ရေခဲမုန့်ဆိုင်ကနေ ထွက်လာတော့
"Seo..... ကိုယ့်ခါးကို ဖက်ထား..... ပြုတ်ကျမှာ စိုးလို့...."
"လာပြန်ပြီ ဖက်ခိုင်းပြန်ပြီ......😕💭"
Seohyunက မဖက်ဘဲ ဒီအတိုင်း လိုက်လာတယ်..... ရှေ့မှာ ချို င့်တစ်ခုကို တွေ့တော့ Yoonaတယောက် Devil smileနဲ့ ပြုံးပြီး ချို င့်ထဲ ဆင်းလိုက်တယ်.... ချိုင့်ထဲ ပြုတ်ကျလို့ Seohyun တယောက် အလန့်တကြားနဲ့ Yoonaရဲ့ ခါးကို ဖက်လိုက်သည်။ Yoonaကတော့ အောင်နိုင်သူအပြုံးနဲ့ ပြုံးပြီး စက်ဘီးဆက်နင်းနေသည်။ Yoonaရဲ့ ခါးကို Seohyun ဖက်ရင်း
"ဒီလူကြီးရဲ့ ခါးကို ဖက်မိတိုင်း ငါဘာလို့ ရင်တွေခုန်နေပြန်တာလည်း.......... ဘယ်ကောင်မလေးတွေကို ငမ်းနေလို့ ချိုင့်ကိုတောင် မမြင်တာလည်း မသိဘူး မုန်းစရာကြီး💭💭💭💭💭"
Yoonaရဲ့ ခါးကို ဖက်မိပြီး Seohyunတယောက် ရင်တွေ ခုန်နေတယ်.....
"Arr..... အသိစိတ် ပြန်ဝင်စမ်း Seo Juhyuk...... 💭💭💭" ထိုစဉ် Seohyunရဲ့ ဖိနပ်တစ်ဖက် ပြုတ်ကျသွားသည်။
"Yoong..... စက်ဘီး ရပ်ပေးအုံး ငါ့ဖိနပ် ကျကျန်ခဲ့လို့....."
Yoonaလည်း စက်ဘီးရပ်လိုက်ပြီး
"ဖိနပ် ပြုတ်ကျကျန်ခဲ့အောင် အနောက်ကနေ ဘယ်လိုများ ထိုင်လိုက်လာတာလည်း မသိဘူး 😵"
Seohyun လည်း Yoonaကို မျက်စောင်းထိုးပြီး ဖိနပ်သွား ကောက်တယ်......ပြီးတော့ Yoonaဆီ ပြန်လာတယ်.....
"မစီးဘဲနဲ့ ကိုင်ခဲ့ပါ့လား မဟုတ်ရင် ရှေ့ကို ရောက်မှာ မဟုတ်ဘူး တချိန်လုံး ဖိနပ်ဆင်းကောက်နေရတာနဲ့....."
"Yrr..... အခု တခါလေး ဖိနပ်ပြုတ်ကျတာကို အပိုတွေ ပြောမနေနဲ့ 😤😤"
Yoonaလည်း Seohyunကို ကြည့်ပြီး ရယ်ရင်း
"Haha cute....😍"လို့ ပြောလိုက်သည်။
Yoonaကို မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေပေမယ့် Seohyunရဲ့ စိတ်ထဲမှာ သူမကို Yoonaက cuteလို့ ပြောလို့ ကျေနပ်နေတယ်လေ........ စက်ဘီး လျှောက်စီးကြရင်း နေ့လည်စာ စားချိန်ရောက်တော့ ဆိုင်တစ်ဆိုင်ထဲ Yoonaတို့ ၀င်ထိုင်ကြတယ်..... Seohyun ထိုင်ဖို့ နေရာလုပ်ပေး Menuကိုလည်း Seohyunရဲ့ စိတ်ကြိုက် ရွေးခိုင်းတဲ့ Yoonaရဲ့ Gentle Man ပုံစံကြောင့် Seohyun ကျေနပ်ပီတိဖြစ်နေတယ်...... စားတော့လည်း Seohyunအတွက် အသားတွေ လှီးပေး အအေး ငှဲ့ပေးနဲ့ Yoonaရဲ့ အပြုအမူတွေကြောင့် Tomboyလေး Seo Juhyuk အသည်းနှလုံးလည်း တဖြည်းဖြည်း ပျော့ပျောင်းလာတော့မယ်လို့ ထင်ပါတယ်......
Yoonaတို့ စားသောက်ပြီးနောက်
"Seo...... ခဏလေးနော် ကိုယ် သန့်စင်ခန်း ခဏသွားချင်လို့....."
