Part-2

2.5K 148 13
                                    

သူတို့ Club ထဲက​နေထွက်​လာ​တော့အနက်​​ရောင်​ဇိမ်​ခံကားတစ်​စီးကအသင့်​​စောင့်​ကြို​နေသည်​။ဒရိုက်​ဘာ က​နောက်​ခန်းတံခါးကိုဖွင့်​​ပေးပြီး ဦးညွတ်​နှုတ်​ဆက်​သည်​။

"ဦး​လေး~အိမ်​ပဲ"

အမျိုးသမီးငယ်​ကားထဲမဝင်​ခင်​ ဒရိုက်​ဘာဦး​လေးကြီး
ကိုလှမ်း​ပြောသည်​။

"ဟုတ်​ကဲ့~Ms.Kim"
ထိုလူ​ခေါင်းငြိမ့်​ပြသည်​။

အိမ်​?သူငါ့ကိုသူ့အိမ်​ကို​ခေါ်သွားမှာလား?သူမကိုယ်​သူမပြန်​​မေးမိသည်​။ပုံမှန်​အတိုင်းဆိုရင်​ Customer ​တွေကသူမကိုဟိုတယ်​​ခေါ်သွားတာပဲဖြစ်​ဖြစ်​ Club မှာပဲဖြစ်​ဖြစ်​ဆက်​ဆံတတ်​ကြတယ်​။

"​ဟောဒီက Miss ရောအတူလိုက်​မှာလား?"

သူမကား​ဘေးမှာ​ကြောင်​ပြီးရပ်​​နေတာမို့လို့ ဒရိုက်​ဘာဦး​လေးကြီးက​မေးလိုက်​သည်​။

"​အော်​~ဟုတ်​"

သူမ မဝံ့မရဲနဲ့ကားထဲမဝင်​ခင်​မှာပြန်​​ဖြေလိုက်​၏။ထိုလူကားတံခါးကိုပိတ်​​ပေးလိုက်​ပြီး ​မောင်းသူ​နေရာသွားကာ ကားစက်​နှိုးလိုက်​သည်​။

"Ummm...ကျွန်​မကိုအဲ့​လောက်​​ဈေးအများကြီးနဲ့​ဝယ်​​လို့​ကျေးဇူးတင်​ပါတယ်​~Ms.Kim!ဘယ်​သူမှအဲ့​လောက်​အများကြီးနဲ့ကျွန်​မတို့ကိုမဝယ်​ဖူးဘူး"

Club ထဲ​နေထွက်​လာတာနာရီဝက်​​တောင်​ရှိ​နေ​ပေမယ့်​ အဲ့ဒီအမျိုးသမီးဆီကသူနဲ့ပတ်​သက်​တဲ့လှုပ်​ရှားမှုတစ်​ခု​တောင်​မ​တွေ့ရလို့ သူတို့ကြားကတိတ်​ဆိတ်​ခြင်း​ကိုဖြိုခွဲတဲ့အ​နေနဲ့ သူမစကား စလိုက်​သည်​။Suit ဝတ်​ထားတဲ့အမျိုးသမီးကသက်​​တောင့်​သက်​သာရှိတဲ့အ​နေအထားနဲ့ထိုင်​​နေသည်​။တခြားလူ​တွေဆိုရင်​ ဟိုတယ်​ကိုသွားတဲ့လမ်းမှာပဲ သူမကိုယ်​ကိုအငမ်းမရပွတ်​သပ်​ကိုင်​တွယ်​ပြီး ကားထဲမှာတင်​ မရပ်​မနားဆက်​ဆံ​နေ​လောက်​ပြီ။သူမကိုတပ်​မက်​တဲ့ရမက်​ကိုသူတို့လုံးဝမ ထိန်းနိုင်​ကြဘူး။

"ကျွန်​မ Ms.Kim အလိုကိုဖြည့်​ဆည်းနိုင်​တာတစ်​ခုခုလုပ်​​ပေးရမယ်​ဆိုရင်​ ဝန်​မ​လေးပါနဲ့ ကျွန်​မကို​ပြောပါ~ကျွန်​မကို Ms.Kimပွင့်​ပွင့်​လင်းလင်း ကြိုက်​သလိုလုပ်​လို့ရပါတယ်​~ဒီညMs.Kim ကိုပြုစု​ပေးရမှာ ကျွန်​မဆန္ဒပါ"

ကျွန်​မဘဝရဲ့ပိုင်​ရှင်​Where stories live. Discover now