Sulli နဲ့ Yoonaတို့ ရယ်မောပြီး စကားပြောနေတာတွေ ကြည့်ပြီး Seohyun တယောက် တော်တော် J ၀င်နေတယ်..... Sulliလည်း Yoona နဲ့ စကားပြောရင်း Seohyun ကို သတိထားမိသွားပြီး
"Oppa...... သူက ဘယ်သူလည်း....."
Yoonaလည်း Seohyunကို ကြည့်ပြီး
"Aww...... သူလား......"
သူ့က Oppaရဲ့ မိန်းမ ဆိုတဲ့ စကားကို မြန်မြန် မပြောဘဲ Aww...... သူလား....ဆိုပြီး မဖြေချင်ဖြေချင် ပုံစံနဲ့ ပြောနေတော့ Seohyun စိတ်ဆိုးပြီး ထိုင်နေရာက ထပြီး Hotelကို ထွက်သွားတယ်.... Yoonaလည်း Seohyun သူ့ကို စိတ်ဆိုးနေပြီ ဆိုတာလည်း သိရော
"Sulli.... sorryနော် Oppaရဲ့ ကလေးလေး စိတ်ကောက်သွားပြီ လိုက်ချော့လိုက်အုံးမယ် 😁😁"
Sulliကို နှုတ်ဆက်ပြီး Seohyun နောက်ကို Yoona ပြေးလိုက်သွားတယ်..... ဟိုတယ်က အခန်းကို ရောက်တော့ Seohyun အခန်းတံခါးကို လော့ချထားတယ်.....
"Seo....Seo..... တံခါးခဏလောက် ဖွင့်ပါအုံး....Seo....."
Yoona အခန်းတံခါးကို တဒုန်းဒုန်း ထုနေပေမယ့် Seohyun မကြားချင်ယောင်ဆောင်ပီး သီချင်းနားထောင်နေတယ်..... ပြီးတော့လည်း Yoonaရဲ့ ခေါင်းအုံးကို ရိုက်ပြီး
"မကောင်းတဲ့ကောင်..... ကောင်မလေး ချောချောလေးကို တွေ့တာနဲ့ ငါ့ကို မေ့ပြီး ပြုံးဖြီးနေတာဘဲ စကားပြောနေတာ..... ပြီးတော့ ငါ့ကို မိတ်ဆက်ပေးဖို့လည်း တွန့်ဆုတ်နေတယ်..... မုန်းလိုက်တာ မီဝေါ့ 😖😖😖"
Yoonaလည်း နောက်ဆုံး လက်တွေနာလာပြီး တံခါးကို ထုတာ ရပ်လိုက်တယ်..... ထို့နောက် မင်္ဂလာဆောင်နေ့က Bae Chuရဲ့ Ph number ကို လိုရမယ်ရ တောင်းထားတာကို သတိရပြီး
Bae Chuဆီကို ဖုန်းဆက်လိုက်တယ်.....
"Hello....."
"Hello..... Bae Chuလား ငါပါ Yoona oppa....ဒီလိုဟာ....."
နာရီဝက်လောက်ကြာတော့ Seohyun တယောက် ခေါင်းအုံးကို ပိုက်ပြီး
"ဟိုလူကြီး ဘယ်ရောက်သွားလည်း တံခါးကိုတောင် ဆက်မထုတော့ဘူး ဘယ်ကောင်မလေးကို သွားငမ်းနေပြန်ပြီလည်း မသိဘူး..... 😒😒😒"
"House keeping...."ဆိုတဲ့ အသံနဲ့ အတူ တံခါးခေါက်သံကို ကြားတော့
"ဟင် လူရှိနေတာကို ဘာလို့ အခန်းလာရှင်းတာလည်း မသိဘူး...."