"Ok...."
Yoonaလည်း သန့်စင်ခန်းထဲ ပြေးဝင်သွားတယ်..... ကိစ္စတွေ ရှင်းပြီးနောက် ပြန်ထွက်လာတော့ Seohyunကို ယောင်္ကျားတယောက်က ခေါင်းလေး ပွတ်ပေးနေတာ တွေ့တော့ Yoona စိတ်တိုသွားတယ်...... ထိုနေရာကို အမြန်သွားပြီး Seohyunကို ဆွဲကာ ရုပ်တည်ကြီးနဲ့ ထို ယောင်္ကျားကို မေးလိုက်သည်။
"ခင်ဗျား ဒါ ဘာလုပ်တာလည်း......"
ထိုယောင်္ကျားမှာ Yoonaကို ကြည့်ပြီး ရယ်လေသည်။ သူ့ကို ကြည့်ပြီး ရယ်လို့ Yoona တယောက် ပိုစိတ်တိုပါလေရော.....
"ကျုပ်ပြောတဲ့ စကားထဲမှာ ရယ်စရာပါလို့လား ဟိတ်လူ....."
"Yoong....."
"Seo.... မင်းနဲ့သူက ဘာလည်း မင်း...."
ထိုယောင်္ကျားလည်း သူတပ်ထားတဲ့ မျက်မှန်ရယ် ဦးထုပ်နဲ့ နှုတ်ခမ်းမွှေး အတုကို ဖြုတ်လိုက်တော့ Yoona အံ့သြသွားပြီး
"ဟာ...... uncle Hyo...... uncle Hyo... ဟုတ်တယ်မလား"
"ဟုတ်ပါတယ် ငါ Hyoyeonပါ Choi Yoona..... မင်းက အခုတော့ ငါ့ကို မမှတ်မိတော့ဘူးပေါ့ အရင်ကတော့ ငါနဲ့ကစားလာပြီး ခုကျ.. ..."
"ဟီး😁😁 ရုတ်တရက်ဆိုတော့ မမှတ်မိတာပါ ပြီးတော့ uncleကလည်း ရုပ်ဖျက်ထားတော့....."
"အပိုတွေ သူ့မိန်းမ ထိလို့ ဘာမှ မမြင်တော့တာများ 😝"
"😁😁 "
"Congratulation ပါ ကလေးတို့ ငါ မင်းတို့ မင်္ဂလာပွဲတုံးက California ဘက်ရောက်နေလို့ မလာနိုင်တာ
ငါအခုထိ မှတ်မိတယ် ငါနဲ့ အမြဲ ကစားခဲ့ကြတဲ့ ငါ့လက်ပေါ်မှာ ကြီးပျင်းလာခဲ့တဲ့ ကလေးနှစ်ယောက်က ခုတော့ အရွယ်ရောက်လာလို့ အိမ်ထောင်တွေတောင် ပြုကုန်ကြပြီ....."
"ဟုတ် ရပါတယ် ကျေးဇူးပါ Uncle Hyo.... uncle Hyoရော..... အခုလိုဘဲ ကမ္ဘာပတ်နေတော့မှာလား ဆေးပေးမီးယူလေး မရှာတော့ဘူးလား....."
"တော်ပါပြီ အခုလို ကမ္ဘာပတ်ပြီး အေးဆေးဘဲ နေပါရစေ.......အရွယ်လေး ရှိတုံး ကဲလိုက်ပါအုံးမယ်..... အသက်ကြီးလာရင်တော့ Koreaမှာ အခြေစိုက်နေမယ်....."
"ပြီးတော့ ကျွန်တော်နဲ့ Seoလေး မွေးတဲ့ ကလေးတွေကို ထိန်းပေါ့ ဟီးဟီး....."လို့ပြောပြီး Seohyunရဲ့ ပခုံးကို ဖက်လိုက်တဲ့ Yoonaကြောင့် Seohyun ကြောင်သွားတယ်.....
"😂😂 မင်းတို့သားအဖတွေကလည်းကွာ ငါ့ကို နာနီများ ထင်နေကြလား အားရင် ကလေးဘဲ ထိန်းခိုင်းနေကြတယ်......ဒါနဲ့ မင်းတို့က ကလေး ဘယ်နှယောက် ယူမယ်လို့ စိတ်ကူးထားလည်း....."
Seohyunကို Yoonaကြည့်ပြီး
"Yeobo...... ကိုယ်တို့ အမြွှာလေး ယူမလား သားလေးချည်း မွေးမလား သမီးလေး မွေးမလား ကလေးဘယ်နှယောက် ယူမလည်း....."
