Girl.... Don't Lie (Part-22)

972 84 16
                                    

Tiffany ခုတ​လော ​ခေါင်း​တွေ အရမ်းကိုက်​​နေတယ်​..... ညဘက်​ကြီး ​ခေါင်းအရမ်း ကိုက်​​နေတာနဲ့ ​​ဆေးထွက်​၀ယ်​ရင်း Yuriနဲ့ စ​တွေ့ခဲ့ချိန်​ Yuri​ပြောတဲ့ စကား​တွေကို ပြန်​မြင်​​ယောင်​ ကြား​ယောင်​​နေတယ်​.....
"Sorryပါဟာ ငါ...... နင့်​ကို ခံစားရ​အောင်​ လုပ်​မိလို့....."
Yuriက​တော့ Sooyoungတို့ အ​ဆောင်​မှာ Vivian လာ​ပေးတဲ့ သူ့ရဲ့ Diaryထဲ Tiffanyအ​ကြောင်း​တွေ ထိုင်​​ရေး​နေတယ်​....
နောက်​တ​နေ့ မနက်​ Tiffanyကို Taeyeon ​ကျောင်းသွားဖို့  လာ​ခေါ်​တော့ Tiffany မျက်​နှာ မ​ကောင်း​နေတာကို ​တွေ့ရတယ်​.....Taeyeon စိုးရိမ်​ပြီး
"Fany...... ​နေ​မ​ကောင်းဘူးလား မျက်​နှာကလည်း မ​ကောင်းဘူး....."
Tiffanyရဲ့ နဖူးကို Taeyeon စမ်းကြည့်​လိုက်​သည်​။
"ကိုယ်​လည်း မပူပါဘူး Fany ဘာဖြစ်​လို့လည်း....."
"ညက သိပ်​အိပ်​မ​ပျော်​လို့ပါ ဘာမှ မဖြစ်​ပါဘူး Tae Taeရဲ့ စိတ်​မပူပါနဲ့  ......"
"ဟုတ်​လို့လား......"
"ဟုတ်​ပါတယ်​ Tae Taeရဲ့......."
Taeyeon သူမကို စိတ်​မပူ​အောင်​ Fany လိမ်​​ပြောလိုက်​​ပေမယ့်​ သူမ တစ်​ညလုံး ​ခေါင်းကိုက်​လို့ အိပ်​မ​ပျော်​တာ အမှန်​ပင်​ ဖြစ်​သည်​.....
✂✂✂✂
ကျောင်းဥယျာဉ်​ထဲတွင်​ Taeyeonရဲ့ ​ပေါင်​​ပေါ်မှာ Fany လဲအိပ်​​နေတယ်​..... Fanyရဲ့ နဖူး​ပေါ်က ဆံပင်​​တွေကို Taeyeon ဖယ်​​ပေးရင်း
"Fany....... Fanyကို အရမ်းချစ်​တယ်​......"
"Fanyလည်း Tae Taeကို အရမ်းချစ်​ပါတယ်​......."
"Fany ​ကျောင်းပြီးရင်​​လေ ကိုယ်​ Fanyနဲ့ လက်​ထပ်​ချင်​တယ်​...... Fanyကို ဆုံးရှုံးရမှာ ​ကြောက်​တယ်​......"
"မ​လောပါနဲ့ Tae Taeရယ်​ ဖြည်းဖြည်း​ပေါ့......."
Taenyတို့ ကြည်​နူး​နေကြစဉ်​ ဆူဆူညံညံအသံ​ကြောင့်​ လန့်​သွားတယ်
"Yrr Yoona ဘာလို့ ငါ့မုန့်​ကို ယူစားတာလည်း....."
"ဒီနားမှာ ​တွေ့လို့ ငါ ယူစားလိုက်​တာ....."
"ဒီနားမှာ ​တွေ့တာနဲ့ ယူစားလိုက်​တာ ဟုတ်လား အဲ့​နေရာမှ 💩ဆိုရင်​​ရော နင်​ စားမှာလား ​ပြော......"
