Part:7

2.3K 171 17
                                    

ကံကြမ္မာသည် လင်းအား လစ်လျူရှုရက်လေတော့သလား???

>>>>>>>>

"မောင်တို့တောင် ကျောင်းပြန်တက်ရတော့မယ်နော်"

"ဟုတ်တယ် မရဲ့
မ တို့ကအခုအချိန်ထိ result မထွက်သေးပါလား"

"ဟုတ်တယ်မောင်
2nd year တုန်းကဆို ကျောင်းအပ်ချိန်ရောက်နေပြီ အောင်စာရင်းမထွက်သေးလို့ တိုင်ပတ်ခဲ့သေးတာ"

မောင်ရယ်သံသဲ့သဲ့မို့ နားဝင်ချိုလှသည်။

မတွေ့တာ ရက်အတော်ကြာပေမယ့် ပြောစရာစကားတွေ ပျောက်ဆုံးနေခဲ့သည်။

ကျွန်မတို့ အရင်လိုမှမဟုတ်တော့တာ……။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောသင့်မပြောသင့်စဉ်းစားနေမိသော စကားတစ်ခွန်းကိုပြောဖို့ဆုံးဖြတ်လိုက်သည်။

"မောင် 1st sem ကျောင်းပိတ်ရင် ရေကျော်မှာပဲ ပြန်နေပါလား?"

"ဘာဖြစ်လို့လဲမရဲ့??
မောင်လည်း သင်တန်းတွေ တက်နေရသေးတာ"

ဘာဖြစ်လို့လဲဆိုသော အမေးစကားသည် မသိကျေးကျွန် ပြုလွန်းရာ ကျသည်ဟု ကျွန်မထင်သည်။
မောင်သိရက်နဲ့။

မောင်သင်တန်းတက်ချင်သည်ဟု ပြောခဲ့စဉ်က မရိပ်မိခဲ့ပေမယ့် ဇွန်ဝတီ့ကို လိုက်ဖို့ အတွက်
ဇွန်ဝတီ တက်သမျှသင်တန်းတွေ လိုက်တက်ဖို့ အကြောင်းပြချက်ရှာခဲ့တယ်ဆိုတာ ပြောမှသိမှာတဲ့လားမောင်ရယ်။
မ လည်း ခံစားချက်နှင့်မို့ နှလုံးသားနင့်မို့။

သက်ပြင်းသဲ့သဲ့ချရင်း။

"မောင်ရယ် သင်တန်းကနေ့တိုင်းရှိတာမှမဟုတ်ပဲ တစ်နေ့လုံးတက်နေရတာလည်း မဟုတ်တော့ ဒီကသွားလည်း အဆင်ပြေပါတယ် အခုဟာက မောင်က ကျောင်းတက်တုန်းကလို စနေ တနင်္ဂနွေပဲပြန်လာ 
ကျောင်းပိတ်ရက်တောင် မနဲ့
သေချာမတွေ့နိုင်ဘူးမလား"

"မ ရာ *ကျွတ်*"

ဒါဟာ မောင်စိတ်ခုသွားတာလား။စိတ်ပျက်သွားတာလား။
မ နဲ့များမတွေ့ချင်လို့ အစကတည်းက အကြောင်းပြချက်တွေရှာခဲ့လေသလား မောင်။

မှိုင်းညို့လာသော မျက်ရည်မိုးတွေကို ရပ်တန့်စေလိုက်သော အဝင်call တစ်ခု……

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now