One shot

45 7 2
                                    

ဟုတ်တယ်
ကျွန်မဟာ သူ့အခန်းမှာရှိတဲ့ ဝက်ဝံရုပ် သုံးရုပ်ထဲက တစ်ရုပ်
ကျွန်မတို့သခင်ကတော့...

သူလေ..
သူဆိုတာ နှုတ်ခမ်းနီမလေးတွေ(သူတို့အခေါ်ပေါ့)ဆယ်ကျော်သက် နှစ်သက်ကျော်သက် ကုန်ကုန်ပြောရရင် လေးဆယ်ကျော်အဒေါ်ကြီးတွေတောင်ရင်ခုန်ရတယ်ဆိုတဲ့ koreaရဲ့နာမည်ကျော် ,ချောမောပြီးယောကျာ်းပီသတဲ့ကိုယ်နေဟန်တွေကိုပိုင်ဆိုင်ထားတဲ့၉ယောက်သော member များထဲကတစ်ယောက်
သူ့နာမည်က ...CHEN a.k.a KIM JONGDAE တဲ့

သူက အခုဆိုအသက်၂၆နှစ်ရှိပြီပေါ့
Groupထဲမှာဆို သက်တူရွယ်တူနှစ်ယောက်ရှိပါသေးတယ်BAEKHYUN နဲ့CHANYEOLပါတဲ့
သူတို့ရဲ့Leader က SUHO လေ..Leaderကြီးက တော်လဲတော် ချောလဲချောတယ် ..အဟင်း
သူတို့ထဲမှာ အကြီးဆုံးကXIUMIN တဲ့
ကျန် memberတွေကတော့ LAY,D.O,KAI,SEHUNပါတဲ့

ကဲကဲ..စကားရှည်သွားပြီ ကိုယ်တွေအကြောင်းဆက်ကြမယ်နော်
သူက BHရယ် XMရယ်နဲ့တစ်လွှာတည်းတူတူနေတာလေ
သူ့အခန်းဘေးမှာXMနေပြီးတော့ မျက်နှာချင်းဆိုင်အခန်းမှာတော့ BHနေလေရဲ့
သူတို့သုံးယောက်လုံးကအပြင်သိပ်မထွက်ကြဘူးရယ်
ထွက်ရင်လဲPractice ရယ် စားဖို့နဲ့ဘိလိယက်ထိုးဖို့ရယ် ကလွဲပြီးသိကြတာမဟုတ်

ထားပါ..သခင်ကလေ ကျွန်မတို့ကို သူ့ခုတင်ခေါင်းရင်းနားမှာထား တာ ..သိလား
သုံးရုပ်ထဲမှာ ကျွန်မက သက်တမ်းအရင့်ဆုံး
ကျန်တဲ့နှစ်ရုပ်မှာသူ debutလုပ်မှ ရောက်လာတာတစ်ရုပ်(အရောင်က ဝါတာတာနဲ့ မကြိုက်ပါဘူး ဟင်း)
နောက်တစ်ရုပ်က fanကပေးလိုက်တာ မနှစ်ကမှရောက်လာတာ (နုသေးတာပေါ့နော် :P)
သူကတော့ latest model မို့လားမသိ ဖြူဖြူနုနုလေး
ကျွန်မလား..ကျွန်မကလေ အရင်ကပန်းရောင်လေး အိစိအိစိလေးပေမယ့် ကြာတော့လဲ နည်းနည်းညစ်လာတာပေါ့နော်

တစ်ခါကဆို XMကအခန်းထဲဝင်လာရင်း ကျွန်မကိုတွေ့တော့အနားတွေဖွာပြီးဟောင်းနေပြီ လို့တောင်ပြောသေးတယ်
အဲတော့ သခင်ကဘာပြန်ပြောလိုက်လဲသိလား
သူအထက်တန်းအောင်တုန်းကသူ့omma ပေးထားတာမို့မပစ်ရက်ပါဘူးတဲ့
အဲလို ချစ်တာလေ သူက
ကြင်နာတတ်ပုံများ ..အဟင်း

သူကကျွန်မကို Honeyလို့ခေါ်တယ်
ဟုတ်တယ်လေ ဝက်ဝံပဲ ပျားရည်ကြိုက်မှာပေါ့တဲ့ ခိခိ
ကျွန်မက အသက်ဝင်နေတာလားလို့သိချင်နေကြတယ်မလား
ဟုတ်လဲဟုတ်တယ် မဟုတ်လဲမဟုတ်ဘူး
ဒီလိုပါ..အခန်းထဲမှာသူရှိရင်ကျွန်မကလှုပ်လို့မရဘူး ဒါပေမယ့်ဘာတွေဖြစ်နေလဲတော့သိတယ်
သူမရှိတဲ့အချိန်ရယ်ညဘက်သူအိပ်ချိန်ဆိုရ
င်တော့ Toy storyထဲကအရုပ်တွေလိုလှုပ်လို့ရပြီလေ

You've reached the end of published parts.

⏰ Last updated: May 24, 2017 ⏰

Add this story to your Library to get notified about new parts!

သူု့အခန်းထဲကဝက်ဝံရုပ်Where stories live. Discover now