မီးပုံပွဲပြီးနောက် အားလုံး ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်ပြီး အိပ်ရာဝင်ကြလေသည်။ Yuri တယောက် နဖူးပေါ် လက်တင်ပြီး Taeyeonပြောတဲ့ စကားတွေကို ပြန်စဉ်းစားနေတယ်....
"တယောက်ကို တယောက် ဘယ်တော့မှ စိတ်ညစ်အောင် လုပ်ကြမယ့်သူတွေမှ မဟုတ်တာ
အမြဲ တယောက်နဲ့တယောက် နားလည်ပေး အလျော့ပေး ကူညီကာကွယ်ပေးကြတဲ့ သူတွေလေ.......💭💭💭💭 ဟူး ဟုတ်တာဘဲ ငါတို့ငယ်ငယ်ကတည်းက အမြဲ တယောက်ကို တယောက် အလျော့ပေးကြတာဘဲ......ငါ အလယ်တန်းတုန်းက Taeyeonရဲ့ ကျောပိုးအိတ်လေးကို သဘောကျတုံးက သူချက်ချင်းပေးခဲ့တယ်..... ငါ့ရဲ့ အင်္ကျီနဲ့ သူ့အင်္ကျီကို လဲဝတ်ကြတယ်.....ဟုတ်ပါတယ် ငါတို့ တယောက်ကို တယောက် အလျော့ပေးတာမှန်ပေမယ့် ခုက Tiffanyက သက်မဲ့ပစ္စည်းမှ မဟုတ်တာ.. .... မင်းငါ့ကို ပေးလိုက်တဲ့ ကျောပိုးအိတ်ကို ပြန်ဝယ်လို့ရတယ်.....မင်းကို ငါ ပေးလိုက်တဲ့ အင်္ကျီကို ငါပြန်ဝယ်လို့ရပေမယ့် Tiffanyကိုကျ ငါတို့ ပြန်ဝယ်လို့မရဘူးလေ..........💭💭💭💭💭💭"
Taeyeonတယောက် အစောကြီး နိုးနေတာနဲ့ ပင်လယ်ဘက်ကို လမ်းလျှောက်လာတယ်........မနေ့က သူထိုင်ခဲ့တဲ့ ကျောက်ဆောင်မှာ မိန်းကလေးတစ်ယောက် ထိုင်နေတာ ဘယ်သူလည်းလို့ ကြည့်လိုက်တော့ Tiffany ဖြစ်နေတယ်.. ...Taeyeonလည်း Tiffanyမသိအောင် တိုးတိုးလေး အနားကပ်ပြီး Tiffanyရဲ့ မျက်လုံးကို လက်နဲ့ ပိတ်လိုက်တယ်......Tiffanyလည်း Taeyeon လက်နှစ်ဖက်ကို ကိုင်ကြည့်ပြီး ခန့်မှန်းရခက်နေတယ်..... ဘာလို့လည်းဆိုတော့ Taeyeonရဲ့ လက်ဟာ မိန်းကလေးတယောက်ရဲ့ လက်လိုဘဲ နူးညံ့ပြီး သွယ်လျနေတယ်လေ.....
"ဘယ်သူလည်း Vivianလား..."
Taeyeon အသံတုလုပ်ပြီး ပြန်ဖြေလိုက်သည်။
"အာညီး....."
"Jessica?....."
"No......"
"Sunny?"
"မဟုတ်ပါ....."
"ဘယ်သူလည်းလို့ "
Taeyeonလည်း သူ့လက်ကိုဖယ်လိုက်ပြီး Tiffanyရဲ့ ခေါင်းကို ပွတ်လို်က်ပြီး
"ကျွန်တော်ပါ Fany...."
"လန့်သွားတာဘဲ Taeရယ် ဘယ်သူများလည်းလို့....."
"ဟီး 😁😁"
Taeyeonကို Fany မျက်စောင်းထိုးလိုက်တော့.....
"😱😱😱😱😱 Fany..... မလှုပ်နဲ့နော်....."
"ဘာလို့လည်း Tae😥😥"
"ကျောက်ဆောင်ပေါ်ကို မြွေကြီးတက်လာတယ်....."
မြွေဆိုတဲ့ အသံကြားတာနဲ့ Fanyတယောက် ကျောက်ဆောင်ပေါ်ကနေ Taeyeonပေါ် တက်ခွလိုက်သည်။
"မြွေတက်လာတာကို ဘာလို့ မလှုပ်ရမှာတုံး😖"
Taeyeonလည်း သူ့ကို တက်ခွထားတဲ့ Fanyကို ဖက်ပြီး
"ဟားဟား Taeက စတာပါ...."
