အခန်း ၆ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု

9.5K 926 45
                                    

ဒီတပိုင်းကိုတော့ တကြောင်းချည်းစီ ပြန်တာထားမဟုတ်ဘဲ ဆီလျော်အောင်ပဲ ပြန်လိုက်ပါတယ် နောက်ပိုင်းလဲ အဲ့လိုပဲပြန်တော့မှာပါ ဒါပေမယ့် ကိုယ်က အရေးအသားသိပ်မတော်တဲ့သူဖြစ်တာကြောင့် ဖတ်ရတာ တခါတလေကျရင် တခုခုလွဲနေသလိုမျိုးဖြစ်ချင်ဖြစ်ပါလိမ့်မယ် 😅 အဲဒီအတွက်ကြိုပြီး တောင်းပန်ထားပါတယ် ပြီးတော့ မူရင်း တရုတ်ဘာသာက တိုက်ရိုက်ပြန်တာ မဟုတ်ဘဲ အင်္ဂလိပ်စာကနေတဆင့်ဘာသာပြန်ထားတဲ့အတွက် မူရင်းနဲ့ အနည်းငယ် ကွဲလွဲမှုများရှိနေနိုင်ပါမယ် အဲ့ဒီအတွက်လဲ ဆောရီးပါနော်

•••••

သူ့ကို ရာဇဝတ်ကောင်တယောက်ယောက် ပြန်ပေးဆွဲတော့မလိုလို ခံစားချက် Xia Yao အခုတလော မရှင်းပြနိုင်ဘဲ ခံစားနေရတယ်

အဲဒါကြောင့် နေ့ခင်းဘက် အလုပ်အားတဲ့ တနေ့ Xia Yao တယောက် ရဲစခန်းထဲမှာပဲနေပြီး သူတာဝန်ထမ်းဆောင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတောအတွင်းမှာ ဖြေရှင်းဖမ်းဆီးခဲ့တဲ့ ရာဇဝတ်ကောင်တွေထဲမှာ Yuan Zong နဲ့ တူတဲ့သူပါမပါ စစ်ဆေးနေမိတယ် ဒါပေမယ့် အသုံးဝင်တဲ့ ဖိုင်တဖိုင်လောက်တခါမှ ပေါ်မလာဘူး သူတွေ့မိတာသလောက်ကတော့ ဖြေရှင်းပြီးသား အမှုကြီးတွေ ဒါမှမဟုတ် စက်ဘီးခိုးမှုလိုမျိုး အမှုသေးသေးလေးတွေရယ် အဲဒါတွေချည်းပဲ အဲဒီ လူတကာကို လွှမ်းမိုးနိုင်တဲ့ သြဇာရှိပုံရတဲ့ လူနဲ့ ပတ်သက်ပြီး သဲလွန်စတခုမှ မတွေ့ဘူး

အဲဒီစိတ်ပူပင်သောကရောက်ရတဲ့ နေ့ရက်တွေကြာလာတဲ့နောက်မှာ Xia Yaoတယောက် သူ့ကိုယ်ကျင့်သိက္ခာတွေကို ခဏဘေးဖယ်ထားလိုက်ပြီး သက်တော်စောင့်၁၀ယောက် ငှားလိုက်တယ် Xia Yao အလုပ်ကနေ အိမ်ကို ပြန်လာတဲ့အခါမှာ ဂျူတီကားအရှည်ကြီးထဲမှာ သူတို့အားလုံး Xia Yao ဘေးပတ်ပတ်လည်ထိုင်နေကြတယ် လူပြတ်တဲ့ လမ်းတကွေ့ရောက်တော့ Xia Yao တယောက် မအောင့်နိုင်တော့ဘဲ ကားမှန်ကို ဖွင့်ကြည့်မိတယ် ခါတိုင်းလိုပါပဲ ရင်းနှီးနေပြီဖြစ်တဲ့ စူးရှတဲ့အကြည့်တခုက သူ့ကို စောင့်ကြိုနေတယ်

"ရပ်စမ်း" Xia Yao က ကားသမားကို ပြောလိုက်တယ်

ချက်ချင်းပဲ သူတို့ဘေးက ကားကလည်း ရပ်သွားပြီး ကားမှန်ကျလာတယ် Yuan Zong သူ့ကို စိုက်ကြည့်နေပြန်တယ် သူ့မျက်လုံးတွေက မီးတုတ်တခုက မီးတောက်တွေလိုပဲ သူ့ကို ဝါးမျိုသွားမတတ် သေသေချာချာ စူးစိုက်ကြည့်နေတယ်

Advance Bravely မြန်မာဘာသာပြန် (Zawgyi)Donde viven las historias. Descúbrelo ahora