Kaichen (Yaoi)
ချစ်စရာတောသားလေးမဟုတ်တော့လို့ဆိုပြီး
fighterကြီးကို အချစ်မပေါ့လိုက်ပါနဲ့နော် :)******** ********
တူညီတဲ့ မနက်ခင်းကို ဖြတ်သန်းဖို့ ကျနော်နိုးထလာခဲ့
တယ် ကျနော့်ဘဝကအခုဆိုအပူပင်နည်းစွာနဲ့နေနိုင်နေ
ပြီ ကြမ်းတမ်းတဲ့ အလုပ်ကို စွန့်ပစ်ပြီးနောက်ပိုင်းပေါ့
ဒါပေမဲ့ အတိုက်အခိုက်ကို အခြေခံတဲ့ လက်ဝှေ့သင်တန်း
ဖွင့်ထားတယ် ဝါသနာပါတဲ့ ကလေးတွေရယ် နွမ်းပါးလွန်း
တဲ့ ကလေးတွေအတွက်ပါ ကျနော်လည်းဒါပဲတတ်တာကိုးအခုသူပြန်လာပြီ
ကျနော့်ဘဝက သူနဲ့တွေ့တိုင်း………ရင်ထဲကမပါတဲ့စကားတွေနဲ့ သူ့ကိုပြောလိုက်မိတယ်
" မင်းသေသွားပြီမဟုတ်လား "
မင်းမသေပါစေနဲ့လို့ငါအကြိမ်ကြိမ်ဆုတောင်းခဲ့ရတာ
" Kai ရငါ့ကိုသေစေချင်နေခဲ့တာလား ငါအသက်ရှင်
နေတာသိရင် မင်းဝမ်းသာနေမယ်ထင်တာ "" မင်းအသက်ရှင်တာကို ဝမ်းသာပေးမယ့်သူ
ဘယ်သူမှမရှိဘူး Chen "ဟုတ်တယ် တကယ့်အတိတ်ဆိုး chen သူ့ကြောင့်
အခက်ခဲဆုံးတွေပဲ ရင်ဆိုင်ခဲ့ရတယ်
နောက်ဆို အနာဂတ်ပါဆိုးလာတော့မှာ" လက်ဝှေ့ရုံလေးက မဆိုးဘူးနော် ငါငွေနည်းနည်းလို
တယ် Kai "" ဒါပဲမလား မင်းအတွက် ငွေလိုမှ
မင်းအတွက် တိုက်ခိုက်ပေးမဲ့သူလိုမှ
မင်းအတွက် လိုတာရှိမှ ငါ့ကိုပြေးမြင်တတ်တာ "" ငါတကယ်ပြောနေတာပါ မင်းငါ့ကိုစိတ်ဆိုးမပြေ
သေးမှန်းသိတယ် ဒါပေမဲ့ကွာ ညီကိုတွေပဲ
နားလည်ပေးသင့်တာပေါ့ "" ဘာညီကိုလဲ သွားးးး ငါ့အလုပ်ကိုဘယ်တော့မှ
မလာနဲ့ ကျေးဇူးပြုပြီး ငါ့ကိုကိုယ်ပိုင်ဘဝလေး
နဲ့နေပါရစေ "ဟင့်အင်း ညီအကိုမဟုတ်ဘူး
ငါ့မှာ အကိုမရှိဘူး ငါ့မှာချစ်သူပဲရှိခဲ့တယ်Flashback…………
နှင်းလေးတွေကျပြီး သာယာလှတောင်ကုန်းလေးပေါ့
အဲ့ပေါ်မှာ တည်ဆောက်ထားတဲ့ နှင်းဖြူ မိဘမဲ့ဂေဟာ
ရှိတယ် ကျနော်အသက်ကိုးနှစ်မှာပဲ စွန့်ပစ်ခံလိုက်ရတာ
အဲ့ဒီ့မှာပဲ ထူးဆန်းတဲ့ သူနဲ့ဆုံခဲ့ရတာပေါ့
KAMU SEDANG MEMBACA
[All Chen] One Shot collection
Cerita Pendekအသည်းကျော် Jongdae အား ပုံစံမျိုးမျိုးဖြင့်ကြိုးစားဖန်တီးထားသည် daedaeကတော်တွေရော တခြားကတော်တွေရော အဝဖတ်ကြပါကုန်