Fanyနဲ့ Yuriတို့ ရယ်မောပြီး ကန်တင်းကို ရောက်လာကြတယ် Taeyeon ရဲ့ ဘေးနားကို Fany ၀င်ထိုင်လိုက်တယ်..... Taeyeon ကတော့ Fanyကို ဘာမှ မပြောဘဲ နေ့လည်စာဘဲ စားနေတယ်
ပန်းခြံထဲမှာ Sooyoung မုန့်စားရင်း Yuriကို လှမ်းမေးလိုက်သည်။
"Yul.....မင်း အိမ်က ဘာလို့ နှင်ချခံရတယ်ဆိုတာ ပြောအုံးလေ......"
Yuri သူ့လက်ထဲက စီးကရက်ကို ဖွာလိုက်သည်။ Yuri လက်ထဲက စီးကရက်ကို Fany ယူပြီး ချိုးလိုက်တယ်
"Hey...... ကျောင်းထဲမှာ စီးကရက် မသောက်ရဘူးလေ Yul......"
Yulလည်း Fanyကို လက်မြှောက်ပြပြီး
" ok ok ငါ အကျင့်ပါသွားလို့......"
Yulရဲ့ စီးကရက်ကို ချိုးပြီးနောက် Taeyeonရဲ့ ပခုံးပေါ်ကို Fany မှီအိပ်လိုက်သည်။ ခါတိုင်းဆိုလျှင် Taeyeonက ပြန်ဖက်ပေမယ့် ခုတော့ သ၀န်တိုပြီး စိတ်ကောက်နေရတာနဲ့ Fanyကို မဖက်ဘဲ Yulပြောမယ့် စကားကိုသာ နားထောင်နေသည်။
"စနေနေ့တုံးက ငါ ဘိလိယက်ထိုးရင်း ရန်ဖြစ်တာ ဟိုဘက်ကကောင်တွေက ညစ်လို့ ငါက ပြောတာကို သူတို့က ၀ိုင်းထိုးတယ်လေ..... အဲ့မှာ ငါက ပြန်ထိုးရင်း ရန်တစ်ပွဲဖစ်သွားတာ....."
"ရန်တစ်ပွဲဆိုတော့ နောက် တစ်ပွဲရော ရှိသေးတာလား.. ..."
Yoonaရဲ့ မေးခွန်းကြောင့် Yuri သွားလေး စိပြပြီး
"ဟီး ဟုတ်တယ် နှစ်ပွဲဖြစ်တာ....."
Yuriကို Yoona မျက်စောင်းထိုးလိုက်ပြီး
"ဟိုတလောကမှ ငါချီးမွှန်းနေတာ Yuri တစ်ယောက်တည်ငြိမ်သွားပြီဆိုပြီး ခုတော့ ချီးမွှန်းလို့တောင် မဆုံးသေးဘူး ရန်ဖြစ်လာပြန်ပြီလား "
"ဒါက ဒီလိုရှိတယ်ဟ ငါ တနင်္ဂနွေနေ့က clubသွားတာလေ အဲ့မှာ ကောင်မလေး တစ်ယောက်က ငါ့ကို လာကပ်တယ်..... ငါက ဒီတိုင်းဘဲ Barမှာ ထိုင်နေတာကို အဲ့ကောင်မလေးရဲ့ ချစ်သူက ငါ့ကို ကြာကူလီကောင်ဆိုပြီး လာထိုးတယ် ငါလည်း ဘာမှ မလုပ်ဘဲနဲ့ Yoong မင်းသိပါတယ် ငါ ချစ်သူရှိတဲ့ မိန်းကလေးတွေဆို စိတ်မ၀င်စားတတ်တာ...."
"ငါ သိတယ်...."
Taeyeon ၀င်ပြီး ထောက်ခံလိုက်တယ်.....
"အဲ့မှာ တစ်ခါရန်ဖြစ်တယ် ပြီးတော့ ငါအိမ်ပြန်တော့ အဖေက အိမ်ပြန်နောက်ကျရလား ရန်ဖြစ်ပြန်လာဆိုပြီး ငါ့ကို ထိုးတယ်ဟာ ပြီးတော့ နှင်ချခံရတယ်..... ဒါပါဘဲ......"
Yuriလည်း စကားဆုံးရော
"ဒါဆို မင်းက ငါ့အဆောင်ကို လာနေမယ်ပေါ့....."
"အေ့ ဟုတ်တယ် Soo.....ညနေကျ Vivian လာရင် အဆောင်လခ ပေးမယ်......"
"ရပါတယ်ကွာ ငါစိုက်ပေးလိုက်လည်း ဘာမှမဖြစ်ပါဘူး အချင်းချင်းကို.. ...."
