To SoulMate---11

4.6K 682 17
                                    

[Zawgyi]

ယခုဖြစ်​ခဲ့​သော ကိစ္စအတွက်​ မည်​သူ့ကိုအပြစ်
တင်​ရမည်​လဲ သူ တကယ်​မသိပါ...။
အစာပုံမှန်​မစားတတ်​သည့်​ အကျင့်​ကိုပဲ
အပြစ်​တင်​ရမည်​လား...၊
အမြဲတမ်းKaiနှင့်​ ပြန်​တတ်​သည်​ကို လည်​ချင်
သေးသည်​ဆို​သော ဆန္ဒနှင့်​... တစ်​ကိုယ်​တည်း
ကွဲထွက်​လာသည့်​ ကိုယ့်​ကိုကိုယ်​ပင်​ အပြစ်
တင်​ရမည်​လား...၊
ဒါမှမဟုတ်​...
လူကို ရံဖန်​ရံခါ ​အောင့်​သက်​ခြင်းနှင့်​ ဒုက္ခ​ပေး
တတ်​​သော အစာအိမ်​ကိုပင်​ အပြစ်​တင်​ရမည်
လား...၊
သေချာမသိ​သော အပြစ်​တင်​ခြင်းတစ်​စုံတစ်​ရာ
တွင်​...ရည်​ရွယ်​ရာမရှိ လက်​ညှိုးထိုးအပြစ်​ပုံချ
စရာမရှိ​သောအခါ...။

သို့​ပေမယ့်​...
အကျိုးတရားကို မရည်​ရွယ်​ဘဲ...
မည်​သည့်​အ​ကြောင်းတရားမှ ဖြစ်​ပျက်​​ပေး​လေ့
မရှိသည့်​​လောကနိယာမအတိုင်း...။

*•°*•°*•°*•°* To SoulMate •°*•°*•°*•°*•°

ခြေလှမ်း​တွေကို အရှိန်​​လျှော့လိုက်​ရင်း...
အောက်​နှုတ်​ခမ်းကို ခပ်​ဖွဖွကိုက်​လိုက်​မိတယ်​။
ခြေတစ်​လှမ်းတိုးတိုင်း...
အစာအိမ်​က တစ်​ချက်​​အောင့်​သက်​သွားတာမို့။

" အဲ့အင်္ကျီ​လေးလှတယ်​...၀ယ်​ရမလား...
မ၀ယ်​ရဘူးလား... "

မှန်​​နောက်​က အင်္ကျီတစ်​ထည်​ကို တမင်​အာရုံ
လွှဲအကြည့်​ပို့ထားရင်း...
Baekhyun တစ်​​ယောက်​တည်း ​ရေရွတ်​လိုက်
မိတယ်​...။
အခုလို အာရုံဝင်​စားစရာအ​ကြောင်းကိစ္စတစ်​ခု
ခုရှိ​နေမှ...ဗိုက်​က ​အောင့်​သက်​​နေမှု​ဝေဒနာကို
မေ့​ပျောက်​ထားနိုင်​မယ်​ထင်​တယ်​...။
တကယ်​​တော့...အင်္ကျီကို စိတ်​၀င်​စားတာထက်
ဆက်​မ​လျှောက်​နိုင်​​တော့တဲ့ ကိုယ့်​နာကျင်​မှုကို
ကိုယ်​စာနာမိ​နေ​တာကြောင့်​သာ...။

" ၀ယ်​လာရင်​လည်း...အ...
Om..ommaက ဆူမှာစိုးရပြန်​တယ်​... "

ခန္ဓာကိုယ်​ထက်​ ခပ်​​ယောင်​​ယောင်​ကြီး​နေသည့်
အင်္ကျီတစ်​ထည်​အ​ပေါ် ၀ယ်​သင့်​မ၀ယ်​သင့်
ချိန်​ဆ​နေခြင်းက...အလဟာသ အချိန်​ဖြုန်းတီး
နေခြင်းထက်​ ပိုမလာတာကိုလည်း သူသိတယ်​။

To Soul Mate (Soulmate) (Completed)Donde viven las historias. Descúbrelo ahora