Sooyoungနဲ့ Yoonaတို့ စကားများ​နေကြတာပါ..... စကားများရခြင်း အ​ကြောင်းမှာ Sooyoungရဲ့ မုန့်​ကို Yoonaက ယူစားလိုက်​​သော​ကြောင့်​ ဖြစ်​သည်​။
"ကဲ ​တော်​ကြပါ​တော့ကွာ ​အေး​ဆေးကို မအိပ်​ရဘူး ​ရော့ ငါမုန့်​ကို စားလိုက်​ Soo...."
သူ့ ​ဘောင်းဘီအိတ်​ထဲက ​ပေါင်​မုန့်​ကို Sooyoungဆီ ပစ်​​ပေးလိုက်​တယ်​ Sooလည်း Yul​ပေးတဲ့ ​ပေါင်​မုန့်​ကို ဖမ်းပြီး ​ဖောက်​စား​လိုက်​တယ်​ Yulက​တော့ မြက်​ခင်း​ပေါ် လှဲအိပ်​​နေတယ်​..... Yulကို ကြည့်​ပြီး Yoonaမေးလိုက်​သည်​။
"Yul..... မင်း ​နေမ​ကောင်းဘူးလား....."
"​ကောင်းပါတယ်​ ဘာလို့လည်း....."
" ဘာ စကားမှ ၀င်​မ​ပြောဘဲ အိပ်​​နေလို့​လေ ခါတိုင်းဆို ငါတို့ကို လိုက်​စတဲ့သူက အခု ငြိမ်​​နေလို့......"
"Aww ငါ ညက အိပ်​​ရေးပျက်​ထားလို့ပါ...."
Yulရဲ့ စကား​ကြောင့်​ Taeyeon
"ဘာလား သူ ညက အိပ်​​ရေးပျက်​ထားလို့တဲ့ Fanyကလည်း......💭💭💭" ဆိုပြီး သံသယ၀င်​​နေ​လေသည်​.....
"ညက မအိပ်​ဘဲ ဘာလုပ်​​နေတာလည်း ခရမ်းပြာတို့ ခရမ်းနီတို့ ကြည့်​​နေတာလား....."
"Hyung မင်း ကြည့်​​နေကြ ဇာတ်​ကား​တွေ လာမ​ပြောနဲ့ ညက ငါ စာလုပ်​​နေလို့. ..."
"ဟုတ်​လို့လား....."
Yulရဲ့ စကားကို ​ပေါင်​မုန့်​မျက်​နှာ​​ကြောင့်​ Sooyoung ၀င်​ပြီး​ ​ထောက်​ခံလိုက်​တယ်​....
"ဟုတ်​တယ်​ မ​နေ့ညက သူ စာလုပ်​​နေတာ သူ့ညီမက လာ​ပေးတဲ့ စာအုပ်​ ထဲ စာ​ရေး​နေတာ ငါ​တွေ့တယ်​....."
Sooyoungရဲ့ စကားကို ကြား​မှ Taeyeon သက်​ပြင်းချလိုက်​တယ်​.....
"ဟူး..... ​တော်​ပါ​သေးတယ်​ ငါနှယ့်​ သူငယ်​ချင်းကို အထင်​လွဲမိ​နေရတယ်​လို့.... Yuriက ​ငါ့အတွက်​ သူငယ်​ချင်း​ကောင်းပါ.... အထင်​လွဲမိသွားတယ်​.....💭💭💭"
Fanyက​တော့
"သူ့ညီမ လာ​ပေးတဲ့ စာအုပ်​မှာ ​ရေး​နေတယ်​ဆို​တော့ ဟို Diary စာအုပ်​ထဲ ဘာ​တွေ ထပ်​​ရေးထားတာလည်း မသိဘူး......💭💭"
Yuriက​တော့ Yoonaကို လက်​ညိုးထိုးပြီး
"Yrr... ​တွေ့လား ငါက စာလုပ်​​နေတာပါဆို မင်းလိုများ ထင်​​နေလား..... Sicaအစား ရင်​​လေးမိတယ်​ Sicaသိလား သူ တစ်​ညလုံး လိုင်း​ပေါ်ရှိရင်​​လေ......"