"အာ့ကြောင့် ချစ်တာ မွ😘"
Sooyoungကို Yuri သွားနမ်းတော့ Sooyoung Yuriကို တွန်းထုတ်လိုက်ပြီး
"Hyung.. .... ငါက အရင်လို မဟုတ်တော့ဘူး"
Sunnyကို မျက်စပစ်ပြလိုက်သည်။
"Oppaနော် .... အခု မိန်းကလေးရလာမှ chawကို ပစ်သွားပြီပေါ့ ဟုတ်လား မျဘူးကွာ..... နမ်းမှာဘဲ...."ဆိုပြီး ဇွတ်လိုက်နမ်းလို့ Sooyoung ပတ်ပြေးနေရတယ်..... YulSooကို ကြည့်ပြီး Sicaတို့ ရယ်နေကြတယ်
✂✂✂✂✂✂✂✂
ညနေ ကျောင်းဆင်းတော့ Tae,Soo,Yoong, Yulတို့ သူတို့ ထိုင်နေကြ Coffeeဆိုင်မှာ မထိုင်ကြတော့ချေ..... သူတို့ ကောင်မလေးတွေနဲ့သာ လျှောက်သွားတတ်ကြတယ်..... Yuriကတော့ ဘိလိယက်ဆိုင်, Gameဆိုင်မှာ အချိန်ကုန်လေ့ရှိတယ်.....
Taenyတို့ မုန့်ဆိုင်မှာ မုန့်စားနေရင်း
"Tae Tae......"
"Omm....."
"Fanyကို စိတ်ဆိုးနေတာလား....."
"ဘာလို့......"
"မနက်ကတည်းက စကားလည်း ကောင်းကောင်း မပြောဘူး မျက်နှာကလည်း စူပုပ်လို့......"
"မဆိုးပါဘူး......"
"ဟုတ်လို့လား မလိမ်နဲ့နော်......."
"Omm ဟုတ်တယ် စိတ်ဆိုးနေတာ 😒😒😒"
Taeyeonရဲ့ ပါးဖောင်းဖောင်းလေးကို Fany ဆွဲဖဲ့လိုက်ပြီး
" ဘာလို့ စိတ်ဆိုးနေတာလည်း ကြည့်အုံး ပါးလေးကိုဖောင်းလို့ "
"Yuriနဲ့ တရောရော တနှောနှောနေတာ ကိုယ် မကြိုက်ဘူးကွာ.... ပြီးတော့ နေ့လည်က Fany အိမ်စာလုပ်စရာရှိလို့ နောက်ကျမယ်ဆိုပြီး Yuriနဲ့ အတူလာတယ်....."
"Aww.... အဲ့တာက ဟုတ်တယ်လေ အိမ်စာလုပ်ပြီးတဲ့အချိန် Yuriက သူ့ညီမ Vivianဆီလာတယ်လေ Fanyက အိမ်စာပြီးတော့ သူနဲ့ လိုက်လာလိုက်တာ လမ်းကြုံနေတော့......"
" 😒😒😒 ထားပါတော့ ပြီးတော့ ဘာတွေ ကတိပေးနေတာလည်း လူမြင်ကွင်းမှာ Fanyနဲ့ Yuriကို တချို့က တမျိးထင်သွားကြမှာပေါ့ "
Taeyeon နှုတ်ခမ်းလေး ထော်ပြီး ပြောနေတာကြည့်ရင်း Fany သဘောကျပြီး ရယ်လိုက်တယ်
"ကိုယ် ပြောနေတဲ့ စကားထဲမှာ ရယ်စရာပါလို့လား Fany......"
"ရယ်စရာ မပါပါဘူး Tae Taeရယ် Tae Tae ပုံစံလေးက ချစ်ဖို့ကောင်းလို့ပါ......."
"ကိုယ်မေးတာ ပြန်ဖြေအုံးလေ Fany......"
"ဘာကိုလည်း....."
"ဟော တွေ့လား ပြောတာကို အလေးမထားဘူး 😒😒😒😒...."
"အလေးမထားတာ မဟုတ်ပါဘူး Taeကလည်း ဘာဖြစ်နေတာလည်း....."
Taeyeonနဲ့ Fanyတို့ အခြေအနေတွေ တင်းမာကုန်တယ်
"ကိုယ် မေးနေတယ်လေ ဘာကတိတွေ ပေးနေတာလည်းလို့......"
"သူ့ကို အရက်သောက်ပြီး ရန်မဖြစ်ဖို့ Fanyက ကတိပေးခိုင်းတာပါ....."