Fanyလည်း ကျောက်ဆောင်ဘက်ကို လှည့်ကြည့်တော့ မြွေကို မတွေ့တော့ Taeyeonပေါ်ကနေ ဆင်းပြီး Taeyeonကို လိုက်ရိုက်ပါလေရော.... Taeyeonလည်း Fanyကို ပြောင်ပြပြီး ရှေ့ကပြေး Fanyက အနောက်ကနေ လိုက်ရိုက်နဲ့ ပျော်နေကြတယ်.......
ကျောက်ဆောင်မှာ ထိုင်နေတဲ့ Fanyကိုတွေ့တော့ Yuriတယောက် Hotelထဲ ၀င်သွားပြီး Fanyအတွက် ကော်ဖီသွားယူလိုက်တယ်.....ပြန်ထွက်လာတော့ Taeyeonပေါ် တက်ခွထားတဲ့ Fanyကို မြင်ပြီး သူယူလာတဲ့ ကော်ဖီတွေကို သဲသောင်ပြင်ပေါ် သွန်ချပြီး ခွက်ကို အမှိုက်ပုံးထဲ ထည့်လိုက်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။
Taeနဲ့ Fanyကတော့ ရေတိမ်ပိုင်းမှာ တစ်ယောက်နဲ့တယောက် ရေတွေ ပက်နေကြသည်။
Yuriကတော့ အခန်းပြတင်းပေါက်ကနေ Taenyတို့ကို ကြည့်ရင်း......Fanyနဲ့ သူ စက်ဘီးစီးတုန်းက အကြောင်းတွေ ပြန်တွေးနေတယ် .....
Flashback
Fanyနဲ့ Yuriတို့ ကမ်းခြေမှာ စက်ဘီးစီးနေကြသည်၊
"Tiffany shiii ပျော်ရဲ့လား....."
"Nae အရမ်းပျော်ပါတယ်.... Gomawo Yul... Yulကြောင့် လတ်ဆတ်တဲ့ ပင်လယ်လေကို ရှူ ရှိုက်ခွင့်ရလို့....."
"ရပါတယ်ဗျာ....."
"Yulက ကျွန်မ ပထမဆုံး ခင်မိတဲ့ ယောင်္ကျားလေး သူငယ်ချင်းပါ..... ကျွန်မကို ကာကွယ်ပေးတဲ့ Yulကို အရမ်းခင်မိသွားတယ်....."
"ကျွန်တော်က Tiffany အတွက်..... သူငယ်ချင်းတစ်ယောက်....."
"မဟုတ်ဘူး သူငယ်ချင်းထက်ပိုတဲ့ Best friend.. ...."
Tiffanyပြောခဲ့တာတွေ Yuri ပြန်စဉ်းစားမိပြီးနောက်....
"မင်းဘက်က သူငယ်ချင်းဆိုတဲ့ စည်း တားလိုက်ပေမယ့် ငါ လက်မလျော့ဘဲ ကြိုးစားချင်တယ်ကွာ..... Taeyeon.... ဒီတခါတော့ ငါတို့ တယောက်ကို တယောက် အလျော့မပေးဘဲ နေရအောင်လား......"
Yuri အတွေးတွေကို ဖြတ်ပြီး Fanyတို့ကို လှမ်းကြည့်တော့ ရေနစ်နေတဲ့ Fanyကို ကြောင်ပြီး ရပ်ကြည့်နေတဲ့ Taeyeonကို တွေ့တော့ ဖိနပ်တောင် မစီးနိုင်ဘဲ Fanyရှိရာကို အမြန်ပြေးသွားလေသည်။ ပြီးနောက် ရေထဲကို ဆင်းပြီး Fanyကို ပွေ့ချီပြီး သဲသောင်ပြင်ပေါ် ချလိုက်သည်။
"Gomawo Yul.... ရေဆော့နေရင်း ကြွက်တက်သွားတာ Yul ရောက်လာလို့ တော်သေးတာပေါ့ Yulက ကျွန်မရဲ့ အသက်ကို ကယ်ပေါင်းများနေပြီ...."
"ရပါတယ် Tiffany...."
Tiffanyကို Yuri ပြုံးပြလိုက်ပြီး ခြေထောက်ကို နှိပ်ပေးနေသည်၊ Taeyeonကတော့ သတိပြန်ဝင်လာပြီး Fanyဆီကို ပြေးလာတယ်
"အဆင်ပြေရဲ့လား Fany....."