Yuriစကား မဆုံး​သေး Yoona ​ပြေးလာပြီး Yuriရဲ့ ပါးစပ်​ကို ပိတ်​လိုက်​သည်​။
"Yrr Yrr.... ​ပေါက်​တက်​ကရ​တွေ ​ပြောမ​နေနဲ့ Sicaက တကယ်​ထင်​သွားအုံးမယ်​....."
Sicaဘက်​ကို Yoona လှည့်​ပြီး လက်​ကာပြကာ
"Sica.... သူ​ပြောတာ မယုံနဲ့​နော်​ သူက ​လျှောက်​​ပြော​နေတာ....."
Yoonaရဲ့ လက်​ကို Yuri ဖယ်​လိုက်​ပြီး
"​ယောင်္ကျားဘဲ.... ကြည့်​မှာ​ပေါ့ မကြည့်​တဲ့သူက ​ခြောက်​​နေလို့ဘဲ......"
"ဒါဆို မင်းက ကြည့်​တယ်​​ပေါ့......"
"ငါက ကြည့်​တယ်​ထား မင်းက မကြည့်​ဘူးဆို​တော့ မင်းက အ​ခြောက်​​ပေါ့ 😜😜😜"
"Yrr Kwon Yuri ငါ မ​ခြောက်​ဘူးကွ စစ်​တာမှ စစ်​ စစ်​ စစ်​ စစ်​ လို့​တောင်​ မြည်​​သေးတယ်​......"
Yoonyul တို့ကို ကြည့်​ပြီး Taeyeon ရယ်​နေလိုက်​တယ်​......
✂✂✂✂✂✂
နောက်​တစ်​ရက်​ကျ​တော့ Tiffany ​ခေါင်းကိုက်​တာ မသက်​သာတာနဲ့ ​ကျောင်းဆင်းရင်​ ​ဆေးရုံသွားပြဖို့ ဆုံးဖြတ်​လိုက်​တယ်​.....​ကျောင်းဆင်း​တော့
"Tae Tae....... ဒီ​နေ့​လေ Fanyတို့ ချိန်းထားတာ ဖျက်​လိုက်​ရ​အောင်​......."
"Wae.....ဘာလို့လည်း Fany....."
သူမ ​ဆေးရုံသွားမည့်​ အ​ကြောင်းကို ​ပြောပြလျှင်​ Taeyeon စိတ်​ပူ​နေမှာဆိုးတာ​ရော ​ဆေးစစ်​ချက်​ Result ကို မသိ​စေချင်​​သော​ကြောင့်​ Fany လိမ်​​ပြောလိုက်​တယ်​......
"ဟို..... Fany အ​ဒေါ်နဲ့ ချိန်းထားတာ ရှိလို့ပါ.. ..."
"Aww ဒါဆိုလည်း Fanyရဲ့ အိမ်​ကို ကိုယ်​ လိုက်​ပို့​ပေးမယ်​​လေ....."
Taeyeonလည်း Fanyကို အိမ်​ပြန်​ပို့​ပေးပြီး သူ့အိမ်​သူ ပြန်​သွားလိုက်တယ်​​​.....
Fanyက​တော့ Taeyeon ထွက်​သွားပြီး​နောက်​ busကား စီးပြီး ​ဆေးရုံကို သွားတယ်​...... ​ဆေးရုံမှာ သူမ ​ဆေးစစ်​မှု ခံယူပြီး​နောက်​.....
ဆရာဝန်​​ပြောတဲ့ စကား​တွေကို ပြန်​ပြီး ကြား​ယောင်​ရင်း ​ဆေးစစ်​မှု ရလဒ်​ကို ကြည့်​ပြီး စိတ်ပျက်​​နေတဲ့ပုံနဲ့ အိမ်​ကို ပြန်​လာတယ်​......
ထိုစဉ်​ Taeyeonဆီက Message ၀င်​လာတယ်​.....
" 💌 Fany...... အရမ်း သတိရတယ်​....."
Taeyeonရဲ့ Message ကို ဖတ်​ပြီး Fany ပြုံးလိုက်​တယ်
"​💌 ​ကျောင်းက​နေ ပြန်​သွားတာ တစ်​နာရီ​လောက်​ဘဲ ရှိ​သေးတယ်​ သတိရ​နေတယ်​​ပေါ့ "
Fany message ပြန်​ပို့ရင်း မျက်​ရည်​၀ဲ​နေတယ်​....