Seohyunလည်း အခန်းတံခါး ဖွင့်လိုက်ရော..... Minions အရုပ်ကြီးကို တံခါးရှေ့မှာ တွေ့လိုက်တယ်.... Seohyun ဘယ်သူပေးတာလည်းဆိုပြီး အံ့သြနေတုံး အရုပ် အနောက်ကနေ Yoona ထွက်လာပြီး Minions လေးတွေ ဆိုတဲ့ သီချင်းကို အော်ဆိုနေတယ်....Yoonaရဲ့ အသံပြဲကြီးကြောင့် Seohyunလည်း ဘေးပတ်ဝန်းက အခန်းတွေကို တစ်ချက်ကြည့်ပြီး Yoonaရဲ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ကျန်တဲ့ လက်တစ်ဖက်ကတော့ အရုပ်ကြီးကို မ လာရင်း
အခန်းထဲကို ခေါ်သွားတယ်..... အခန်းထဲကို ရောက်တော့ အခန်းတံခါးကို ပိတ်လို်က်ပြီး
"ဘာလို့ ရှင့်ရဲ့ အသံဆိုး အသံပြဲကြီးနဲ့ Minions သီချင်း ဆိုနေတာလည်း....."
"ကိုယ့်အသံက ချစ်စရာလေးဟုတ်..."
"စိတ်ကုန်စရာ......"
"မင်း Minions အရုပ်ကိုတော့ သဘောကျတယ် မဟုတ်လား....."
"မကျပါဘူး....😒😒"
"မကျဘူးသာ ပြောနေတယ် လက်က အရုပ်ကို ဖက်ထားလို့😜😜"
Seohyunလည်း အရုပ်ကို လွှတ်ချလိုက်ပြီး
"ထားပါတော့ ဒါက ဘယ်လိုဖြစ်တာလည်း....."
"မင်း စိတ်ကောက်နေလို့ ဘယ်လိုချော့ရမှန်း မသိတာနဲ့ အငယ်လေးကို ဖုန်းဆက်မေးကြည့်တာ မင်း ဘာကြိုက်တတ်လည်းဆိုပြီး အငယ်လေးကလည်း မင်းနဲ့ Appaတို့ တခါတလေ Minionsလေးတွေလို သီချင်း အော်ဆိုကြတယ် ပြောလို့😁😁"
"ငါက ဘာလို့ စိတ်ကောက်ရမှာလည်း......"
"ဟင် မကောက်ဘူးပေါ့....."
"ကောက်စရာမှ မဟုတ်တာ..... ငါက ဘာကိစ္စနဲ့ ကောက်ရမှာလည်း....."
"အဲ့တာဆို ဘာလို့ ထိုင်နေရာကနေ ထသွားတာလည်း....."
"Aww..... ငါက သူများတွေလို စကားပြောစရာ ချောချောလှလှလေး မရှိဘူးလေ😏😏 တယောက်တည်း ထိုင်ပြီး ပင်လယ်ကြီးကို ကြည့်ရမှာ ပျင်းလို့ အခန်းထဲ လာပြီး Tvကြည့်မလို့...."
"သူက ကိုယ်တို့ ကျောင်းတက်တုံးက ကျောင်းမှာ အရမ်းခင်ခဲ့တဲ့ ဂျူ နီယာလေးပါ သူ့နာမည်က Sulliတဲ့....."
"မေးလို့လား 😏😏😏😏"
" မမေးလည်း ဖြေတယ်ကွာ.... ပြီးတော့ သူမေးတုံးက ကိုယ် ချက်ချင်း မဖြေတာကလေ မင်း စိတ်ဆိုးမှာဆိုးလို့..... မင်းကို ကိုယ့် မိန်းမဆိုတာ ပြောချင်ပေမယ့် မင်းကြိုက်မကြိုက် မသိလို့ပါ😢😢"
ကိုယ့် မိန်းမဆိုတဲ့ စကားကြောင့် Seohyun ရင်ထဲ တမျိုးကြီး ခံစားရပေမယ့် ချက်ချင်း ရုပ်တည်လိုက်ပြီး....
