7

1.9K 226 4
                                    

-Zawgyi

Tae's Diary

[13ရက်​မြောက်​နေ့]

ကျွန်​​တော်​ နိုးလာ​တော့ မျက်​နှာကျက်​အဖြူ​တွေကို စမြင်​ရတယ်​။ ပြီး​တော့ ​နွေး​ထွေးတဲ့အိပ်ယာရယ်​ ကျွန်​​တော့်​လက်​က ​ဆေးပိုက်​​တွေရယ်​။ ​နောက်​ ကကျွန်​​တော့်​ကို စိုးရိမ်​တကြီး​ငေးကြည့်​​နေတဲ့ Jiminရယ်​။

ကျွန်​​တော်​ ​ဆေးရုံကို ပြန်​​ရောက်​​နေခဲ့ပြီ။ Jungkookရဲ့အခန်း​လေး​ဘေးမှာ ရှိခဲ့တဲ့ ညကတည်းက ကျွန်​​တော်​ သတိလစ်​​နေခဲ့တာတဲ့။ ​ဆေးရုံကထွက်​​ပြေးသွားမှန်းသိ​လို့ Jiminက ကျွန်​​တော့်​​နောက်​ကိုလိုက်​လာခဲ့တာတဲ့​လေ။ အဲ့​နေ့ကတည်းက ကျွန်​​တော်​​မေ့​နေခဲ့တာ ဒီမနက်​ထိပါပဲ။

ပြန်​နိုးထလာ​တော့ အရင်​နဲ့မတူ​တော့ဘူး Jungkookရယ်​။ အားတစ်​စက်​မှ မရှိ​တော့သလို ​ဘောပင်​ကိုင်​တာ​တောင်​ ပင်​ပန်းတယ်​။ ပြီး​တော့ ခဏခဏသတိလစ်​တယ်​။ ခဏခဏ နာတယ်​။ ခဏခဏ ​သွေးယိုတယ်​။ ခဏခဏ ဓာတ်​ကင်​ရတယ်​။

မှန်​ထဲမှာ ကိုယ့်​ရုပ်​ကိုယ်​ပြန်​ကြည့်​မိ​တော့ ကျွန်​​တော်​ ​တော်​​တော်​ရုပ်​ဆိုးသွားပြီ။ ညိုမဲ​နေတဲ့ နှုတ်​ခမ်းက သက်​​သေပြ​နေပြီ။ ကင်​ဆာ​ရောဂါသည်​တဲ့။

ကျွန်​​တော့်​လက်​​ရေး​တွေလည်း မလှ​တော့ဘူး။ ရွဲ့​စောင်း​ကုန်​ပြီ။ တုန်​ရီ​နေတဲ့ လက်​အစုံနဲ့ ​ရေး​နေရလို့ပါ။

Jiminက ကျွန်​​တော့်​ကိုဆူတယ်​။ ​ဆေးရုံကထွက်​​ပြေးလို့တဲ့ ပြီး​တော့ Jungkookကို ညာခဲ့လို့။ သူ Jungkookကို​ပြောမယ်​တဲ့။ ကျွန်​​တော်​ ငိုယိုပြီး မ​ပြောဖို့ ​တောင်းပန်​ခဲ့ရတယ်​။ Jungkookကို မသိ​စေချင်​ဘူး။ ​နောက်​ဆုံးချိန်​ထိ ကျွန်​​တော်​ဟာ Jungkookကို နာကျင်​​စေတဲ့သူ မဖြစ်​ချင်​ဘူး။ မနက်​ဖြန်​ဆိုရင်​ပဲ ​သေ​တော့မယ့်​သူက Jungkookကို ဘာလို့မျက်​ရည်​​တွေကျ​စေမှာလဲ။ ကျွန်​​တော်​ပဲ ငိုမယ်​။ ကျွန်​​တော်​ပဲ လွမ်းပါ့မယ်​။ အရာရာတိုင်း ကျွန်​တာ်​ပဲ အရှုံး​ပေးချင်​လို့ပါ။

Diary / / Short StoryWhere stories live. Discover now