Final

1.1K 89 20
                                    


Jessica's POV

Yuan li ni shi won zhui xiang liu
zhu de xing yun.................

တည်ငြိမ်အေးချမ်းလှတဲ့ သူရဲ့ အသံလေးနဲ့အတူ ကျွန်မရဲ့ တစ်နေ့ တာစတင်ပါတော့မယ်။ ဒီသီချင်းလေးပေါ့ သူနဲ့ကျွန်မ အပြန်အလှန် China မှာတုန်းက ဆိုခဲ့ကြတာလေ။ တကယ်တော့ ကျွန်မနဲ့ သူနဲ့နှစ်ယောက်လုံး အနေဝေးသွားပေမဲ့လည်း အမြဲတမ်းစိတ်တူကိုယ်ဖြစ်နေတယ်ဆိုတဲ့ အကြောင်း Hardcore creatives လေးတွေကို မသိမသာလေး အသိပေးလိုက်တဲ့သဘောပေါ့ ... ဟီး ဟီး ။ Yoonsic creative တွေဆိုသည်မှာလည်း တကယ်ဥာဏ်ကြီးရှင်တွေပါလေ။ အဲ့သီချင်းလေးတွေကို Yoonsic moments လေးတွေနဲ့အတူ သူတို့ ပြန် Edit ထားတဲ့ FMV လေးတွေပြန်ကြည့်ရတဲ့အခါတိုင်း Yoong ကိုကျွန်မလွမ်းလွန်းလို့  ငိုခဲ့ရပေါင်းလည်းများရောပေါ့။ သူတို့ လေးတွေရှိနေလို့  အရင်တုန်းက Yoong နဲ့ ကျွန်မတို့ ရဲ့ အမှတ်တရတွေကျန်နေသေးတာပေါ့။ ကျွန်မသူတို့ ကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျွန်မအဖွဲ့ထဲက ထွက်သွားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ဘာ Yoonsic moment မှ သူတို့ မြင် ခွင့်မရပေမဲ့လည်း Yoonsic is real ဆိုတဲ့ စကားလေးကို ဘယ်တော့မှပျောက်ပျက်မသွားအောင် ကြွေးကြော်ပေးနေတုန်းအတွက်ကြောင့်ပေါ့။ အဲ့စကားလေး ကျွန်မရော Yoong ရော အရမ်းသဘောကျတာပဲ။ Yoonsic is real, Yoonsic is more than real ဆိုတာလေးလေ။ ကဲကဲ ဟိုတွေးဒီတွေးနဲ့. အိပ်ရာထဲမှာ အတွေးလွန်နေတာ တော်သင့်လောက်ပါပြီလေ၊၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ က ကျွန်မရဲ့ Birthday ဆိုတော့ စောစောလေးထပြီး ပြင်ဆင်စရာရှိတာတော့ ပြင်ဆင်ရမှာပဲလေ။ Yoona အသံလေး alarm ပေးထားတဲ့ ဖုန်း လေးကို ယူပြီးကျွန်မ alarm ကိုပိတ်လိုက်တယ်။ အရင်ကဆို သူကိုယ်တိုင်ကျွန်မကို လာနှိုးနေကျဖြစ်ပေမဲ့လည်း သိတဲ့အတိုင်း ကျွန်မတို့ နှစ်ယောက်အတူမှရှိမနေနိုင်တာ။ ဒါကြောင့် ဖုန်းထဲက သူ့ရဲ့အသံလေးနဲ့ ပဲကျေနပ်နေရတာပေါ့။ အိပ်ရာကမထခင်လေး ဖုန်းလေးကို နည်းနည်းလောက် ကလိကြည့်အုံးမှလေ။ ကျွန်မဖုန်းကို ဖွင့်လိုက်တာနဲ့ တွေ့ရတဲ့အရာတွေက တော့ messages, သိတယ်မလား ဘယ်သူပို့လဲဆိုတာ။ ဟုတ်ပါတယ် သူ့ ဆီကပေါ့ Im Yoona, သူတစ်ယောက်တည်းမဟုတ်ပါဘူး ကျန်တဲ့ Memberတွေလည်း ကျွန်မမွေးနေ့ အတွက် ဆုတောင်း mess လေးပို့ ထားတာပဲ။ သူတို့ ကျွန်မမွေးနေ့ လေးကို ဒီလိုအမှတ်ရပေးနေတဲ့အတွက် ကျွန်မတကယ်ကိုပျော်မိပါတယ်။ ကျွန်မသူတို့ ပို့ထားတဲ့ mess လေးကို လိုက်ဖတ်နေမိတယ်၊၊ ထင်တဲ့အတိုင်းပါပဲ ဒင်းလေးကအကဲဆုံး။ ဘာတွေပို့ ထားမှန်းမသိဘူး။

How Can I Be Happy On My Birthday, Withour You, My DeerWhere stories live. Discover now