Taeyeonရဲ့ အတိတ်ဆိုးကို Yuri ခဏတာ မေ့သွားပြီး Taeyeonကို Yuri တွန်းလိုက်လေသည်။ Sooyoungနဲ့ Yoonaတို့လည်း အခန်းထဲက ပြေးထွက်လာကြပြီး Sooyoungက Taeyeonကို ဆွဲခေါ်သွားသည်။ Yoonaက စိတ်တိုနေတဲ့ Yuriကို ချော့ခေါ်သွားသည်။ Sunnyနဲ့ Sicaကတော့ Fanyကို တွဲခေါ်ပြီး Fanyရဲ့ အခန်းကို ပြန်လိုက်ပို့ပေးလိုက်သည်။
ဒီနေ့ဟာ တနင်္ဂနွေဖြစ်လို့ Yoonaတို့ နေ့လည်မှာ ပြန်ဖို့ ပြင်ဆင်ကြပြီလေ.... နေ့လည်ပြန်မှ ညနေ Seoulမြို့ကို ရောက်ပြီး မနက်ဖြန် ကျောင်းတက်နိုင်မှာလေ...... ကားပေါ်တွင် YoonSic, SooSunတို့ကတော့ ကြည်နူးနေကြပေမယ့် Fanyကတော့ သူ့ကြောင့် Taeနဲ့ Yul အထင်လွဲတာဆိုပြီး YulTaeကို အားနာနေတယ်.... Yulနဲ့ Taeyeonကတော့ နားကြပ်ကိုယ်စီတပ်ပြီး အပြင်ဘက်ကို ငေးနေတယ်.. .. ခဏကြာတော့ Taeyeonရဲ့ နားကြပ်ကို Yul ဆွဲဖြုတ်လိုက်ပြီး....
"မနက်က အဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး ငါမင်းရဲ့ အတိတ်ကို မေ့ပြီး အထင်လွဲမိတာ....."
"ရပါတယ် ငါတို့က သူငယ်ချင်းတွေဘဲ မလိုပါဘူး.. ..."
Yulနဲ့ Taeyeon အဆင်ပြေသွားမှဘဲ Fany တယောက် သက်ပြင်းချမိတယ်.......
ဒီလိုနဲ့ ခရီးက ပြန်ရောက်တော့ Yul သူ့အခန်းထဲမှာ လှဲနေရာက ထပြီး Diary ထဲမှာ သူ့ရင်ထဲက ခံစားချက်တွေ ချရေးလိုက်သည်။
Yoongရဲ့ မွေးနေ့မှာ.....
ပျော်တယ် အရမ်းပျော်တယ်
ကိုယ် ချစ်ရတဲ့ သူကို အနောက်မှာ ထားပြီး စက်ဘီး စီးခွင့်ရလို့.......
ဒါပေမယ့် သူမက Best Friend ဆိုတဲ့
စည်းတစ်ခု တားလိုက်တယ်.....
ဘယ်လိုလုပ်ရမလဲ.. ....
တခါလောက်တော့ အဲ့စည်းကို ကျော်ပြီး
ဖွင့်ပြောချင်မိတယ်......
ကိုယ့်အချစ်ကို သူလက်မခံရင်တောင် အနည်းဆုံးတော့ ကိုယ် သူ့ကို ချစ်တာ သူသိသွားရင် ကိုယ် ကျေနပ်ပါတယ် 😭😃....."
Yul သူ့ရဲ့ Diary စာအုပ်ကို ပိတ်ပြီး မနက်ဖြန် ညနေ Tiffany ကို Dinner လိုက်ကျွေးရင်း ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်သည်....
ကျောင်းကို ရောက်သောအခါ အတန်းထဲတွင်
"ဘယ်လိုလည်း Fanyမ ပျော်ခဲ့ရဲ့လား...."
စာလုပ်ရင်း Bora တယောက် Fanyကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
"အွန်း ပျော်ခဲ့ပါတယ်......"
"ဒါနဲ့ နင့်ယောင်းမတောင် မလာသေးပါ့လား....."
"ဟိုတနေ့က ရေအဆော့လွန်သွားပုံရတယ် အပြန်ကျ နည်းနည်းဖျားသွားတယ် ခုကျောင်းမလာတာကို ကြည့်ရင် သူနေမကောင်းလို့ နေမယ်......"
"နင်ကလည်း ယောင်းမလေးကို သေချာ ဂရုမစိုက်ဘူး😒"
"Yrr......"
တဖက်မှာလည်း Sooyoungနဲ့ Sunnyရဲ့ Dating Newကြောင့် ကောင်မလေးတွေ သည်းသည်းလှုပ်နေကြပြီ....
"Sooyoung Oppa ချစ်သူရသွားပြီတဲ့....."
