Fourteenth Piece

1.7K 221 31
                                    

ဟိုအကောင် Sehun သိရင် ဘယ်လိုများနေမလဲ။ ရုံးကနေ ပြန်ရောက်လာတာလည်း ကြာပြီ။ သို့သော် Kris hyung နဲ့ Luhan တို့နှစ်ယောက်သား ရုံးခန်းထဲပြောသံတွေကို တစ်ဆင့် မတော်တဆ ကြားသိခဲ့ရသော ကျွန်တော် Min မှာတော့ ထိုင်မရ ထမရနှင့် နေရထိုင်ရ ခက်ပါ၏။ ကျွန်တော်သည် ကိုယ့်ထမင်းကိုယ်စားသည်။ ကိုယ့်ကိစ္စကိုယ်ဂရုစိုက်သည်။ တစ်ခါတစ်လေသာ မွေးရာပါ စပ်စုတတ်သော အကျင့်ကြောင့်သာ သူများကိစ္စဆို အမြဲစူးစမ်းနေတတ်သည်မှာ Minဆိုသော ကျွန်တော်ပင်။ အခုလည်း ကျွန်တော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး Sehun၏ချစ်လှပါရဲ့ဆိုသော စာရေးဆရာ Luhan နိုင်ငံခြားသွားဖို့ကိစ္စမှာ ကျွန်တော့်ကို2016 အမေရိကန်သမ္မတ ရွှေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးမဲထည့်ရမယ့် နေရာသို့ ပို့လိုက်သောသကဲ့သို့ပါပင်။ Oh Sehunကို ပြောရမလား မပြောရဘူးလား......ကြော်ငြာဝင်ရမည် ဆိုလျှင်ဖြင့် Hilary Clinton ကိုသာ ကျွန်တော်မဲပေးဖြစ်ပါလိမ့်မယ်။

ထိုသို့ ဝေခွဲမရ ဖြစ်နေမည့်အစား ကျွန်တော့်အနီးအနားမှာ ရှိသည့်ထိုင်ခုံ နေရာတွင်ထိုင်ချလိုက်ကာ Sehunကိုပြောပြမည်ဟူသော ဆုံးဖြတ်ကို အရင်ချကြည့်လိုက်တယ်။ ထိုဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ အကျိုးက ဘာများဖြစ်နိုင်မလဲ။ အခုတလော သူပြောနေတာကတော့ သူတို့နှစ်ယောက် ဇာတ်လမ်းပြီးပြီဆိုလားပါပဲ။ အကယ်၍သာ အဲ့ဒါသာ အမှန်ဆိုလျှင် ကျွန်တော်ပြောပြလည်း သူ့မှာ တုံ့ပြန်ချက်တစ်စုံတစ်ရာမှ မရှိမည်မှာ ကြိုတင်တွေးလို့ရတယ်။ ဒါပေမယ့် သူသာတစ်ကယ် စိတ်မပျက်သေးဘူးဆိုရင်လည်း ငါပြောပြလိုက်တဲ့အခါ အလင်းပြခံရပြီး ဒရမ်မာကားတွေထဲကလို လေယာဉ်ကွင်းအထိ လိုက်စွဲခေါ်တာတွေလည်း ဖြစ်နိုင်သေးတယ်။ သြော် ငါရယ် အဲ့လောက်အထိကို ပုံကြီးချဲ့ပစ်ဖို့လောက်လည်း မလိုသေးပါဘူး။ ဒါတောင် ကိုယ့်သူငယ်ချင်းဘက်ကနေပဲ တွေးနေမိတာ။ မှန်တယ်ထင်တာသာ လုပ်ရရင် ကျွန်တော် ဆရာLuhan ဘက်လှည့်တွေးပြီး ဘာမှမပြောဘဲနေမိမှာပါ။ ကြားရပုံအရတော့ သူဟာ ငယ်ငယ်ကတည်းက မိဘတွေကွဲလို့ မေတ္တာငတ်နေပုံပဲ။ ကျွန်တော်သာ သူဆို နှစ်ခေါက်ပြန်မတွေးနေဘဲ မိဘတွေရှိရာကို သွားချင်မိမှာပါ။ သူ့မှာ ဘယ်သူနဲ့မှ သိသိသာသာ နှောင်ချီထားတဲ့ သံယောဇဉ်ကြိုးတစ်မျှင်မှမရှိတာကလည်း တစ်ကြောင်းပေါ့။

Piece by PieceHikayelerin yaşadığı yer. Şimdi keşfedin