Taeyeon ဆီက Mssaege ပြန်​၀င်​လာ​တော့ Fany Busကား​ပေါ်မှာ ငို​မိလိုက်​တယ်
" 💌 Fanyနဲ့ ဒီ​နေ့ တစ်ည​နေတည်း ​မေ​တွ့​ရတာကို ကိုယ့်​မှာ တစ်​လ​လောက်​ ​ဝေး​နေရသလို ခံစားရတယ်​ အမြဲ​အတူရှိပြီး ညကျမှ အိမ်​ပြန်​ကျ​နေရာက ဒီ​နေ့ အတူမရှိဘဲ ..... ကိုယ့်​ ရင်​ထဲမှာ တမျိုးကြီး . .... Fany ဖြစ်​နိုင်​ရင်​ Fanyအနားမှာ အမြဲ​နေချင်​တယ်​.....အဲ့တာ​ကြောင့်​ ​ကျောင်းပြီးရင်​ ကိုယ်​တို့ ချက်​ချင်း လက်​ထပ်​ရ​အောင်​​လေ....."
Taeyeonရဲ့ message ကို Fany reply မပြန်​​တော့ဘဲ.....
"Tae Tae..... အခုလို ဖြစ်​​နေ​တော့ Fanyက ဘယ်​လိုလုပ်​ရမှာလည်း.....Fanyမရှိ​တော့ရင်​ ဘယ်​လိုလုပ်​မလည်း"
Fany သူ့အိမ်​ကို ပြန်​​ရောက်​​တော့ အိမ်​​ရှေ့မှာ သူမကို ရပ်​​စောင့်​​နေတဲ့ Hyoyeonကို ​တွေ့ရတယ်​.......
"​ဒေါ်​လေး....."
Hyoyeonကို ​ပြေးဖက်​ပြီး Tiffany ငိုလိုက်တယ်​.....
Hyoyeonလည်း Tiffanyကို ပြန်​ဖက်​ပြီး
"Wae.... Fany​လေး ဘာဖြစ်​လို့လဲ.. .... ဘာလို့ ငို​နေတာလည်း လာပါ အိမ်​ထဲ ၀င်​ရ​အောင်​ လမ်းမှာ လူ​တွေ ကြည့်​​နေတယ်​....."
Hyoyeonလည်း Fanyကို ​ချော့ပြီး အိမ်​ထဲ ၀င်​လာတယ်​..... ပြီး​နောက်​ Fanyပြတဲ့ ​ဆေးစစ်​မှတ်​တမ်း​တွေကို ကြည့်​ပြီး Hyoyeon အံ့သြတုန်​လှုပ်​သွားတယ်​...... ငို​နေတဲ့ သူမရဲ့ တစ်​ဦးတည်း​သော တူမ​လေးကို ​နှစ်​သိမ့်​​နေတယ်​.....
"မငိုပါနဲ့ ​ခွဲစိတ်​ပြီး ​ဆေးကုသမှု ခံယူရင်​ ​ကောင်းသွားမှာပါ.. .."
"အကယ်​၍ ခွဲစိတ်​မှုက မ​အောင်​မြင်​ဘူးဆိုရင်​​ရော....."
"Fany​ရောဂါက အ​ခြေအ​နေ ဆိုး​နေတာမှ မဟုတ်​တာ အ​ကောင်းဘက်​က ​တွေးပါ......"
" ဒါ​ပေမယ့် ​ဒေါ်​လေး.. ..."
"ရှူး ဆက်​မ​ပြော​နဲ့​တော့ ပင်​ပန်း​နေတယ်​ မဟုတ်လား အိပ်​​တော့....."
Tiffany ကို ဆက်​မ​ပြောခိုင်းဘဲ Hyoyeon အနားယူခိုင်းလိုက်​တယ်​.... Fanyက​တော့ ကုတင်​​ပေါ်မှာ ​စောင်​​ခေါင်းမြီးခြုံကာ ငိုရင်း အိပ်​​ပျော်​သွားတယ်

Girl....Don't LieWhere stories live. Discover now