Sleep(Trans-One shot)

1.3K 111 11
                                    

SNSD members တွေအကုန်လုံး ၊ သူတို့မိဘတွေ၊ ကမ္ဘာတလွှားက Sones တွေအကုန်လုံး
snsd ရဲ့ ice princess လို့ခေါ်တဲ့ Jessica Jung Sooyeon တယောက်ဘယ်လောက်အိပ်ပုတ်ကြီးမှန်း သိကြတယ်
တကယ်ဆိုရင် အိပ်ပုတ်ကြီး တယ်ဆိုတာ အထင်သေးတဲ့စကားလုံး လို့တောင်ဆိုနိုင်တယ်
Jessica က နေ့လည်နေ့ခင်းတရေးတမော အိပ်တာတောင် ၁၄ နာရီကြာအောင် အိပ်နိုင်တယ်

Member တယောက်ဖြစ်တဲ့ Tiffany ကတော့ jessica ရဲ့ တရေးတမော အိပ်စက် ချိန်ဆိုတာကို အမြဲမေးခွန်းထုတ်လေ့ရှိတယ်
၁၄ နာရီ တောက်လျှောက်အိပ်တာကို တရေးတမော အိပ်တယ်လို့ သတ်မှတ်လို့ရသလား?😪😪😪😪

Well,သူမလည်းသိပါတယ် လူတယောက်ဟာ တရေးတမော အိပ်ဖို့လိုအပ်တယ်ဆိုတာ
ဒါပေမယ့် Jessica ကတော့ တနေ့ကို ၇ ခါလောက်တရေးတမောအိပ်နိုင်တယ် ဒါမထူးဆန်းဘူးလား လို့ Tiffany အမြဲတွေးလေ့ရှိတယ်

သူတို့တွေ debut လုပ်စတုန်းက Jessica က medical check-up လုပ်ခဲ့တယ်
ဆရာဝန်​ က Jessica ကို ကောင်းကောင်းအနားယူဖို့ လိုအပ်တယ် လို့ပြောခဲ့တယ်
မဟုတ်ရင် သူမဒုက္ခရောက်နိုင်တယ်
Jessica ကအဲ့ ကိစ္စ ကို လျှို့ ဝှက်ထားဖို့ လုပ်ခဲ့ပေမယ့် Tiffany ကအဲဒါကို တနည်းနည်းနဲ့ သိရှိခဲ့တယ်

သူမအဲ့ဒီတုန်းက Jesica အတွက်အရမ်းစိုးရမ်ခဲ့တယ် Hyoyeon နဲ့ Sooyoung ကတော့ သေချာအနားယူရင် စိတ်ပူစရာမလို ကြောင်း၊ Jessica ကကောင်းကောင်း အနားမယူရမှ စိတ်ပူစရာလိုကြောင်း Tiffany ကို သေချာ ရှင်းပြခဲ့ကြတယ်

Jessica ရဲ့ တနေ့တာ schedule က အိပ်တယ်၊စားတယ်၊ကားပေါ်မှာ အိပ်တယ်၊ variety show သွားတယ် ၊ ကားပေါ်မှာ အိပ်တယ်၊ practice လုပ်တယ်၊dorm ကို ပြန်တဲ့ လမ်းမှာ အိပ်တယ်၊ dorm မှာအိပ်တယ်😴😴😴😴😴

Tiffany က Jessica ရဲ့ တနေ့တာ schedule ကို နားလည်လက်ခံနိုင်အောင်ကြိုးစားခဲ့တယ်
Jessica ကသူမရဲ့ Grilfriend မဖြစ်ခင်အထိပေါ့

Beauty time က လိုအပ်တယ် ဆိုတာ Tiffany သိပါတယ်
ဒါပေမယ့် Jessica ကအမြဲတမ်း အိပ်နေတဲ့ အခါမှာ တော့ နှစ်ယောက်အတူတူ ကုန်ဆုံးလာရတဲ့ အချိန်တွေကနည်းလာတယ်

အိပ်နေတဲ့ ချစ်သူကို တစိမ့်​စိမ့်​ကြည့်​ နေလို့တော့ မပြောလေနဲ့
ဘယ်သူက ၁၄ နာရီတောက်လျှောက်အိပ်တဲ့သူကို ထိုင်ကြည့်နိုင်မှာလဲ😒😒😒😒
( author ထိုင်ကြည့်နိုင်တယ် ၂၄ နာရီပြည့်အောင်ကို ကြည့်နိုင်တယ်
အဲ့ရေခဲတုံးကြီးကို😉😉😉😉)

Sleep (Trans)Where stories live. Discover now