တစ်ခါတစ်လေ လောကကြီးမှာ ဖြစ်သင့်တာတွေကို ဘယ်လောက်ပဲမလုပ်ချင်နေပါစေ ကြိတ်မှိတ်ပြီးလုပ်ပစ်ရတဲ့အခါမျိုးရှိသလိုမျိုး မဖြစ်သင့်တာတွေကိုလည်း သေမတတ်လုပ်ချင်နေရင်တောင် လျစ်လျူ ရှုပြီးမလုပ်လိုက်ရတဲ့ အခါမျိုးလည်းရှိတတ်တယ်တဲ့
အဲ့တော့ မလုပ်သင့်တဲ့မဖြစ်သင့်ဘူးလို့  သူတို့ ထင်မှတ်ထားကြတဲ့ အချစ်တစ်ခုဟာအဆုံးသတ်လှဖို့  ခက်ခဲလွန်းလှတာမထူးဆန်းပါဘူးလေ....{ယခုလက်ရှိ2017ခုနှစ်}
ခြူးတစ်ယောက် စနေနေ့ ဆိုတော့ အိမ်တွင်းသန့် ရှင်းရေးလေး လုပ်ရမယ်ဆိုပြီး မနက်ထဲက အိမ်အတွင်းခန်းနဲ့  အပြင်ခန်းတွေကိုပါလိုတာတွေတိုက်ချွတ်ဆေးကြောနေတာ နေ့ လည်လောက်မှ အိပ်ခန်းထဲ သေချာရှင်းလင်းဖို့  ရောက်ဖြစ်တယ်။
အိပ်ခန်းထဲရောက်ရောက်ချင်း လိုက်ကာတွေဖြုတ် အိပ်ရာခင်းတွေလျှော်ဖို့  ခြင်းထဲခဏထည့်ပြီး ဗီရိုကိုရှင်းဖို့  လုပ်မိကာမှ ဗီရိုရဲ့  ဟိုးအောက်ခြေတစ်နေရာမှာ တော်ရုံမမြင်ရအောင်ထိုးသိပ်ဖွက်ထားတဲ့ ခရမ်းရောင်နုနု စက္ကူ ပုံးတစ်ခုကို ပြေးမြင်ဖြစ်အောင်မြင်မိတော့တာပါပဲ
စက္ကူ ပုံးလေးကိုယုယုယယဆွဲထုတ်ကာ လုပ်လိုက်စအလုပ်တွေအားလုံးကို ပစ်ချထားလိုက်ပြီး စက္ကူ ပုံးလေးထဲက အတိတ်ရဲ့ တစ်နေရာကို စိတ်ကူးတွေနဲ့ အတူရွှက်လွှင့်ဖို့  ဟန်ပြင်လိုက်တယ်။
ပထမဆုံးထွက်လာတာက သူပထမဆုံးပေးခဲ့တဲ့ လက်ကိုင်ပုဝါငယ်လေး ဟုတ်တယ် သူ ကျွန်မရဲ့ သူပေါ့
လွန်ခဲ့သောဆယ်နှစ်
YUFL ရဲ့ မုန့် စားဆင်းချိန် မိုးတွေကလဲဖွဲဖွဲလေးကျချိန်မှာတော့ ခြူးတစ်ယောက် ယမုံနဲ့ ပပတို့ ကိုပါ အဖော်ညှိပြီး canteen မသွားဘဲ ကျောင်းထဲက ပန်းခြံလေးထဲမုန့် တွေ အထုပ်လိုက်ဝယ်ပြီး Wifi free နဲ့ အပီအပြင်တွေပျော်မြူးနေတာပေါ့
"ဟဲ့ နဒီနင်ငြိမ်ငြိမ်နေမလား ငါနင့်မုန့်  တွေအကုန်စားပစ်ရမလား'' ယမုံ ကအမြင်ကတ်ပုဒ်မနဲ့  အော်နေရှာတော့ ခြူးလဲ Download ဆွဲနေတဲ့ MV လေးတွေလိုင်းမမိဘဲတစ်နေလို့  ဟိုသွားဒီသွားလုပ်နေရာကနေ အမြန်ထိုင်ချပြီး မျက်နှာပြောင်တိုက်ရတော့တာပေါ့
"အဟဲ မိမုံမုံရယ် နင်ကလည်း ဝယ်ကျွေးပြီးသားကြီးကို ပြန်မယူကောင်းဘူးတဲ့ဟဲ့ ဝဲပေါက်တတ်တယ်ဆိုလားပဲ xD''
