မနက်ဖြန်အပိုင်း အရမ်းရှည်လို့ ဒီနေ့အပိုင်း မြန်မြန်ပြန်ပြီး တင်ပေးလိုက်ပါတယ် 😘 ဒီည မနက်ဖြန်အပိုင်းဆက်ရေးရမလို့ 😭
•••••
Xia Yao ရုံးတွေတော်တော်သွားလိုက်ရတယ် လက်ဗွေရာတွေယူပြီး board ပေါ်မှာ စာတွေရေး သင်တန်းဝင်ခွင့်အတွက် သွားလျှောက် ဒီလိုနဲ့ စကားတွေအများကြီးပြောလိုက်ရတဲ့အတွက် ရေအများကြီးသောက်မိတယ် အကျိုးဆက်ကတော့ သူ ဆီးမအောင့်နိုင်တဲ့အတွက် သန့်စင်ခန်းကို ခဏခဏသွားနေရတယ် Xia Yao သူ့ဟာထုတ်ထုတ်လိုက်ချင်းမှာပဲ ရှူးကနဲအသံ ချက်ချင်းထွက်ပေါ်လာတယ်
ရိုးရိုးလေးနဲ့ သိပ်မထူးခြားသလို အပြုအမူလေးပါပဲ ဒါပေမယ့် အဲ့ဒီအပြုအမူလေးကပဲ ယောကျာ်းတယောက်ရဲ့ အတွေ့အကြုံနဲ့ ဉာဏ်ပညာကို ဖောက်ပြားနေတယ်
ဒီလိုအခြေအနေမျိုးမှာ လူပျိုတယောက်ကပဲ သန့်စင်ခန်းထဲ တိုက်ရိုက်ပြေးပြီးသွားလေ့ရှိတယ် တဖက်မှာ အကယ်၍လူတယောက်က သန့်စင်ခန်းထဲ အေးအေးဆေးဆေး စိမ်ပြေလပြေဝင်လာ၊ သင့်တော်မဲ့တနေရာဆီ ဟိုထိုးဒီထိုးလုပ်၊ ဘောင်းဘီထဲက သူ့'လက်နက်'ကို ခက်ခက်ခဲခဲထုတ်၊ ပြီးတော့ နေရာမှာမရွေ့ပဲရပ်နေပြီး ကမ္ဘာအရေးတွေတွေးတောစဉ်းစားနေ၊ ဖိနပ်စိုတာခံစားမိမှပဲ တကယ့်နေရာကိုရွေ့၊ အဲ့လိုလူမျိုးဆိုရင် တပ်အပ်ပြောနိုင်တယ် လူပျိုမဟုတ်ဘူးဆိုတာ
Xia Yaoနဲ့တူရင်တော့ ကိုယ်ပိုင်ပစ္စည်းလေးက မီးသတ်ပိုက်လိုပဲ မျက်နှာချင်းဆိုင်နံရံကို ရိုက်ခတ်ပြီး ပြန်ကန်ထွက်လာတယ် လူပျိုအစစ်ဆိုတာ သံသယဖြစ်စရာမလိုဘူး
ပြီးတော့ လူပျိုတွေပဲ တခြားယောကျာ်းတွေရဲ့ 'အတွင်းပစ္စည်း'ကို အကုန်လိုက်ကြည့်ပြီး ကိုယ့်ဟာနဲ့နှိုင်းယှဉ်လေ့ရှိတယ် Xia Yao ကတော့ အဲ့ဒီသာဓကပေါ့ Xia Yaoသေးပေါက်တိုင်း သူ့'အလုပ်'ကိုသာ အာရုံစိုက်နေပုံပေါက်ပေမယ့် တကယ်တော့ သူ့မျက်လုံးတွေက အချိန်ပိုအလုပ်ဆင်းနေကြတယ်
သူ့သူငယ်ချင်းတွေထက် Xia Yao လူပျိုဖြစ်တာ အစောမြန်ခဲ့တယ် သူ့အလယ်တန်းကျောင်းမှာ Xia Yao ရဲ့ ၁၀နှစ်အရွယ် အပေါင်းအဖော်တွေက သူ့ကို 'မုန်လာဥဖြူ'လို့ခေါ်ကြတယ် သေးပေါက်တိုင်းပေါ့ အဲ့ဒီအချိန်ကျရင် Xia Yao သူတို့ကို စက်ဆုပ်တဲ့အကြည့်နဲ့ ကြည့်ဖို့ဝန်မလေးဘူး အချိန်တွေ ၁၀နှစ်ကျော်တောင် ကုန်ဆုံးသွားပြီးတဲ့နောက်မှာ သူ့သူငယ်ချင်းတွေရဲ့ 'မုန်လာဥဖြူ'တွေက 'မုန်လာဥမည်း'ဘဝရောက်ကုန်ပေမယ့် Xia Yaoရဲ့ဟာလေးကတော့ အခုထက်ထိ လတ်လတ်ဆတ်ဆတ်နဲ့နုဖတ်နေပြီး ဖြူနေတုန်းပဲ
YOU ARE READING
Advance Bravely မြန်မာဘာသာပြန် (Zawgyi)
Romance"အစ်ကိုကြီး ညီမလေး ကောင်လေးတယောက်ကို သဘောကျပြန်ပြီ" ခါတိုင်းလိုပါပဲ "ပြန်ပြီ" ဆိုတဲ့ စကားလုံးဟာ ဒီလိုမျိုး အခြေအနေတွေ ထပ်ခါတလဲလဲ ဖြစ်ပြီးပြီဆိုတာ ဖော်ပြနေပါတယ် "ဒါပေမယ့် ညီမလေး သူ့အချစ်ကို မရဘူး သူညီမလေးကို ကြိုက်အောင်လုပ်ပေးပါအုံး အစ်ကိုကြီးတယောက်က...