"Ha အဲ့လို ကတိတောင်းရအောင် Yuriက Fanyရဲ့ ချစ်သူလား "
" Tae Tae ဘယ်လိုပြောလိုက်တာလည်း 😕😕"
"ကြားတဲ့ အတိုင်းဘဲလေ 😏😏 "
Fanyလည်း Taeyeon ပြောတဲ့ စကားကို ဒေါသထွက်ပြီး ဘာစကားမှ ဆက်မပြောတော့ဘဲ ဆိုင်ထဲကနေ ထွက်သွားလိုက်တယ်..... Taeyeonလည်း သူ့စကား နည်းနည်းလွန်သွားတာ သိပြီး မုန့်ဖိုးရှင်းပြီး Fany နောက်ကို အမြန်ပြေးလိုက်သွားသည်။ Fanyကို မှီလာတော့ Fanyရဲ့ လက်ကို Taeyeon ဆွဲလိုက်ပြီး
"Sorry Fany...... ကိုယ့်စကား နည်းနည်းလွန်သွားတယ်...."
Taeyeonရဲ့ လက်ကို Fany ဆွဲဖြုတ်ပြီး
"လွှတ် Fany နောက်ကို ဆက်ပြီး လိုက်မလာပါနဲ့....."
Fanyကို Taeyeon တင်းကျပ်စွာ ဖက်လိုက်ပြီး
"ကိုယ် တောင်းပန်ပါတယ် Fany..... ကိုယ့် စကားနည်းနည်းလွန်သွားတယ်......"
Fany ဘာမှ ပြန်မပြောဘဲ Taeyeonရဲ့ နောက်ကျောကို ထုရိုက်နေတယ်..... Fanyဆီက ရှိုက်သံကြားတော့ Taeyeon ဖက်နေရာကနေ Fanyမျက်နှာကို သေချာကြည့်လိုက်တယ်
"Fany..... ဘာလို့ ငိုနေတာလည်း......."
"Tae Tae စကားကို သေချာ ပြန်စဉ်းစားကြည့်လေ 😭 "
"ကိုယ် တောင်းပန်ပါတယ် Fanyကို ချစ်လွန်းတော့ သ၀န်တိုမိပြီး ပြောမိတာပါ 😔😔...."
" ....... "
"ကိုယ်လေ Fanyက Yuriနဲ့ ခင်နေတာ ဂရုစိုက်နေတာကို သဘောမကျဘူးကွာ....."
"Tae Tae..... Yul က Fanyရဲ့ သူငယ်ချင်းကောင်းဖြစ်သလို ကျေးဇူးရှင် တယောက်လည်း ဖြစ်တယ် Fany ရဲ့ ပထမဆုံး ယောင်္ကျားလေး သူငယ်ချင်းလည်း ဖြစ်တယ် သူသာ အဲ့နေ့က မကယ်ရင် Fany ဘ၀ပျက်ရင် ပျက် ဒါမှမဟုတ် ရှက်လွန်းပြီး ကိုယ့်ကိုယ်ကို သတ်သေမိမှာ သိလား သူဝင်ကယ်လို့ Fany ဘာမှ မဖြစ်တာ အဲ့တာကြောင့် Fany သူ့ကို ကျေးဇူးတင်ပြီး ဂရုစိုက်ပေးတာ အဲ့တာကို Tae Taeက နားမလည်ပေးဘဲ 😭😭😭"
"ဘယ် ယောင်္ကျားလေးက ကိုယ့်ချစ်သူ မိန်းကလေးက တခြားကောင်လေးနဲ့ အရမ်းရင်းနှီးနေတာကို နားလည်ပေးနိုင်မှာလည်း သ၀န်တော့ နည်းနည်းတိုမှာပေါ့....."
Fanyရဲ့ မျက်ရည်တွေကို Taeyeon သုတ်ပေးရင်း ပြောလိုက်သည်။
"မငိုနဲ့တော့နော် ကိုယ့်ကြောင့် Fany ငိုတာကို မကြည့်ရက်ဘူး ..... လာ ဟိုနားက ရေခဲမုန့်ဝယ်ကျွေးမယ် "
"အဲ့တာဆို ရေခဲမုန့်ဆိုင်ထိ ကုန်းပိုး "
" ငင့် သေပြီ...."
Taeyeonလည်း Fanyကို ကုန်းပိုးပြီး ရေခဲမုန့်ဆိုင်ကို သွားတယ်..... တစ်ဖက်မှာ Vivianကလည်း Yuriရဲ့ အိမ်ကို ရောက်နေတယ် သူ့အခန်းထဲ ၀င်ပြီး လိုအပ်တာတွေ ယူရင်း Yuriရဲ့ ဒိုင်ယာရီ စာအုပ်ကို တွေ့တော့ ကောက်ဖတ်လိုက်သည်။ စိတ်ဝင်စားတာနဲ့ ညကျ ဖတ်ဖို့ဆိုပြီး သူမရဲ့ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ Yuriကိုတော့ သူ့ရဲ့ အင်္ကျီအသုံးအဆောင် ပစ္စည်းအိတ်နဲ့ သူ့အမေပေးတဲ့ မုန့်ဖိုးတွေသာ ပေးပြီး Vivian အိမ်ပြန်လာတယ်