အောင်မယ် နဒီမ စားပြီးနားမလည်စကားမပြောနဲ့  &#@*-#% စသည်ဖြင့်မည်တွန်တောက်တီးနေသည်ကို ဘေးနားက ငပ တစ်ကောင်ကတော့ ဘာမှမကြားသလို မိုးအေးအေးနဲ့  နားကြပ်ကြီးတပ်ပြီး ကောင်းကောင်းကြီးအိပ်ပျော်နေလေရဲ့ 
အံ့သြဘ သူမို့ လို့  ယမုံ့  အသံပြဲကြီးကိုတောင် အိမ်မြှောင်အမြှီးညှပ်တဲ့အသံလောက်ထင်မှတ်ပြီး အေးဆေးအိပ်နေနိုင်လွန်းတယ် :/
မြင်ပြင်းတွေကပ်လာတာနဲ့  ငပနားကြပ်ကိုဖြေးဖြေးဆွဲချွတ် နားနားကပ်ပြီး "ငပရေ နင့်မိန်းမယမုံက အာဘွားပေးတဲ့ ထပေးလိုက်ဦး''ဆိုပြီး ထွက်ပြေးလာတာ အလှမ်းမတော်တော့ ဇွက်ခနဲ မိုးရွာတော့ သဲတွေစိုပြီး ဗွက်ဖြစ်နေတဲ့ မြက်ပင်တွေကြားက ရေတွေထဲ ခြေထောက်ချော်ချသွားပါလေရော
သုတ်စရာဘာမှလည်း မပါလာတော့ ယောက်ယက်ခတ်နေတဲ့အချိန်မှာ
''သူ'' က လက်ကိုင်ပုဝါလေးတစ်ထည်ကိုကမ်းလင့်ရင်း ကိုယ့်ဘဝထဲခြေချဝင်ရောက်လာခဲ့တယ်လေ~
မျက်စိရှေ့ ကို လက်ဖြူ ဖြူ လေးတစ်ဖက်ဝင်လာတော့ ဘာများပါလိမ့်ဆိုပြီးမော့အကြည့်…
လှလိုက်တာနော် မိန်းကလေးဖြစ်တဲ့ ကိုယ်တောင်မနာလိုချင်စရာကောင်းတဲ့ စိမ်းပြာရောင်တောက်ပြီးအရည်လဲ့ နေတဲ့မျက်ဝန်းရယ်လေ
ဟော သူ့ ဘယ်ဖက်ပါးမှာပါးချို င့် နက်နက်ကလေး တစ်ခုလည်းပါတာလား ဘယ်လိုတောင်ရှေးဘဝဆုတောင်းကောင်းခဲ့သလဲကွယ်
မျက်နှာကဖွေးပြီး ပန်းရောင်ပြေးပြေးလေး သန်းနေတော့ ကိုယ်များအကြာကြီးတွေစိုက်ကြည့်မိလို့  တစ်မျိုးထင်ပြီးရှက်သွားသလားပဲ
ကိုယ်ကလဲ ကိုယ်ပါပဲ သူမတူလှလွန်းတဲ့အရာတွေကိုတွေ့ ရင် စိတ်တိုင်းကျငေးမောပစ်တတ်တဲ့အကျင့်ကိုပြင်မှပါပဲ။
အဲ သူက လက်ကိုင်ပုဝါလာပေးတာပဲ
အော် ကိုယ်ဗွက်ကန်ထဲသက်ဆင်းမိတာ သူမြင်သွားတယ် ထင်ပါ့
အကြာကြီးကြည့်နေမိတော့အားနာလာတာနဲ့  "Thanks'' ဆိုပြီးသူ့  လက်ထဲကနေ ယူလိုက်ပေမယ့် သူက ''ရပါတယ်ဗျ ရဲရဲသာသုတ်လိုက်ပါ ကျွန်တော့်ကိုအားမနာပါနဲ့ '' ဆိုပြီးဗမာလိုပီပီသသမဟုတ်သော်လည်း သြရှရှနှစ်လိုဖွယ်ကောင်းလွန်းတဲ့အသံနဲ့  ပြန်ပြောတော့ အနောက်က ဟိုနှစ်ကောင်က တခွိခွိနဲ့  ထရယ်လေရဲ့ 
အဲ့လိုပြောပြီးပြီးချင်းစကားတောင်မပြန်ရဘဲ ချက်ချင်းလှည့်ထွက်သွားပြီး ကျွန်မတို့  ရှေ့ တည့်တည့်ခုံတန်းလျားလေးပေါ်က သူ့  laptop နဲ့  ph လေးကို အသာယူကာ ထွက်သွားလေရဲ့ ...
