Zawgyi>>>
ကြိုက်သလောက်သုံးဆောင်ပြီးမှ မလိုအပ်တဲ့အခါစွန့်ပစ်ရအောင် ကိုယ့်အချစ်ကပီကေမဟုတ်ဘူး....
ခဏတာချစ်ပြီးထားသွားရအောင်လည်း ကိုယ့်လုံးသားက အပေါစားမဆန်ပါဘူး....
ဒီလိုပဲ...
တည်းခိုပြီးမှထွက်သွားခွင့်ပေးရအောင် ကိုယ့်ရင်ခွင်ကသာမာန် ယာယီဇရပ်တစ်ခုမဟုတ်ဘူး Yeol..
တားဆီးခွင့်မရှိတဲ့ဇရပ်လေးတစ်ခု ထက်စာရင်တော့ မင်းအတွက်ကိုယ်ဟာ လှောင်အိမ်တစ်ခုဖြစ်ရလိမ့်မယ်
အနည်းဆုံးတော့ မင်းကိုသော့ပိတ်ပြီးထွက်မသွားအောင် ချုပ်ထားလို့ရနိုင်တယ်လေ အဲ့တာကြောင့် တောင်းပန်ပါတယ်...yeol.....
အတ္တဆန်တဲ့နှလုံးသားနဲ့ လွတ်မြောက်ခွင့်မပေးနိုင်တဲ့ အချစ်တွေအားလုံးအတွက်ပါ...
"Yeol အပေါ်ထပ်တက်တော့..."
"ဟုတ်..."
ထမင်းစားပွဲမှထကာ Yeol အပေါ်ထပ်ကိုတက်သွားသည် တကယ်တမ်းသူသာပြေးချင်ရင် အပြင်ကိုထွက်လိုက်တာနဲ့ သူ့ omma ကိုတွေ့ရမှာပဲလေ...
အဲ့တာကိုသူ့စကားနားထောင်ပြီး အပေါ်ထပ်တက်သွားတဲ့ Yeol ကြောင့်ပျော်ရွှင်မိတယ်...ငါ့စကားကိုအမြဲနားထောင်ပေးလို့ ကျေးဇူးပါ yeol ah....
"Byun baekhyun!!"
ခြံဝကထိုမိန်းမကြီးရဲ့အော်သံကို စိတ်ပျက်မိပါသည်...ခင်ဗျားသားဟုတ်လား?ဟင့်အင်း ...အဲ့တာကျွန်တော့ရဲ့ချစ်သူ...
~Ting tong
အဆက်မပြတ် bell တီးသံတွေကလည်းစိတ်အနှောင့်ယှက် ဖြစ်စရာတွေပေးသည်...Yeol စိတ်မပြောင်းခင်အမြန်ဆုံး တံခါးဖွင့်ပေးလိုက်သည်...
Chanyeol ကအပေါ်ထပ်တံခါးနားလေးမှာ ခေါင်းအသာထွက်ပြီးကြည့်နေမိတာပေါ့...ခဏနေတော့အိမ်ထဲဝင်လာတဲ့ omma....
"Byun baekhyun! ငါ့သားဘယ်မှာလဲ?ပြော..."
Hyun အင်္ကျီစကိုဆွဲကာ ထိတ်လန့်စွာမေးနေတဲ့ omma....Hyun ဆီမှခနဲ့သလိုရယ်သံတစ်ချက်...
"ခင်ဗျားသိရဲ့သားနဲ့ လာမေးမနေပါနဲ့ YoungMee shi...."
သိရဲ့သားနဲ့?အဲ့တာဘာကိုပြောတာလဲ?ကျွန်တော်ဒီမှာရှိနေတာ omma သိတယ်ဆိုတဲ့သဘောလား?
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...