"ပါသွားပြန်ပြီ second maknae လေး😭😭 သူလေး အစားကိုဘဲ စိတ်ဝင်စားလို့ ချစ်သူထားဖို့ကို စိတ်မ၀င်စားဘူး ထင်ခဲ့တာ😭😭😭"
✂✂✂✂✂✂✂
ညနေကျောင်းဆင်းတော့ fanyကို တွေ့တာနဲ့ Yuriပြေးသွားပြီး
"Tiffany......"
Yuriအသံကြောင့် Fanyနောက်ကို လှည့်ကြည့်လိုက်ပြီး
"Aww Yul.... ဘာဖြစ်လို့လဲ.. ..."
"ညကျ ကျွန်တော်လေ Tiffanyကို ညစာလိုက်ကျွေးချင်လို့ ရလား......"
"ရပါတယ်......"
"အဲ့တာဆို ကျွန်တော် ည၇နာရီကျ Tiffany အိမ်ရှေ့မှာ စောင့်နေမယ်နော်...."
"Nae....Yul....."
Yulလည်း Fanyကို ပြောပြီး coffeeဆိုင်ကို ထွက်သွားတယ်......Fany သူ့အိမ်ကို ပြန်ရောက်တော့ အိမ်ရှေ့မှာ ဆိုင်ကယ်နဲ့ ရပ်စောင့်နေတဲ့ Taeyeonကို တွေ့တော့
"Tae Tae.... အိမ်ရှေ့မှာ ဘာလုပ်နေတာလည်း.. .."
"Fany.... ကျွန်တော်လေ Fanyကို ပြောစရာရှိလို့ ခဏလိုက်ခဲ့ပေးပါနော်......"
Coffeeဆိုင်တွင်
"Sunny....ဒါ ငါနဲ့ Yoona စတွေ့ခဲ့တဲ့ coffeeဆိုင်လေ ငါတို့အတွက် အမှတ်တရနေရာလေးပေါ့..."
Yoonaရဲ့ ပခုံးပေါ်မှီရင်း Sicaတယောက် Sunnyကို ပြောပြနေခြင်းဖြစ်သည်၊
Sunnyလည်း Sooyoungခွံ့ကျွေးတဲ့ မုန့်ကို စားပြီး
"ဘာလည်း ပါးရိုက်လိုက်တဲ့ အမှတ်တရတွေလား😜😜"
"Yrrr......"
သူတို့ကောင်မလေးတွေကို ကြည့်ပြီး YoonSooတို့ ရယ်နေကြသည်။ Yuriကတော့ Gameဆော့နေရင်း
"Taeyeon.... သူကဘာလို့ မလာတာလည်း....."
Yuriမေးခွန်းကို Sooyoungဖြေလိုက်သည်။
"ကိစ္စတစ်ခုရှိလို့တဲ့....."
"Aww...."
Fanyကို Taeyeon မုန့်ဆိုင်တစ်ခုကို ခေါ်လာတယ်.. ...Fanyနဲ့ အတူ မုန့်စားပြီးနောက်
"Fany......"
"Omm...."
"မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်နော် ကျွန်တော်လေ..."
"ရပါတယ်.... Fany နားလည်ပါတယ်.....ဒါမျိုးက ဖြစ်တတ်ပါတယ် Taeကလည်း....."
"ဟူး......"
"ဘာဖြစ်လို့လဲ Tae Tae....."
"Fany....... ကျွန်တော်ပြောမယ့် စကားကို သေချာနားထောင်ပေးပါနော်...... ပြီးတော့ စိတ်မဆိုးရဘူးနော်....."
"Ommပါ....ဘာလည်းပြောလေ...."
"Fanyကိုလေ ကျွန်တော်..... ချစ်တယ်....."*Authorရဲ့ အခု Accနဲ့ သုံးနေတဲ့ Fbလေး lockကျသွားတာ ခုထိ ပြန်မရသေးဘူး ဟိုတနေ့တုံးက ဒီ Wp accလေး ရုတ်တရက် Log outဖြစ်သွားတယ် Authorက Fbနဲ့ log inလုပ်ထားတော့ အရမ်းလန့်သွားတာ ဒီAccထဲ ၀င်လို့မရတော့ဘူးဆိုပြီး တော်သေးတယ် forget password နှိပ်ပြီး GMailကနေ ပြန်ယူလိုက်လို့😁😁 Author Fb accပျက်သွားတာကို သိပြီး အသစ်တစ်ခုမှာ "fic ဆက်မရေးတော့ဘူးလား " မေးကြလို့ Author ဒီ wp accမှာ Fic ဆက်ရေးမှာပါ စိတ်မပူပါနဲ့လို့ လာမေးကြတဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်လို့🙆🙆*