"အ.."
ရင်ဘတ်မှသွေးစိမ့်ထွက်နေသော
ဒဏ်ရာကိုဖိထားရင်း
သတိကြီးကြီးဖြင့်လျှောက်သော်ငြား
တချက် တချက် အသိစိတ်လွတ်ကာ
ခွေခွေလဲကျသေး..ပူထူနေသောလည်ချောင်းက
အလိုရှိရာကိုတောင်းတနေသယောင်.."ဟင်း..သွေး..
ငါသွေးလိုတယ်.."
နာကျင်စွာခပ်တိုးတိုးရေရွတ်ပြီး
အနီးနားတစ်ဝိုက်ကိုဝှေ့ကြည့်ပါသော်
လည်းအကောင်ပလောင်နှင့်တူတာဆိုလို့
တခုမှမရှိ....."အ..အား."
ကြီးမားသောပူလောင်နာကျင်မှုအစုံက
ရင်တွင်းထဲမီးစနဲ့ဝှေ့သလိုမျိုး..
တဖြည်ဖြည်းတိုးဝင်လှိုက်စားလာတော့
မခံနိုင်စွာ..မြေပြင်ပေါ်သို့
ထပ်မံလဲကျတယ်..ဘုရားသခင်ဟာအဲ့လောက်
ရက်စက်တယ်လား...
အရင်က
ကိုယ့်ကိုမကောင်းဆိုးဝါးတကောင်
ဖြစ်အောင်ပြုလုပ်တယ်...အခုနာကျင်မှုအလုံးစုံကို
စံစားစေတယ်..."ဘာလို့များလဲ..."
အော်ဟစ်နာကျည်းဖို့ရာမတတ်နိုင်တော့တဲ့
ဒီအခြေအနေမျိုးမှာ...
တိုးတိတ်နာကျင်စွာရေရွတ်မှလွဲ၍..."ဟင်.."
လူနံ့....
အလိုရာတောင်းတနေသည့်အရာ
ဖြစ်သည့်အရာမို့လို့...
ရုတ်ချည်းအနံ့ခံအာရုံက..
အလျင်အမြန်အသိပေးစွမ်းလေသည်.ဒီအနီးနားမှာပဲ
လူရှိလိမ့်မည်...
ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့သည့်
စိတ်အစဉ်ထဲ..အရိုင်းစိတ်အစီအရီက
တိုးဝင်လာတော့..လူသားဆန်မှုတွေ
ပျောက်ဆုံးလုနီးနီး..."ဟင့်အင်း..မဖြစ်ဘူး..."
ကြောက်လန့်စွာခေါင်းကိုအကြမ်းပတမ်းခါရမ်း၍
အရိုင်းစိတ်တို့ကိုမောင်းထုတ်သော်လည်း..
အချည်းနှီး...
စိတ်ကိုကိုယ်မနိုင်တာ
ဒီလိုအခြေအနေမျိုးလား..အရိုင်းစိတ်ကဦးဆောင်နေသဖြင့်
လူသားအနံ့ရှိရာသို့..
အပြေးသွားလိုက်သည်..
ရောက်ရှိနေရာ..မြက်ခင်းထူထူ၌
ချုံပင်ပိတ်ပေါင်းတို့ကို..
အလောတကြီး.လက်ဖြင့်
ပုတ်ချပစ်လိုက်သည်..
YOU ARE READING
~ Why ~
Fanfictionအစကတည်းက မင်းအတွက်ပေးဆပ်မှုတွေချည်း.. ဖြစ်ပေါ်စေခဲ့တဲ့ဒီကံကြမ္မာထဲ...... ဘာကြောင့်များ.. တိုးဝင်ခဲ့တာလဲ..အချစ်ရယ်.. YuWin...?