Part:5

2.6K 178 19
                                    

"ကောင်းခန့်"

"အေး ပြော"

"ငါ မ ကို အဆုံးရှုံးမခံနိုင်ဘူး"

"ဒီလိုဆို မင်းက ဇွန့်ကို လမ်းခွဲချင်တာလား ဇွန်က သနားစရာကောင်းတယ်"

ကျွန်တော်သက်ပြင်းချမိသည်။ဇွန်က ရိုးသားသည်။အိမ်တွင်လည်း ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေရသူလည်းဖြစ်သည်။သို့သော် ဇွန့်ဖေဖေသည် ဇွန့်အားအရာရာလွှမ်းမိုးလွန်းသည်။ဇွန်က အိမ်ကိုကြောက်ရသည်ဆိုပါတော့။ကျွန်တော်နှင့်တွဲကတည်းကိုက ဇွန့်အတွက်စွန့်စားလွန်းရာကျသည်။ကျွန်တော်သာ ထားခဲ့ပါလျှင်……

ကျွန်တော် ဒီဇာတ်လမ်းတွေကို မစခဲ့သင့်တာ။တစ်ကယ့်တစ်ကယ်ကျ ကျွန်တော်ဘာမှမဆုံးဖြတ်နိုင်။

"ပိုင်ကြီး ငါ့စိတ်ထင်တော့ မင်း မီးစင်ကြည့်ကလိုက်ပေါ့ အချိန်တန်ရင်တော့ သူ့အလိုလိုဖြစ်သွားမှာပဲလေ မင်းအတွက် နှစ်ယောက်စလုံးကသင့်တော်ပါတယ်။"

"ငါ ဇွန့်ကိုလည်းချစ်ပေမယ့် မ ကိုတော့ တစ်ဘဝလုံးစာအတွက်ရည်ရွယ်တာ မ နဲ့သာဆို ငါအရာရာကိုရင်ဆိုင်နိုင်လိမ့်မယ်။မ က မရင့်ကျက်ပေမယ့် လိုအပ်လာရင်တော့ ပြသနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်တယ်။"

"မင်းက အခုကတည်းက မမလင်း ဘက်ကိုစိတ်ပါနေတာကိုး ဒါဆိုရင်လည်း သူပြောသလို ဇွန့်ကိုဖြတ်လိုက်လေ"

"ဒီလိုကျ ဇွန်က သနားစရာကောင်းတယ်"

ခေါင်းတစ်ချက်ခါရင်း ကောင်းခန့်က ဂိမ်းဆက်ဆော့နေသည်။ပြသနာ ကြုံလာတိုင်း မ ကိုသာတိုင်ပင်တတ်သူမို့ ယခုအချိန် ရင်တွင်းမှဖြစ်ပေါ်နေသော အပူအား မည်သူနှင့် မျှဝေခံစားရမည်နည်း??
>>>>>

ph ဝင်လာတာကြောင့် ကျွန်မကြည့်လိုက်တော့ သွယ်
"hello"

"လင်း မနက်ဖြန် မမေ့နဲ့နော်"

"မမေ့ပါဘူး သွယ်ရယ်"

မနေ့ကမှ လိုင်းပေါ်မှာ စကားပြောဖြစ်ပေမယ့် ကျွန်မတို့ တစ်ယောက်ph no တစ်ယောက်သိနေကြပြီ။သွယ် က ခင်ဖို့ကောင်းတယ်။

"လင်း"

"ရှင်ဒေါ်လေး"

"အလုပ်လုပ်မယ်ဆို ရှာပြီးပြီလား"

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now