အတ္တ

217 13 0
                                    

ကလေးသိစေချင်တာတော့ ကိုယ်မှာကလေးနဲ့ပတ်သတ်တဲ့ အရောင်စုံအတ္တတွေ အများကြီးရှိတယ်

ဖြူစင်တာရှိသလို မည်းညစ်တာလည်းရှိတယ်

အချစ်အရောင် ပန်းနုလေးလို ရှိသလို အရောင်အဆင်းမမြင်ရတဲ့ လေပြေလို အတ္တလည်းရှိတယ်

တည်ငြိမ်သလို မုန်တိုင်းလည်းဆန်တဲ့ အတ္တရှိတယ်

ဒါပေမဲ့ ကိုယ့်အတ္တကြောင့်တော့ ဘယ်တော့မှ ကလေး မငိုကြွေးစေရဘူး

ကိုယ်ဆိုတဲ့ ဖြစ်တည်မှုတောင်မသိတဲ့ကလေးကို အတ္တမျိုးစုံတွေနဲ့ တစ်ယောက်တည်း ရစ်နှောင်ထားမိတာ လူရယ်စရာများဖြစ်နေမလားး

ကိုယ်ဂရုမစိုက်ပါဘူးးး ကလေး ပတ်ဝန်းကျင်ကို ကိုယ့်အတွက် ဘယ်လိုဖြစ်ဖြစ် ကိုယ်ချစ်တဲ့ကလေးကို အမြင့်မှာသာနေစေချင်ပြီ တောက်ပနေစေချင်တာ ကိုယ်ရဲ့ အဖြူစင်ဆုံးအတ္တပါ ကလေးး

အမြဲတမ်းပြုံးနေပါ ကိုယ့်ကို မသိလည်း ကိုကတော့ ကလေး တောက်ပအောင် ကိုယ့်အတ္တတွေနဲ့ အကောင်းဆုံး အားပေးနေမှာ
#ကိုယ့်ကလေးငယ် fan girlတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့
ပထမဆုံးအတ္တလေးဟာ ဖြူစင်ပါတယ်နော်

ကလေးသိဖို့က ကိုယ့်အတ္တဟာ ဘယ်လိုအရောင်ပြောင်းပြောင်း ကလေးအတွက်တွေ ချည်းပါပဲ

သိပ်သိပ်ချစ်ပါတယ် ကလေးငယ်

အတ္တWhere stories live. Discover now