-Zawgyi
Tae's Diary
[တတိယမြောက်နေ့]
ကျွန်တော့်ရဲ့ နေ့ရက်တိုင်းက သိပ်မထူးခြားပါဘူး။ မိုးလင်းမိုးချုပ် ဒီဆေးရုံခန်းလေးထဲမှာ နေထိုင်တယ်။ နာကျင်တဲ့အခါ ဆေးထိုးဆေးသောက်ရတယ်။ မနာကျင်တဲ့အခါ diaryရေးတယ်။ အထီးကျန်ခြင်းကို ကျွန်တော်အပိုင်ရထားပါတယ်။ ပြီးတော့ Jungkookကို လွမ်းတယ်။ အချိန်တိုင်း စက္ကန့်တိုင်း.....။
တွေ့ချင်တယ် ကျတော့်ရဲ့ အချစ်ကလေးရယ်။ မဖြစ်နိုင်တော့တာ ကျွန်တော်က Jungkokဆီက ထွက်ပြေးခဲ့ပြီးပြီကိုး။ နောင်တ မရတော့ပါဘူး။ ကျွန်တော်နာကျင်နေတာ၊ ဝေဒနာတွေ ခံစားနေရတာ Jungkookမမြင်ရတော့တာ ကျေနပ်ပါတယ်။ ကျွန်တော်နာကျင်နေတာ Jungkookမြင်ရင် နာကျင်မှာစိုးလို့။ ငိုမှာစိုးလို့။
မနေ့ညက ကျွန်တော် အသက်ရှူကြပ်ပြီး ရောဂါဖောက်တယ်။ နာကျင်တာပေါ့ Jungkookရယ်။ တစ်ကိုယ်လုံးက သွေးတွေ ဖျစ်ညှစ်ခံရသလိုပဲ။ အရမ်းကိုနာတယ်။ နှာခေါင်းက စီးကျတဲ့သွေးတွေလည်း ကျွန်တ်ာထင်တယ် ဆေးသွင်းတဲ့အထိ မရပ်လောက်ဘူး။ ကျွန်တာ် သတိလစ်သွားတော့ Jungkookနဲ့တွေ့ရမယ်ထင်ခဲ့တာ။ မတွေ့ဘူး Jungkookရယ် မတွေ့ဘူး။
သူနာပြုလေးတွေကပြောတယ်။ အခု ရုပ်သံလိုင်းမှာ လာနေတဲ့ဇာတ်လမ်းတွဲက ကြေကွဲရတယ်တဲ့။ မင်းသားနဲ့ မင်းသမီးက ချစ်ရက်နဲ့ခွဲနေရတာတဲ့။ ကိုယ့်အဖြစ်ကို ပြန်တွေးမိတော့ ကျွန်တော်တို့လည်း အရမ်းကိုဒရမ်မာဆန်တယ်နော်။ အခုတော့ ရှင်ကွဲ။ နောက်တော့ သေကွဲပေါ့။ ဒီနေ့ ခံစားရတာတွေ များသွားပြီ။ ပျော်စရာအတိတ်တွေကို အလည်သွားချင်တယ်။
မှတ်မှတ်ရရ အဲ့ဒီနေ့က ဖေဖော်ဝါရီ 14။ ချစ်သူများနေ့တဲ့။ Jungkookလက်ထဲမှာ ပန်းစည်းတွေ လက်ဆောင်တွေ အများကြီးပဲ။ ကျွန်တော် စိတ်မကောင်းတောင် ဖြစ်မိတယ်။ ကျွန်တ်ာက Jungkookမမြင်နိုင်တဲ့ သဲပွင့်လေးတစ်ပွင့်ပဲလို့။ ဒါပေမဲ့လေ။ Jungkookက လက်ဆောင်တွေ အားလုံးနဲ့ ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး "Taehyung ချစ်တယ်။ ကိုယ့်ရဲ့ကောင်လေးဖြစ်ပေးပါ"တဲ့။ ကျွန်တော်လေ ရူးမတတ်ကို ဖြစ်ခဲ့ရတာ။ Jungkookက ကျွန်တော့်ကို ချစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဘုရားစူး။ Jungkookပြောတဲ့ "ချစ်တယ်"ဆိုတဲ့ စကားလေး ဒီနေ့ထိ မဟုတ်ဘူး သေတဲ့ထိ အမှတ်ရနေမှာ။ အဲ့အချိန်တွေကို အတွေးထဲမှာ အမြဲrepeatလုပ်ထားတယ်။ အပျော်ခဲ့ဆုံးအချိန်တွေဖြစ်ခဲ့လို့။
YOU ARE READING
Diary / / Short Story
أدب الهواةKim Tae Hyung Jeon Jung Kook Vkook yaoi fic Short Story