ငေးလို့ ကောင်းနေတုန်း ယမုံနဲ့ ငပက နောက်ဘက်ကနေလာဖက်ပြီး "ဟဲ့ အဲ့တာလေ မြန်မာ Major က Nathan ဆိုတာမှတ်လား သူက Germany ကတဲ့နော်'' ''အိုက်ယားး နဒီမ နင့်အစားငါသာဖြစ်ကြည့် လက်ကြီးပဲဆွဲကိုင်ပြီးHand shakeတွေမနားတမ်းလုပ်ပစ်မှာ''
''ဟုတ်လား ငါမသိဘူးတော့...''
ကိုယ်တတကယ်မသိခဲ့တာပါ သူ ရယ်
အဲ့နေ့ ပြီးနောက်တစ်နေ့  သူသာ အဲ့လိုလာမလုပ်ပေးခဲ့ရင်ပေါ့ ဒီအတိုင်း မသိတဲ့ အခြေအနေလေးမှာပဲ ထာဝရရပ်နေခဲ့မှာ…
နောက်တစ်နေ့ မှာ ကိုယ့်ကျောင်းက လက်ပြတ်ဝတ်ခွင့်မပြုဘူးဆိုတဲ့ စည်းကမ်းကိုမေ့ပြီး အိမ်ကနေ လောလောလောလောနဲ့  လက်ပြတ်ဝတ်ပြီးကျောင်းကိုထွက်လာမိတယ် အဲ ဂိတ်ပေါက်ရှေ့ ရောက်တော့ ထုံးစံအတိုင်းဆရာမက ဆူတော့တာပေါ့ ဝင်မရဘူးဘာညာနဲ့ 
အဲ့ဒီအချိန်မှာ သူရောက်လာခဲ့တယ် ကိုယ့်ဘဝထဲကို ဒုတိယမြောက်ခြေလှမ်းနဲ့ အတူပေါ့
"ဆရာမ ကျွန်တော့် အပေါ်ထပ်အနွေးထည်ပေးဝတ်ရင်ဝင်ပေးလို့ ရမယ်မလား ခင်ဗျ'' ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့  ကိုယ့်ပုခုံးပေါ်ကိုသူ့ ရဲ့ အပေါ်ထပ် အနွေးထည် မီးခိုးရောင်ကလေးလာခြုံပေးခဲ့တဲ့ သူ့  ကို မှတ်မှတ်ရရနဲ့  မိတ်ဆက်မှဖြစ်တော့မယ်လို့ ကိုယ် စဉ်းစားလိုက်တယ်
ဒီလိုနဲ့  သူ့ ကို canteen မှာ ထိုင်ရင်း မိတ်ဆက်စကားပြောခဲ့တယ်
ဒါပေမယ့် သူဟာ ကိုယ့်ကို အမြဲအံ့အားသင့်စေခဲ့တာပါပဲ
ကိုယ့်နာမည် ခြူးနဒီ ဆိုတာရယ် ကိုယ်တက်နေတဲ့ Japanese major ရဲ့  မျက်နှာချင်းဆိုင် Myanmar Major အခန်းမှာ သူတက်နေတယ်ဆိုတာရယ် ကိုယ်ဟာ လူချစ်လူခင်ပေါပြီး ခင်မင်နှစ်လိုဖွယ်ကောင်းလွန်းလို့  တစ်ကျောင်းလုံးရဲ့  Happy virus အဖြစ် ချစ်ကြပါတယ်ဆိုတဲ့ ကိုယ်မျက်နှာပူရတဲ့ကိုယ့်ကိုလူတွေသတ်မှတ်ထားတာကိုလဲ သူ သိ နေ ပြီး သား ပါ တဲ့ လေ~
