တစ်ခါတစ်ရံမှာ မြှားနတ်မောင်ဟာ
မြှားတံကိုတမင်လွဲချော်စေသလားလို့
ထင်ရလောက်အောင် ဉာဏ်များတတ်သည်။လောကကြီးကလည်း မြှားတံတွေကို
မြင်ရအောင် ဖန်ဆင်းပေးထားသင့်သည်။အခုတော့ဗျာ ဘယ်တုန်းကမှ
ထင်မထားခဲ့တဲ့သူက ကျွန်တော့်
နှလုံးသားကို ပြောင်ပြောင်တင်းတင်း
ခိုးယူသွားတာ လက်မှိုင်ချထိုင်ကြည့်နေရပေသည်။"Yaa ! Seonbae nim တို့လာပြီ .."
အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားတဲ့
အသံပေါင်းစုံနဲ့အတူ ကျွန်တော့်မျက်ဝန်းတို့်
တံခါးပေါက်သို့ ဦးတည်လိုက်သည်။ဝင်လာကြသော စီနီယာအချို့မှာ
တစ်ချို့က မျက်နှာထားတည်တင်းလျက်။တစ်ချို့က ချိုသာစွာပြုံးလျက်။
တစ်ချို့က ပုံမှန်မျက်နှာထားဖြင့်။
"အား ။ Min Woo Seonbaeချောလိုက်တာ"
"Yaa! Nar Li Noona က
ငါ့ကိုပြုံးပြနေတာကြည့်စမ်း"အမျိုးမျိုးသော အသံတွေက ဘေးနားပတ်ဝန်းကျင်
မှာပျံ့နှံ့လျက်။"မင်္ဂလာပါ ကလေးတို့်"
စီနီယာအမတစ်ယောက်က
ပြုံးရွှင်စွာ နှုတ်ဆက်သောအခါ
ဟေးကနဲ ယောကျာ်းလေးများအော်သံက
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။"Art of Universe University ကို
ရောက်လာတဲ့အတွက် ကြိုဆိုပါတယ် ""အခု မေဂျာအသီးသီးကကိုယ်စားပြုသော
စီနီယာတစ်ယောက်စီက ကလေးတို့်ရှေ့မှာ
ရပ်နေကြပါတယ်။"ချိုသော အပြုံးဖြင့် စီနီယာ အကို၏ စကားသံက
ဝံ့ထည်စွာ ထွက်ပေါ်နေသညိ။"ကဲ ကလေးတို့မှာ အားသန်ရာ ၊
ပါရမီပါရာ သို့မဟုတ် ဝါသနာပါရာ
တစ်ခုခုတော့ရှိလိမ့်မယ်။ ဥပမာ
Music , Dance , Instrument
စသည်ဖြင့် ကလေးတို့ ရွေးချယ်ပြီးသားဖြစ်သလို
မရွေးရသေးတဲ့လူများလည်းရှိလိမ့်မယ်။
ကလေးတို့ တက်ရောက်မယ့် မေဂျာက စီနီယာများက
ရှေ့တည့်တည့်မှာ ရပ်နေကြပါတယ် ။ ကလေးတို့လုပ်ရမှာက ကလေးတို့သဘောကျတဲ့ မေဂျာကိုယ်စားပြု
စီနီယာဆီကို လာခဲ့ပါ ။ ပြီးလျှင် သူက ကလေးတို့်ကို
မေဂျာအကြောင်းအသေးစိတ်ရှင်းပြပါလိမ့်မယ် ။
ပြီးလျှင် ကလေးတို့ကျောင်းတက်ရာမှာ အဆင်မပြေတာ
တစ်ခုခုရှိလျှင် ကလေးတို့ကို တတ်နိုင်သလောက်ကူညီပါလိမ့်မယ်။"