သူဟာ ကျွန်မရဲ့တစ်ဦးတည်းသောချစ်ရသူပါ.....
သူက ကျွန်မလိုသာမန်လူတစ်ယောက်နဲ့တော့ အလှမ်းဝေးတဲ့ idolတစ်ယောက်ပါ................
ကျွန်မသူ့ကို အဝေးကနေပဲ မျှော်ကြည့်ခွင့်ရခဲ့ပေမဲ့....တစ်နေ့မှာသူ့ကိုဖန်သားပြင်မခြားဘဲ တွေ့ခွင့်ရခဲ့ပါတယ်လေ....
အဲ့ဒီနေ့က သူရဲ့မွေးနေ့လေ...မနှစ်ကတော့ သူ့အတွက်ဆိုပြီး ကျွန်မတို့ senior aeriတွေလုပ်ပေးတဲ့ မွေးနေ့ပွဲလေးမှာ ကျွန်မပါဝင်ခဲ့ပါတယ်....သူ့မွေးနေ့မှာ သူကိုယ်တိုင်မပါဝင်ခဲ့ပေမဲ့ ကျွန်မအရမ်းကြည်နူးခဲ့ရပါတယ်....သူ့အတွက်မွေးနေ့ဆုတောင်းသီချင်းလေးဆိုပေးရတဲ့ခဏလေးဟာ ကျွန်မအတွက်တော့ ရင်ခုန်ခဲ့ရတဲ့အချိန်လေးပါပဲ..........
ဒီနှစ်တော့ သူကျွန်မရှိတဲ့နေရာကိုရောက်လာခဲ့တယ်....သူမွေးနေ့မတိုင်ခင်ညလေးမှာပေါ့....ကျွန်မအိပ်လို့မပျော်ခဲ့ပါဘူး....မနက်ဖြန်ညနေဆိုတွေ့ရတော့မယ့်သူ့မျက်နှာလေးကို ကျွန်မမှန်းဆပြီးရင်တွေခုန်နေခဲ့တာပါ....သူရောသိနိုင်ပါ့မလား.......ကျွန်မစောင့်မျှော်ခဲ့ရတဲ့ သူ့ရဲ့မွေးနေ့ည....Stageပေါ်ကို စတက်လာတည်းကမြင်ခွင့်ရလိုက်တဲ့သူ့မျက်နှာေးကိုကျွန်မငေးမောနေခဲ့မိတယ်လေ....နှလုံးသားလေးကလည်းမမောမပန်းခုန်လို့ပေါ့.....
ဟော..ရောက်လာပါပြီ....သူ့အတွက် birthday song ဆိုပေးရမယ့်အချိန်လေး....ကျွန်မလေ မနှစ်ကတောင်းခဲ့တဲ့ဆုတောင်းလေးအတိုင်း သူ့အတွက်မွေးနေ့သီချင်းဆိုပေးခွင့်ရခဲ့ပြီ...မနှစ်ကကျွန်မဆိုပေးခဲ့တဲ့ သီချင်းသံကိုသူမကြားနိုင်ပေမဲ့ အခုတော့ ကျွန်မရဲ့ပျော်ရွှင်မှုတွေအပြည့်နဲ့ သီချင်းသံလေးကို Stageပေါ်က သူကြားကောင်းကြားနိုင်ပါရဲ့....သူလေ ပြုံးနေခဲ့တယ်သိလား....ကမ္ဘာကြီးရပ်တန့်သွားခဲ့တယ်...ကျွန်မမျက်ရည်တွေကျနေခဲ့ပါလား....သူ့အပြုံးလေးတွေကို ကျွန်မအမြဲပဲသိမ်းထားချင်ခဲ့မိတာပါ....ဖြူစင်လွန်းတဲ့သူ...မောပန်းနေပေမဲ့ aeriလေးတွေ Lလေးတွေအတွက် အကောင်းဆုံးတင်ဆက်ပေးသွားတဲ့သူ....ပြီးခါနီးမှာနှုတ်ဆက်သွားတဲ့ သူ့စကားသံလေး....မပြန်ပါနဲ့ဦးလား....ကျွန်မတားချင်ပေမဲ့ သူဟာအရမ်းအလုပ်များသူမို့မတားရက်ခဲ့ပါ...အမှန်တိုင်းဆို တားဖို့အခွင့်အရေးလည်းမရှိခဲ့ပါဘူးလေ....သူကidolတစ်ယောက် ကျွန်မကသာမန်လူမဟုတ်လား...ဒါပေမဲ့...ကျွန်မကိုစောင့်နေပါ...တစ်နေ့နေ့တော့ရှင့်ဆီကိုအရောက်လာခဲ့မှာပါ......အော် ...မနက်ဖြန်ဆိုရင်ပဲ..သူကျွန်မရှိတဲ့အရပ်ကိုလာခဲ့တာတစ်လပြည့်တော့မယ်လေ....သူရောဒီနေရာလေးကိုသတိရနေမှာလား....ကျွန်မကတော့သူ့ကိုအမြဲသတိရနေမှာပါ....သူလည်းသတိရနေမှာပါ...ဘာဖြစ်လို့လည်းဆိုတော့သူက ကျွန်မတို့ကိုအရမ်းချစ်တဲ့သူမို့လေ....
လွမ်းတယ်..သူရယ်...ပြီးတော့လေကျွန်မရှင့်ကိုချစ်တယ်....
Bomi....................to................Baekhyun