"အဲ့တော့😌...."
" စိတ်မဆိုးပါနဲ့ကွာ..."
"ဘယ်သူက စိတ်ဆိုးနေလို့လည်း...."
"အဲ့တာဆိုရင် အပြင်မှာ ရာသီဥတုသာယာတယ်..... လျှောက်လည်ကြမယ်လေ..."
"နင့်ရဲ့ ဂျူ နီယာနဲ့ လည်ပါ့လား....."
" Seo...... သူက ဂျူ နီယာလေ မင်းက ကိုယ့်မိန်းမလေ....ပြီးတော့ ကိုယ်က မင်းနဲ့ ဟန်းနီးမွန်း ထွက်လာတာလေ သူနဲ့ ထွက်လာတာမှ မဟုတ်တာ...."
"ဘာလည်း သူနဲ့ ထွက်ချင်လို့လား....😏"
"Seo......"
"......"
'ကောင်းပြီလေ ရိုးရိုးခေါ်တာ မလိုက်တော့လည်း ပွေ့ချီသွားရမှာပေါ့....."
Yoonaလည်း ပြောပြောဆိုဆိုနဲ့ အင်္ကျီကို လက်မောင်းထိ ပင့်တင်တော့ Yoonaရဲ့ တကယ် ပွေ့ချီမယ့် ပုံစကြောင့် Seohyun လည်း လန့်ပြီး
"Ok...ok လိုက်ခဲ့မယ်......"
Yoonaလည်း ပြုံးဖြီးဖြီးနဲ့ Seohyunရဲ့ လက်ကို တွဲပြီး အခန်းထဲကနေ ထွက်လာတယ်.....
ကမ်းခြေမှာ စက်ဘီး စီးကြတော့ Yoonaက အရှေ့ကနင်းတယ်.... Seohyunက အနောက်ကနေ ခွထိုင်ပြီး လိုက်လာတယ်.....
"Seo...ပြုတ်ကျလိမ့်မယ် ကိုယ့်ခါးကို ဖက်ထား....."
"ပြုတ်ကျရအောင် ငါက ကလေးလား 😏💭💭💭"
ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ မိန်းမလှလေးတွေ တွေ့ပေမယ့် Tomboyလေး Seohyun မှာ စိတ်မ၀င်စားချေ.....
"Yrr.... Yoong စက်ဘီးကို အာရုံစိုက်ပြီး နင်းနော် ငမ်းမနေနဲ့အုံး....."
"Aww..... ကိုယ့် မိန်းမ တယောက်လုံး နောက်မှာ ထိုင်လိုက်လာတာကို ကိုယ်က ငမ်းစရာလား....."
"Aww.... ဒါဆို နင်က ငါမပါရင်တော့ ငမ်းမယ်ဆိုတဲ့ သဘောလား....."
"Seo.... မင်းသာ အဲ့လိုလေး ၀တ်ရင် တကယ် ဆွဲဆောင်မှုရှိမှာကွ......အတွေးထဲ မြင်ယောင်ကြည့်တာလေ အဟိ....."
Yoonaရဲ့ နောက်ကျောကို Seohyun ထုလိုက်ပြီး
"Byuntae.... နှာဘူး ထမနေနဲ့....."
"တွေးဘဲ တွေးကြည့်တာပါ အပြင်မှာ မ၀တ်ခိုင်းပါဘူး.... ကိုယ့်မိန်းမကို တခြားကောင်တွေ ၀ိုင်းငမ်းမှာ မလိုလားဘူး ကိုယ်ဘဲ အပြည့်အ၀ ငမ်းချင်တာ တ၀ကြီး...."