ဒီ့ထက်ပို သေစေနိုင်လောက်တဲ့စကားကတော့ သူသည် ကိုယ့်ကို လက်ကိုင်ပုဝါလေးလာပေးခဲ့တဲ့မနေ့ ကမှ စသိတာမဟုတ်ခဲ့ပဲ လွန်ခဲ့တဲ့ တစ်ပတ် ဒီ canteen မှာ ကိုယ်နဲ့  မတော်တစ်ဆပုခုံးချင်းတိုက်မိရာက ကိုယ့်ဆံပင်တွေကနေရတဲ့ ပူရှိန်းရှိန်းအနံ့  လေးကို သဘောကျမိလို့  Shampoo တံဆိပ်ကိုမေးရအောင် ကိုယ့်အကြောင်းလိုက်စုံစမ်းနေခဲ့တာတဲ့လေ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ
ခဏတာလောက်တော့ ငေးကြည့်ပါရစေလား…
ကိုယ့်အကြောင်းကိုစိတ်ဝင်တစ်စားပြောပြနေတဲ့ သူ့ ရဲ့  စိမ်းပြာရောင်မျက်လုံးတွေဟာ သိပ်တောက်ပလွန်းနေခဲ့လို့ ပါ
အဲ့တာနဲ့ ပဲ ''နင်ကလေ ပီယဓာတ်ကိုရှိတာ ခင်ဖို့  ကိုတအားကောင်းလွန်းနေတာဟ'' ဆိုတဲ့ ငပပြောတဲ့စကားအတိုင်း တစ်စုံတစ်ရာပြောင်းလဲမှုကို မသိချင်ယောင်ဆောင်ကာ သူ့ ကို သူငယ်ချင်းတော်ပစ်ခဲ့တယ်ပေါ့လေ
အဲ့သည့်အချိန်ကစလို့  ကိုယ်နဲ့ သူ့ ရဲ့  ဆက်ဆံရေးကြီးဟာ လူမျိုးမတူ ဘာသာမတူသော်လည်း စိတ်ဓာတ်ခံယူချက်ချင်းတူပြီး အချင်းချင်းအပြန်အလှန်ကူညီရင်းနဲ့  တအားပျော်ဖို့ ကောင်းခဲ့တယ် အဲ ပျော်ဖို့ ကောင်းတဲ့အထဲမှာ ကိုယ်တို့  ကျောင်းပြေးရင်း လှည်းတန်းကဦးထွန်းလင်းခြံလမ်းတစ်လျှောက် မုန့် ဆိုင်တွေတွေ့ သမျှ ပတ်စားခဲ့တာမျိုး အင်းယားကန်ဘောင်က ဝက်သားတုတ်ထိုးသွားစားရင်း သူ့ ကို ငရုတ်သီးအတောင့်လိုက်တမင်ထိုးကျွေးရင်း သူ့ ရဲ့  ခရမ်းချဉ်သီးမှည့်ရောင်တောက်လာတဲ့မျက်နှာကိုကြည့်ပြီး အူတက်မလောက်ရယ်ခဲ့ရတာမျိုး
မိုးရွာနေတဲ့နေ့ လိုမျိုးမှာ Canteen ကိုမသွားကြတော့ဘဲ ကိုယ်တို့  Coe ဆောင်ရဲ့ အခန်းထောင့်က လှေကားရင်းထိပ်မှာ အိမ်သာနံ့ ကို ရှူ ရင်း ကော်ဖီနွေးနွေးကို အောင့်အည်းပြီး ဇိမ်ခံသောက်ကြတာမျိုးတွေလို ဂယောက်ဂယက်ပေါက်ကရ ပျော်စရာအမှတ်တရတွေကတော့ မေ့မရနိုင်တာအမှန်ပါပဲရယ်....
ဒီလိုနဲ့  သူနဲ့ ခင်ပြီး 2နှစ်အကြာ ကိုယ်တို့  Major 4နှစ်တက်ပြီးလို့  Granduation Day တောင်ရောက်လာပေါ့ အဲ့သည့်နေ့  မှာ သူဟာကိုယ့်ကို ကိစ္စတစ်ခုကို သူ့ နှုတ်ကမဖွင့်ဟခဲ့ပဲ စိတ်ချင်းဆက်သွယ်ကာ ဝန်ခံခဲ့တယ်...
