လင်းလက်သွယ် လိုင်းကိုပါပိတ်လိုက်သည်။
ကျွန်မလိုင်းသုံးချင်စိတ်မရှိတော့…။ကျွန်မရင်တွင်းမှ မောင်နှင့်ပတ်သတ်၍ ပေါက်ဖွားလာသော ဝေဒနာအပိုင်းအစများအား ကျွန်မချော့မြူရဦးမည်။
သို့သော်မောင့်အား ကျွန်မခနဲ့ချင်သေးသည်။လိုင်းခဏပြန်ဖွင့်၍ မောင့်အား စာတစ်စောင်ပို့လိုက်သည်။:Congratulationပါမောင်
မောင်နှင့်ပတ်သတ်ရင်ကျွန်မကလေးဆန်တတ်လာတယ်မောင်
စာကိုပို့ပြီးကာမှ ကျွန်မ နောင်တရမိသည်။ကျွန်မအား အရွဲ့တိုက်တတ်သည့်မိန်းကလေးဟုတွေးကာ မောင်စိတ်ကုန်သွားမှာစိုးသည်။ကလေးဆန်လိုက်တာ လင်းလက်သွယ်ရယ်။
ကျွန်မ မောင့်အားမဆုံးရှုံးရစေရန် မည်သည့်အရာကိုလုပ်ရမည်နည်း။ခေါင်းထဲတစ်ဖြည်းဖြည်းတိုးဝင်လာသည်က ဒီရက်ထဲ ကျွန်မအလုပ်လုပ်ရန်စဉ်းစားမိတာရှိသည်။ဒေါ်လေးဆီမှာလည်းကြာကြာမနေချင်တော့။ဒီနှစ်လည်းအောင်ဖို့သေချာသည်။
"ဘာအလုပ်လုပ်ရပါ့မလဲ?"
ဘာအလုပ်ရယ်တော့ မယ်မယ်ရရမလုပ်ချင်ပေမယ့် မောင်နှင့်အနီးဆုံးအလုပ်ကိုသာ ကျွန်မလုပ်ချင်သည်။
>>>>>
ကျွန်တော်လိုင်းဖွင့်လိုက်သည်နှင့် သက်ပြင်းပင်ချလိုက်မိသည်။ဇွန်က RS တင်ထားတာပဲ။ဇွန်သည် အရာရာကို ပေါ့ပျက်ပျက်တွေးတတ်သည်။ကလေးဆန်သည်။ယခုအချိန် သူဖြစ်ချင်သည်က ကျွန်တော်နှင့်သူသည် တစ်ကျောင်းလုံးအားအကျရဆုံးစုံတွဲ။ခက်ပြီ မ လည်းတွေ့လောက်ရောပေါ့။မ wall ထဲဝင်ကြည့်လိုက်တော့ဘာstatus တစ်ခုတစ်လေမှတင်မထား။ဘာကိစ္စလေးမဆို ရယ်စရာတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် တင်တတ်သည့်မသည် ကျွန်တော်နှင့်ပတ်သတ်၍ စာတစ်ကြောင်းလောက်တောင်တင်ချင်စိတ်မရှိအောင်စိတ်ကုန်သည်လား။ကျွန်တော်ရင်တွေ ပူလာသည်။
မ ပို့ထားသည် စာတစ်စောင်ကိုကြည့်ရင်း ကျွန်တော် အသက်ရှူရတာပင် ခက်ခဲလာသည်။ဒါဟာ မ ပြောသလို နားလည်ပေးခြင်းမဟုတ်။မ သည် သူကိုယ်တိုင်ပင် မသိလေပဲ တစ်ချိန်တွင် ကျွန်တော့အား ထားသွားရန်ဦးတည်နေလေပြီ……။>>>>>
noti တွင်တက်လာသော စာတစ်ကြောင်းကြောင့် ကျွန်မသွယ်ငြိမ့်ငြိမ့်လွင်အတွက် အပြုံးတစ်ပွင့်ဖြစ်ပေါ်စေသည်။လင်း အဆင်ပြေတယ်ထင်ပါရဲ့။ဒါမျိုးကိုပြောတာနေမယ် 'ရင်ထဲက အပူလုံး ကျသွားသည်'ဆိုတာ။ကျွန်မဘက်ကစပြီးစကားပြောသင့်လား?