Seohyunကို စပြီး စက်ဘီးနင်းနေရင်း ကလေးတွေ ကန်လိုက်တဲ့ ဘောလုံးကို ရှောင်လိုက်တော့ စက်ဘီးက လဲမလို ဖြစ်သွားတယ်.... Seohyunလည်း လန့်ပြီး Yoonaရဲ့ ခါးကို ရုတ်တရက် ဖက်မိသွားတယ်.....ထိုအချိန် နှစ်ယောက်လုံးရဲ့ ရင်ထဲမှာတော့
"ဒုတ်...ဒုတ်....ဒုတ်....ဒုတ်....."
Seohyunလည်း Yoonaရဲ့ ခါးကို ဖက်ထားတဲ့ သူ့ရဲ့ လက်ကို လွှတ်လိုက်တယ်...
"Yrr ငါရူးနေတာလား ခုနက ကောင်မလေးတွေ တွေ့တုံးက ရင်မခုန်ဘဲ ဘာလို့ ဒီလူကြီးရဲ့ ခါးကို ဖက်တော့ ရင်တွေ အရမ်းခုန်နေတာလည်း....💭💭💭"
Yoonaကတော့ ကျေနပ်ပိတိဖြာနေတဲ့ ရုပ်ကြီးနဲ့ စက်ဘီးဆက်နင်းနေတယ်..... ခဏကြာတော့ ရှေ့မှာ ရေခဲမုန့်ဆိုင်ကို တွေ့တာနဲ့
"Seo.... ရေခဲမုန့် စားမှာလား....."
"Omm😍😍"
ရေခဲမုန့်ဆိုင်မှာ စက်ဘီးရပ်လိုက်တယ်....
" ရေခဲမုန့် နှစ်ခုပေးပါ....."
Yoonaလည်း ရေခဲမုန့်တစ်ခုကို Seohyunကို ပေးလိုက်တယ်..... ကလေးတယောက်လို ရေခဲမုန့်ကို အားရပါးရ စားနေတဲ့ Seohyunကို ကြည့်ပြီး Yoona တယောက် အသည်းယားနေတာ ရေခဲမုန့် စားဖို့တောင် သတိမရရှာဘူး..... ရေခဲမုန့်သည်ကတော့ Yoonaတို့ကို ကြည့်ပြီး
" မင်းတို့ စုံတွဲက အရမ်းလိုက်ဖက်တာဘဲနော်..... ကောင်လေးကလည်း ကောင်မလေးကို တော်တော် ချစ်တဲ့ပုံဘဲ.... ရေခဲမုန့်မစားဘဲ ကောင်မလေးကို ကြည့်နေတာများ....."
ရေခဲမုန့်သည်ရဲ့ စကားကြောင့် Seohyun ရေခဲမုန့်တွေ သီးကုန်တယ်....Seohyunရဲ့ နောက်ကျောကို Yoona ပွတ်ပေးရင်း
"Honeyရယ် ဖြည်းဖြည်း စားပါ သီးကုန်ပြီ တကယ်ဘဲ ရေခဲမုန့်ကို အဲ့လောက်ကြိုက်တာလား Aigoo.... ကိုယ့် ရေခဲမုန့်ပါ စားလိုက်...ရော့...."
Seohyunလည်း Yoonaကို မျက်စောင်းထိုးပြီး ရေခဲမုန့်ကို ယူလိုက်တယ်..... Yoonaလည်း Seohyunရဲ့ ပါးဖောင်းလေးကို ဆွဲလိုက်ပြီး
"Honey....စက်ဘီးပေါ်တက်..... ကိုယ်တို့ သွားစရာတွေ ရှိသေးတယ်....."
Yoonaကို စိတ်ထဲကနေ ကျိန်ဆဲပြီး စက်ဘီးပေါ်တက်လိုက်တယ်...... ဒီမနက်ပိုင်းမှာ သူမကို Yoona အသားယူတာ တော်တော်များနေပြီလေ....*YoonHyun Shipperတို့ YoonHyun fic အသစ်လေး ရေးထားပါတယ် ဖတ်ပြီး ဝေဖန်ပေးပါအုံး☺☺ Taeny, YulSicလည်း ပါပါတယ်😃*