Yoonaရဲ့ ဗိုက်ကို Seohyun ဆွဲလိမ်လိုက်တော့
"ဟီး..... သူက uncle Hyo ရှိလို့ ရှက်နေတာနေမှာ......"
"အေးလေ မင်းကလည်း ကလေးယူမယ့် အကြောင်းကို လူရှေ့မှာ မေးစရာလား ညတိတ်ဆိတ်ချိန်မှ မေးရမှာကို😂😂"
"😁😁"
"ကဲ ငါလည်း ငါ့ပိုက်ဆံချေးထားတဲ့သူက ဒီကို လာရှောင်နေတယ်လို့ သတင်းကြားလို့ ရုပ်ဖျက်ပြီး လာစောင့်နေတာ..... သူ့နောက်ကို ဆက်လိုက်အုံးမယ်..... မင်းတို့ရဲ့ Appaတို့ကို ပြောလိုက် ငါနှုတ်ဆက်လိုက်တယ်.... မေးလိုက်တယ် ဆိုတဲ့ အကြောင်း ပြီးတော့ တရက်လောက် တွေ့ပြီး ကဲကြရအောင်လို့😜😜😜"
"Nae ပြောလိုက်ပါမယ် Uncle Hyo....."
Hyoyeon လည်း ထွက်သွားရော... Seohyunရဲ့ လက်ကို တွဲထားတာ မဖြုတ်ဘဲ စက်ဘီးထားရာဘက်ကို လျှောက်လာတယ်.....
"လက်ကိုလည်း ဖြုတ်ပါအုံး uncle Hyoမရှိတော့ဘူးလေ....."
"ဒါနဲ့ မင်း သရုပ်ဆောင်နည်းနည်းလိုတယ်....... uncle hyoနဲ့ တွေ့တုံးက ကိုယ်ကဘဲ စကားတွေ ပြောနေရတယ် မင်းက ဘာမှလည်း ၀င်မပြောဘူး ကြောင်တောင်တောင်နဲ့..... ပြီးတော့ ဒီ အနီးတ၀ိုက်မှာ... ကိုယ့်အဖေရဲ့ လူတွေရှိတယ်လေ.... ညားခါစ လင်မယားဖြစ်ပြီး ချစ်ချစ်ခင်ခင်လည်း မရှိကြဘူးဆိုပြီး ပြန်တိုင်ကြရင် ဘယ်လိုလုပ်မလည်း.. .."
Seohyun Yoonaကို မျက်စောင်းထိုးပြီး
"Aigoo.... Actor Choi Yoona..... သရုပ်ဆောင်ပီပြင်လွန်းလို့ အကယ်ဒမီ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းတွေ ပေးရမယ် Korea ကို ပြန်ရောက်ရင် 😖😖😏😏 "
"ကဲပါ စက်ဘီးပေါ်တက် Hotel ပြန်ပြီး အိပ်ကြရအောင်...."
"ဘာ......😠😠😠😠"
"ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်က နေ့လည်စာ စားပြီးလို့ တရေးတမော ခဏအနားယူပြီး အိပ်ကြမယ်လို့ ပြောနေတာကို မင်းက ဘာတွေ တွေးနေတာလည်း...."
"ဘာတွေးလို့လည်း....."
"မင်း ဘာတွေးနေမှန်း မင်းဘဲ သိမှာပေါ့ ကိုယ်က ဘယ်လိုသိမှာလည်း......😜😜"
"😤😤😤 "
"ကဲပါ ပြန်ကြစို တက် စက်ဘီးပေါ်....."
"ဖြည်းဖြည်းလည်း နင်းအုံး လမ်းက ရေကူး ၀တ်စုံနဲ့ ကောင်မတွေကို ငမ်းပြီး ချိုင့်ထဲ ဆင်းမနေနဲ့အုံး....."
"ဘာလည်း သ၀န်တိုနေတာလား...."
"တိုစရာလား ချိုင့်ထဲ ပြုတ်ကျတိုင်း ငါခါးနာလို့ဟဲ့......"
ဒီလိုနဲ့ သူတို့ ဟိုတယ်ကို ပြန်ရောက်တော့
"အမလေး ညောင်းလိုက်တာ စက်ဘီးပေါ်က ထိုင်လိုက်လာရတာ ဒီကြားထဲ ချိုင့်ထဲ ဆင်းဆင်းသွားလို့ ခါးကနာသေး....."
Yoonaကို မျက်စောင်းထိုးပြီး Seohyyn ညည်းလိုက်သည်။ Yoonaလည်း
"Honey.... ညောင်းနေတာလား လာ ကိုယ်ပွေ့ချီမယ် ပြီးရင် အခန်းထဲ ရောက်ရင် အညောင်းပြေအောင် လုပ်ပေးမယ်နော်...."ဆိုပြီး ပွေ့ချီလိုက်တယ်.....
