီး သေချာရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ Animeတွေ Jpop သီချင်းတွေ ကြည့်သူ နားထောင်သူတွေ အတွက်လဲ အထောက်အကူဖြစ်စေမှာပါ။ဂျပန်စ...