အဆုံးသတ်​ခြင်း(သို့မဟုတ်​)အစ

440 30 2
                                    

▪အဆုံးသတ်​ခြင်း(သို့)အစ one shot▪
တစ်​ခုခု​ပြောင်းလဲသွားတယ်​တဲ့။
လူတိုင်းကငါ​ပြောင်းလဲသွားပြီတဲ့။

အရင်​တုန်းကလိုခင်​မင်​စရာပုံမ​ပေါက်​​တော့ဘဲ​ကြောက်​မက်​ဖွယ်​ပုံဘဲ​ပေါ်လာတယ်​တဲ့။
ဒီလိုစကား​တွေကြားတိုင်းအရူးတစ်​​ယောက်​လို​အော်​ဟစ်​ရယ်​လိုက်​မိတယ်​။

သူတို့ကအ​ကြောင်းအရင်းကိုမှမသိကြတာ.....
သိစရာလဲမလိုပါဖူး။

သက်​ဆိုင်​သူနဲ့ကျွန်​​တော့်​ကြားထဲက အ​ကြောင်းကိစ္စဘဲဟာ။
ကျွန်​​တော်​ကိုဒီလိုဖြစ်​​အောင်​လုပ်​ခဲ့တဲ့သက်​ဆိုင်​သူလည်းမသိနိုင်​​တော့ပါဖူး.....
သူကကျွန်​​တော့်​ကိုထားရစ်​ခဲ့ပြီ​လေ......

Seoul မြို့ကြီးရဲ့လမ်းမ​တော်​​တော်​များများမှာသူနဲ့ကျွန်​​တော့်​ရဲ့​​ခြေလှမ်း​တွေရှိခဲ့တယ်​။

ကျွန်​​တော်​တို့​လျှောက်​ခဲ့တဲ့​ခြေလှမ်း​တွေက အရာထင်​ကာမကျန်ခဲ့​ပေမယ့်​ ကျွန်​တော့်​နှလုံးသားရဲ့ အနက်​ရှိုင်းဆုံး​နေရာမှာရှိတဲ့ သူဆိုတဲ့​ခေါင်းစဉ်​​အောက်​ကတစ်​​နေရာမှာ ထင်​ကျန်​​နေဆဲဘဲ။

သူမရှိ​တော့​​ပေမယ့်​သူ့အတွက်​ကျွန်​​တော်​လက်​တစ်​ဖက်​ကိုကမ်း​ပေးထားလျက်​ပါ။ကျွန်​​တော့်​ဦးတည်​ရာ​နေရာကို​ရောက်​ဖို့ သူနဲ့သွားခဲ့ဖူးတဲ့လမ်း​တွေကိုနာကျင်​စွာဖြတ်​သန်း​နေပါတယ်​။

ကိတ်​? သူကကိတ်​ထဲမှာ​ချောကလတ်​ကိတ်​ကိုအကြိုက်​ဆုံးလို့​ပြောခဲ့ဖူးတယ်​။
သူနဲ့ကျွန်​​တော့်​ရဲ့အမြဲDateလုပ်​ခဲ့တဲ့ဆိုင်​​လေး...

သူ့ရယ်​သံ​​လေး​ကိုကျွန်​​တော်​တစ်​​ယောက်​ထဲနား​ထောင်​ချင်​မိတယ်​လို့​ပြောခဲ့​တိုင်းသူကျွန်​​တော့်​လက်​​မောင်း​လေးကိုဖွဖွ​လေးထုခဲ့တယ်။အဲ့အချိန်​​တွေကကျွန်​​တော့်​ဘဝရဲ့​အ​ပျော်​ရွှင်​ခဲ့ရဆုံး​သောအချိန်​​လေး​တွေဖြစ်​ခဲ့တယ်​။

ကိတ်​မုန့်​​လေးကို​ရွေးပြီး​ကောင်​တာဆီကို​ငွေရှင်းဖို့သွားခဲ့လိုက်​တယ်​။
'တစ်​​ယောက်​ထဲလားသား?သားသူငယ်​ချင်း​ကော?'

အဆုံးသတ်​ခြင်း(သို့မဟုတ်​)အစWhere stories live. Discover now