"ဟဲ့ ဟဲ့ ချပေး ဘာလုပ်တာတုံး...."
"မအော်နဲ့လေ အားလုံး ကြည့်နေကြတယ်...."
Seohyunကို ပွေ့ချီကာ အခန်းထဲ ၀င်သွားတော့ ဟိုတယ်က ၀န်ထမ်းတွေက အားကျနေကြတာပေါ့
"အကိုလေး အရမ်း ရိုဆန်တာဘဲ ...... အကိုလေးလို ဂရုစိုက်ပြီး ကိုယ့်မိန်းမကို လူလယ်ခေါင်မှာ ရဲရဲဝံ့ဝံ့ ချစ်ပြတတ်တဲ့ ယောင်္ကျားမျိုး လိုချင်လိုက်တာ...."
Yoonaလည်း အခန်းထဲရောက်တော့ Seohyunကို ကုတင်ပေါ် ချပေးလိုက်သည်။
"ဒါလည်း သရုပ်ဆောင်တာဘဲလား.....😏😏"
"Bingo..... မင်းတော်တယ်....."
" သရုပ်ဆောင်တာ ၀ါသနာပါရင်လည်း ဘာလို့ company အလုပ်လုပ်တာလည်း သရုပ်ဆောင် လုပ်ပေါ့ ဒီအချိန်ဆို နင် သရုပ်ဆောင် အရမ်းပီပြင်လွန်းလို့ အကယ်ဒမီတွေ ဆုတွေ ဘယ်နှခုတောင် ရနေမလည်းမသိ....."
အမူအရာတွေနဲ့ စကားပြောနေတဲ့ Seohyunကို ကြည့်ပြီး Yoona သဘောကျပြီး ရယ်နေတယ်.....ပြီးနောက် အပေါ်ဝတ် အင်္ကျီကို ချွတ်လိုက်တော့
"နင်.... ဘာလို့ အင်္ကျီချွတ်တာလည်း...."
"Aww.... ခုနက ကိုယ်ပြောခဲ့တယ်လေ အိပ်မယ်လို့....."
Yoonaပြောတဲ့ စကားကို သူတို့ရဲ့ အခန်းရှေ့ဖြတ်သွားတဲ့ Sooyoungရဲ့ လူယုံက ကြားသွားပြီး တစ်မျိုး ထင်သွားတယ်....
"ဟာ.... နေ့လည်လည်း အကိုလေးက မရှောင်ဘူးဟ ငါ ၀န်ထမ်းတွေကို ပြောထားရမယ် ဒီဘက်ကို မလာနဲ့လို့ ငလျင်ကြောမိလိမ့်မယ်ဆိုပြီး..."
Yoonaက သူ့ရဲ့ အပေါ်ဝတ်ကို ချွတ်ပြီး ကုတင်ပေါ် လှဲအိပ်လိုက်တယ်..... Yoona အင်္ကျီပေါ်က ချွေးကွက်တွေကို Seohyunမြင်တော့
"ဟင် နင့်အင်္ကျီမှာ ချွေးကွက်တွေ...."
"အေးလေ မင်းလို ၀က်ပုတ်လေးကို တစ်လမ်းလုံး နင်းလာရတာ ချွေးမထွက်ဘဲ နေပါ့မလား....."
"Yrrr.... ငါအဲ့လောက် မ၀ပါဘူးနော်..... အင်္ကျီလဲလိုက်အုံး Air Conနဲ့ ချွေးအအေးပတ်လိမ့်မယ်...."
"ကိုယ့်ကို စိုးရိမ်နေတာလား...."
"စိုးရိမ်စရာလား ချွေးအအေးပတ်ပြီး သေမှာစိုးလို့...."
Yoonaလည်း ရယ်ပြီး အင်္ကျီချွတ်လိုက်သည်။ Seohyunကတော့ တခြား တစ်ဖက်ကို လှည့်အိပ်နေသည်။
"Seo.... လှည့်မကြည့်နဲ့နော် ကိုယ် အ၀တ်လဲနေတယ်...."
"ကြည့်စရာလား နင့်လို နှာဘူးမဟုတ်ဘူး..."
Seohyunကို စပြီး Yoona တခွီးခွီးနဲ့ ရယ်နေတယ်....ခဏကြာတော့ နှစ်ယောက်သား လျှောက်လည်ရတာ ပင်ပန်းလို့  အိပ်ပျော်သွားကြသည်။