-Zawgyi
Tae's Diary
[ဒုတိယမြောက်နေ့]
မနက်အစောကြီး ကျွန်တော်နိုးတော့ ပထမဆုံး Jungkookကို သတိရတယ်။ Jungkookက မနက်အစောကြီးထရတာ မကြိုက်ဘူးမလား။ မှတ်မိသေးတယ်။ မိုးအရမ်းရွာတဲ့နေ့က Jungkookအိမ်မှာ လိုက်အိပ်ဖြစ်တုန်းက ကျွန်တော် မနက်အစောကြီးထပြီး လိုက်ကာဖွင့်မိတော့ ကျွန်တော့်ကို ဆူတယ်လေ။ "အိပ်ရတာကြိုက်တယ် အစောကြီးထရတာ မကြိုက်ဘူး။ လိုက်ကာပြန်ပိတ်"လို့ အိပ်မှုန်စုံမွှားနဲ့ ထအော်တာ ကျွန်တော်လေ လန့်တောင်လန့်တယ်။ ဒါပေမယ့် အိပ်မှုန်စုံမွှားရုပ်နဲ့Jungkookက အရမ်းချစ်ဖို့ကောင်းတာ။ Jungkookမသိလိုက်ဘူး ထင်တယ်နော်။ အဲ့ဒီညက ကျွန်တော် Jungkookကို ခိုးနမ်းခဲ့ဖူးတယ်။
အခုလေ မုန်းတိုင်းရှိလို့ အချိန်အခါမဟုတ် မိုးတွေရွာနေတယ် Jungkook။ မိုးရွာတာ ကြိုက်တယ်ဆိုတဲ့ Jungkookကြောင့် မိုးရွာတာကို မုန်းတဲ့ကျွန်တော်က မိုးရွာတာကို ကြိုက်တတ်နေပြီ။ သူတို့က အစွမ်းကုန် ရွာချပစ်လို့ရတယ်။ ကမ္ဘာမြေကြီးနှစ်မြုပ်သွားလောက်အောင် စိတ်ရှိလက်ရှိ ရွာချပစ်လို့ရတယ်။ အားကျမိတယ်။ ကျွန်တော့်ရင်ထဲက အလွမ်းတွေလည်း အဲ့လိုရွာချပြီး ထုတ်ပယ်ပစ်လို့ရရင် သိပ်ကောင်းမယ်။ အလွမ်းကို ရင်နဲ့အမျှ သယ်ထားရတာ ပင်ပန်းလွန်းပါတယ် Jungkookရယ်..။
မှန်ပြတင်းကိုဖွင့်ရင်း မိုးစက်လေးတွေကို ခံယူကြည့်တော့ Jungkookမေးခဲ့ဖူးတယ်နော်။
" Taehyung..ငါ မိုးစက်လေးတွေကို ချစ်တယ် မင်းရော?"တဲ့။
အဲ့တုန်းက ကျွန်တော့်မှာ အဖြေမရှိခဲ့ဘူး။ ပြုံးပြရုံပဲ ပြုံးပြခဲ့မိတယ်။ အခုကျွန်တော့်မှာ အဖြေရှိပြီ။ ကျွန်တော်လည်း မိုးစက်လေးတွေကို ချစ်တယ်။ နှင်းပွင့်လေးတွေကိုတော့ ပိုပြီးချစ်တယ်။ Jungkookကိုလည်း ပြန်မေးချင်တယ်။
YOU ARE READING
Diary / / Short Story
FanficKim Tae Hyung Jeon Jung Kook Vkook yaoi fic Short Story