သူ ကိုယ့်ကို စစတွေ့ တဲ့နေ့ က Shampoo တံဆိပ်ကိုသိချင်တာမဟုတ်ခဲ့ဘူးတဲ့လေ ဆံပင်လေးတွေကိုချစ်လို့ တဲ့
အဲ့တာနဲ့  ကိုယ့် Student ID card ကိုရအောင်လိုက်ကြည့်ပြီး ကိုယ့်အကြောင်းတွေစုံစမ်းရာက ကိုယ့်ကိုပိုပြီးသဘောကျလာတာတဲ့
ကိုယ့်ကိုကြည့်လိုက်တိုင်း ဘာမှမထူးခြားပေမယ့်လို့  အလိုလိုအရောင်တွေတောက်နေသလိုထင်ရတယ်တဲ့လေ
ကိုယ့်မှာရယ်ရမလို ငိုရမလိုကြီးဖြစ်ပြီး
သူရဲ့  ရှင်းလင်းလှတဲ့ ဗမာစကားပြောအရည်အချင်းကို အဲ့နေ့ က တော်တော်သဘောကျခဲ့တာတော့ ဝန်ခံပါတယ်လေ
အဲ ထူးဆန်းတာက သူကလည်း ချစ်သလားလို့ မမေးခဲ့သလို ကိုယ်ကလည်း ချစ်ပါတယ်လို့  ပြန်မဖြေခဲ့ပဲ သူနဲ့ ကိုယ်ရဲ့ 
ဆက်ဆံရေးဟာ နားလည်မှုကိုအခြေတည်ပြီးအချင်းချင်းယုံကြည်မှုတွေနဲ့  Partaner ကောင်းပီသစွာနဲ့  လက်တွဲလာခဲ့ကြတာဟာ နောက်ထပ်တစ်နှစ်အကြာ သူ့  မိသားစုကိစ္စအရေးကြီးလို့  Gremany ကိုမပြန်မဖြစ် ပြန်ရတော့မယ့်နေ့  မရောက်ခင်အထိပဲ ဆိုပါတော့...
ညကြီးမင်းကြီး ဝင်လာတဲ့ ဖုန်း တစ် call ဟာ ကိုယ်တို့  နှစ်ယောက်အပြင် မိသားစုတွေရဲ့  အခြေအနေအပေါ်ကိုပါ သေချာစဉ်းစားပြီးမှ ဖြေရမယ့် ကိုယ်မစဉ်းစားချင်သေးတဲ့ တမင်မေ့ထားတဲ့ မေးခွန်းတစ်ခုကို အလေးအနက်ထားဖြေဆိုဖို့  ခေါ်ဆိုခဲ့တဲ့ဖုန်းCall ဖြစ်လာခဲ့တယ်။
''သူ နဲ့  လိုက်ခဲ့မှာလား'' တဲ့လေ
ကိုယ့်အိမ်အခြေအနေရယ် မိဘတွေရဲ့  အမြင်တွေပေါ်သေချာဘက်စုံစဉ်းစားပြီးတဲ့နောက် ကိုယ်ရဲ့ အဖြေအပေါ် ဘာမှပြန်တုံ့ ပြန်ခြင်းမရှိ အေးအေးဆေးဆေးနဲ့ ပဲ သူတစ်ခွန်းတည်းပြောသွားခဲ့တယ်
''သူနားလည်ပါတယ် ဒါပေမယ့် သူမြန်မာပြည်ကိုချစ်ပါတယ် နောက်ပြီး 'ဒီ့' ကိုလည်း တအားချစ်ပါတယ်'' တဲ့~
ကိုယ်ပထမဆုံးသောအကြိမ်အဖြစ် အချစ်အတွက် ငိုကြွေးခဲ့ပါတယ်
အဲ့သည့်နေ့ ကဖုန်းcall ဟာသူနဲ့  ကိုယ်ရဲ့နောက်ဆုံးသော ဖုန်းcall ဖြစ်မယ်မှန်းကိုယ်ရိပ်မိခဲ့တယ်။