တရက်အကြာမှာ Yuan Ru မျက်စိအောက်က ရှောင်ချင်တာနဲ့ Xia Yao အလုပ်ကို စက်ဘီးနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် ခပ်ကိုင်းကိုင်း ပုံသဏ္ဌာန်နဲ့ လက်ကိုင်းတွေကို Xia Yao ကိုင်နင်းနေပြီး တခါတရံ သူ့ရဲ့ ဖြူဖွေးနေတဲ့ အင်္ကျီစဟာ လေအတိုက်မှာ တချက်တချက်လွင့်သွားကာ ချောမွေ့နူးညံ့ပုံရတဲ့ ဖြူဖွေးနေတဲ့ ဗိုက်သားလေးကို ပေါ်လာစေတယ်
ရှည်ပြီး ဖြောင့်တန်းနေတဲ့ ခြေထောက်တွေဟာ ကွေးလိုက်ဆန့်လိုက်နဲ့ ခြေနင်းကို နင်းနေတဲ့ Xia Yao ရဲ့ လှုပ်ရှားမှုနဲ့အတူ ဟန်ချက်ညီညီရှိနေပြီး အနုပညာဆန်ပြီး ကြံ့ခိုင်တဲ့ မျဉ်းဖြောင့်လေးတွေလို ဖြစ်နေတယ်
Xia Yao ဖြတ်သွားတာကို မြင်တဲ့ မိန်းကလေးတွေအကုန်လုံး သူ့ကို မကြည့်ပဲ မနေနိုင်ဖြစ်နေကြတယ် သူတို့ရဲ့ တယုတယကြည့်နေတဲ့ အကြည့်တွေအကုန်လုံးကို တစ်ကြောင်းထဲနဲ့ အဓိပ္ပာယ်ဖော်ရမယ်ဆိုရင်တော့...
"အရမ်းကို ချောလိုက်တာ"
သူ့ဌာနကို ရောက်တော့ Xia Yao စက်ဘီးကို ကားပါကင်မှာ ရပ်နေတုန်းမှာပဲ သူ့လုပ်ဖော်ကိုင်ဖက် Chang Tian နဲ့တွေ့တယ်
"အောင်မာ စက်ဘီးတွေဘာတွေနဲ့ ဘာဖြစ်တာလဲ"
Xia Yao အနေနဲ့ သူ့ stalker ဘေးက လွတ်အောင် စက်ဘီးစီးလာတာဖြစ်တဲ့အကြောင်း သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောပြဖို့ စိတ်ကူးမရှိတဲ့အတွက် ရိုးရိုးလေးပဲ ပြန်ဖြေလိုက်တယ် "လေ့ကျင့်ခန်းလုပ်နေတာ"
"မင်းလိုကောင်မျိုးအတွက်တော့ မလိုအပ်ပါဘူးကွာ" Chang Tian က Xia Yao ဖင်ကို ရိုက်လိုက်တယ် "ဒီဟာလေးအတွက် ကြွက်သားတွေ ထုတ်နေတာလား"
Xia Yao က သဘောမကျတဲ့ပုံစံနဲ့ ပြန်ဖြေတယ် "မင်းငါ့ဟာ ပြားအောင်လုပ်နေတာလား"
"အာ မေ့သွားလို့" Chang Tian ပြုံးလိုက်တယ်
"Xia သခင်လေး ခင်ဗျားအထိခံရတာ သဘောမကျဘူး သူများတွေကို ထိရတာလည်း သဘောမကျဘူး ခင်ဗျားမိန်းမသာရရင် ဘယ်လိုနေမလဲ"
Xia Yao, Chang Tian ရဲ့ လည်ပင်းကို ရိုက်လိုက်တယ် "မင်းအပူပါလား"
ကြာရှည်လှတဲ့ အလုပ်ချိန်တွေရဲ့ အဆုံးမှာတော့ Xia Yao တယောက် နောက်ပေါက်က ထွက်လာပြီး ကားပါကင်ကို ချောင်းကြည့်ဖို့ စိတ်ကူးရလိုက်တယ် စက်ဘီးကတော့ ရှိနေတုန်းပဲ ပင်မဂိတ်ကို ကြည့်လိုက်တော့ ကားကခါတိုင်းလိုပဲ သူ့ကိုစောင့်နေတဲ့ပုံနဲ့ ရပ်နေတယ် Xia Yao, Yuan Zong ကို စူးစူးစမ်းစမ်းအကြည့်တခုနဲ့ ကြည့်ပြီးတဲ့နောက်မှာ ခြေထောက်တွေကို ဆန့်ပြီး စက်ဘီးစနင်းတော့တယ်
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...