ဟင့်အင်းအဲလိုတော့မပြောချင်ဘူးလေကျွန်မဘက်ကစပြီးဘယ်ယောက်ျားလေး ဘယ်မိန်းကလေးကိုမှစပြီးစကားပြောခဲ့တာမျိုးမှမရှိခဲ့ပဲ။ထို့ကြောင့်ပင် ကျွန်မ အပေါင်းအသင်းလည်းမများ။ဒါပေမယ့် သူကလင်းဖြစ်နေတယ်။ကျွန်မ မာနတွေမထားဖို့ သူ မစေခိုင်းပါပဲ ကျွန်မက အလံဖြူပြချင်နေမိသူ။လူတစ်ယောက်အား ပြောင်းလဲစေနိုင်သည့် ထိုအရာကိုဘာလို့ခေါ်သည်လဲ??သိနိုင်ဖို့အတွက် ကျွန်မ နုံအပါသေးသည်။:လင်း ဟိုနေ့ကဘာဖြစ်သွားတာလဲ
ဒါလည်းမဟုတ်သေးပါဘူး။သူအနေနဲ့ မပြောချင်တာလည်းရှိမှာ။အဲ့ဒီလို မပြောချင်တဲ့အကြောင်းအရာတစ်ခုကို မေးမိတဲ့ ကျွန်မကိုပါစိတ်ပျက်ပြီး ရှောင်သွားရင်ရော?
*ကျွန်မစိုးရိမ်တယ်*
:လင်း နေကောင်းရဲ့လား?
ဟာ ရိုးလွန်းတယ် ကျွတ် ဘာပြောရမှာလဲ။
အဲ active now တဲ့
:hi
:hiသွယ်
ဘာစပြောရမလဲ?အာသိပြီ
:လင်း သဘက်ခါကိုယ့်မွေးနေ့လေ လင်းအဆင်ပြေမယ်ဆိုရင် လာလို့ရမလား?
:လင်း လာခဲ့မယ်လေ ဘယ်မှာတွေ့ကြမလဲ
:ရွှေတိဂုံဘုရားမှာ ညနေ၄နာရီလောက်ပေါ့
:လာခဲ့မှာပေါ့သွယ်ရဲ့ ဒါဆို လင်းout တော့မယ်နော်
:ok bye
လင်း ကျွန်မအား ဟိုနေ့ကဘာကြောင့်ထားခဲ့သည်ကိုတော့ ကျွန်မ မမေးဖြစ်တော့။သဘက်ခါဆို သူနှင့်ကျွန်မတွေ့ရပြီလေ။
>>>>>
"မောင်"
"မေ စောင့်နေတာကြာပြီလား"
"နာရီဝက်လောက်ပဲရှိသေးတယ်"
"sorry မေရယ် ကိုယ် နောက်ကျသွားတယ်"
မောင်က ဇွန့်အား အားနာနေသယောင်။နာရီဝက်လောက် နောက်ကျလို့တော့ မောင့်ကို ဇွန် စိတ်ခုမယ်လို့ထင်လို့လားမောင်ရယ်။တစ်ကယ်ဆို ဇွန်က မောင့်ကို တစ်နှစ်နီးပါးစောင့်ခဲ့ရတာ မောင်မှမသိပဲ။မောင်ကဇွန့် လက်ကိုစတင်မတွဲသော်ငြား ဇွန်ကတော့ မောင့်လက်မောင်းအား တွဲလိုက်သည်။ဟုတ်သည် ဇွန်က မောင့်အားစတင်ချစ်ရသူ…။
ယခုအချိန်တွင်တော့ မောင်နှင့်ဇွန်သည် တစ်ကျောင်းလုံးအားအကျရဆုံး အတွဲ……။"နောက်ဆို မေ့ကိုအားနာတယ်လို့မတွေးပါနဲ့ မောင်ရယ် မောင်နဲ့ဝေးသွားသလိုခံစားရလို့"
ကျွန်တော်ငုံ့ကြည့်လိုက်တော့ ဇွန်က ကလေးဆန်စွာပြုံးပြသည်။
အပြစ်ကင်းစင်လိုက်လေခြင်း ဇွန်ရယ်……ထိုအပြစ်ကင်းစင်လှသောဇွန်ဝတီဆိုသူမိန်းကလေးသည်ကျွန်တော့်ကြောင့်သာလျှင်အတ္တကြီးသောမိန်းကလေးအဖြစ်သို့ပြောင်းလဲသွားရလေသည်။
ကျွန်တော်သည်သာအရာအားလုံး၏တရားခံ……
sorry for late🙏.C U Soon😉😉
Hua(12.5.2016)
YOU ARE READING
"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်
RandomAbout Story တစ်ချိန်က "မ" တစ်ဖြစ်ကျွန်မက မိန်းမဆန်လွန်းသူ"မ" ကိုရင်နင့်အောင်ချစ်မိသွားခြင်း...... #လင်းလက်သွယ် အရာအားလုံးကိုစွန့်လွှတ်ပြီး"လင်း"ကိုရွေးချယ်လိုက်ချင်ပေမယ့် "လင်း"ရဲ့လက်ကိုတွဲပြီးအားလုံးနဲ့ဝေးရာကိုထွက်ပြေးလိုက်ချင်ပေမယ့် "မ" မယုံကြည်နို...