ကြားလိုက်သမျှစကားတွေက အမှန်တွေချည်းလား။ ကောင်လေး လိမ်ပြောနေတာ။ သူ ပျင်းလို့ စနေတာပါ။
သူက ဘာလို့ ကင်ဆာရောဂါ ခံစားနေရမှာလဲ။
သူ နေကောင်းပါတယ်။ သူကျွန်တော့်ကို စကားတွေ အများကြီးပြောတယ်။ အများကြီး ဂရုစိုက်တယ်။ ပြီးတော့အရမ်းလည်း ချစ်တယ်။
ဘာလို့ ဒီလိုပြောတာလဲ။
သူ့စကားတွေကိုကြားတော့ လှေကားပေါ် တက်လုဆဲဆဲ ခြေလှမ်းတွေက ယိုင်ကျတော့မလို။ ကောင်လေး ငိုနေခဲ့တယ်။
သူမေးတယ် ဘယ်လိုလုပ်ရမှာလဲ တဲ့။
ဒီမေးခွန်းက ကျွန်တော့်အတွက် ဖြေဖို့သိပ်ခက်ခဲလွန်းနေခဲ့လား။ဖန်သားပြင်ပေါ်မှာ စိတ်ဝင်စားစရာ ရုပ်ပုံတွေက
ရောင်စုံ မှိတ်လိုက်ပျောက်လိုက် ရွေ့လျားနေတယ်။ ကျွန်တော့် အာရုံတွေက
အဲ့မှာ စုစည်းနေတာတော့မဟုတ်။
ကောင်လေးရဲ့ စကားတွေ ဆီမှာ သက်ရောက်နေတာ။ သူဘာလို့ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေရတာလဲ။
သူ့ဘေးက ကျွန်တော့်ကို ဘာကိစ္စ လျှို့ဝှက်ထားရတာလဲ။ ကျွန်တော်က အရေးမပါဘူးလား။
ကျွန်တော် အတွေးတွေ လွန်နေလို့ ကောင်လေးအိပ်ချင်နေမှန်းတောင် မသိ။
ကောင်လေးရဲ့ ခေါင်း ကျွန်တော့်ပေါင်ပေါ်ရောက်တော့ သူ့မျက်ဝန်းမှ မျက်ရည်တွေက အေးစက်စက်။
သိတာပေါ့ သူ ငိုနေပြီ။ ကျွန်တော် မပြောရက်ပါ။
သူ ဒီထက် ၀မ်းနည်းသွားမည်ကို စိုးရိမ်တယ်။
ကျွန်တော်သိနေတယ်ဆိုတာ ပြောလိုက်ရင် နှစ်ယောက်လုံး ငိုကြမယ်။ ၀မ်းနည်းကြမယ်။
နှစ်ယောက်ကြားမှာ ပျော်ရွှင်မှုတွေ ပျောက်သွားမယ်။ ကောင်းကွက်မရှိတဲ့ စကားတွေအစား တစ်ယောက်က လျှို့ဝှက်ထားတာ ပိုကောင်းမယ်မလား။
မသိမသာ သူ့ကို အားပေးနေမှာပါ။ ကျွန်တော် ယုံတယ် ကောင်လေး ကျွန်တော့်နားက ဘယ်ကိုမှ ထွက်မသွားပါဘူး။
သူက ကျွန်တော့်ကို သိပ်ချစ်တယ်။
ကျွန်တော်လည်း ငိုနေခဲ့တယ်ဆို သူသိရင် ၀မ်းနည်းလိမ့်မယ်။
YOU ARE READING
Please Stay...Until [Completed]
Fanfictionအိပ်မက်ထဲထိ ကျွန်တော်မျက်ရည်မကျအောင် ကောင်လေး မကုစားပေးနိုင်ခဲ့ဘူး။ ဟုတ်တယ်....ကောင်လေး မင်း ရက်စက်ခဲ့တယ်။ YoonMin [Yaoi] By:KimTae_Nun