Zawgyi
မနက်ခင်းစောစော မီးဖိုချောင်နား
ရစ်သီရစ်သီလုပ်နေမိသော ကျွန်တော်…
ဟင်းချက်နေသော မေမေ့နောက်ကျော ကိုကြည့်ရင်းသက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။မင်းခန့်တောင်ပြောပြီးနေပြီဖြစ်သောကိစ္စကို
ကျွန်တော်လည်း အသိပေးသင့်နေပေမယ့်
ကျွန်တော့်အပေါ် အလိုလိုက်လွန်းခဲ့သော
မေမေ့ကို စိတ်မဆင်းရဲစေချင်သောကြောင့်
မပြောဘဲနေခဲ့ခြင်း…ကျွန်တော့်မိဘတွေကို ဖွင့်ပြောစေချင်မှန်း ထုတ်မပြောသော်လည်း စကားဆက်မိတိုင်း အမြဲဆင်ခြေပေးကာ
ငြင်းတတ်သော ကျွန်တော့် ကြောင့် သက်ပြင်းခိုးချတတ်သော သူ့ကို မြင်တိုင်းစိတ်မကောင်း…သူ့ဘက်က သတ္တိရှိခဲ့သည့်တိုင်အောင် ကျွန်တော်က အခုထိ ရင်မဆိုင်ရဲသေး…
ညကအကြိမ်ကြိမ်စဉ်းစားပြီးနောက် ချခဲ့သောဆုံးဖြတ်ချက်ကို ဆင်ခြေတစ်ခုဖြင့် အခုမှ မပြင်ချင်တော့…
သူ့အဖေ ကုမ္ပဏီမှာ အလုပ်ဝင်ကတည်းက သိပ်မတွေ့ဖြစ်…များပြားလှစွာသော အလုပ်တွေနဲ့ မအားလပ်တဲ့အချိန်တွေထဲကမှ ကျွန်တော့်အတွက် ဖဲ့ပေးတတ်သောသူ…အနည်းငယ်ပိန်သွားကာ အလုပ်ပင်ပန်းနေမှန်းသိသာသော်လည်း ကျွန်တော်နဲ့တွေ့တိုင်းတစ်ခါမှ မငြီးငြူ ခဲ့…
အပြုံးမပျက် အရင်ကထက်နွေးထွေးသော အချစ်တွေဖြင့်
ကျွန်တော့်ကို နွေးထွေးလုံခြုံစေမြဲပင်…ဟိုတယ် လုပ်ငန်းဖြစ်သည့်အတွက် တခြားမြို့များတွင် ခွဲဖွင့်ထားသော ဟိုတယ်တွေကို သွားကာ လုပ်ငန်းအကုန်လေ့လာနေရသောသူ…
အခုလည်း အလုပ်ကိစ္စဖြင့် ခရီးထွက်သွားသောသူ့ကို
ခရီးကပြန်လာချိန် ကျွန်တော့်မိဘတွေရဲ့ အသိအမှတ်ပြုမှုတစ်ခုဖြင့်
ဝမ်းသာစေချင်သည်…နောက်ဆုံးတစ်ကြိမ် သက်ပြင်း ချကာ မေမေ့နားလျှောက်သွားရင်း အလုပ်ရှုပ်နေသော မေမေ့ကို စကားစမိသည်။
"မေမေ"
ကျွန်တော့် အသံကြောင့် လှည့်ကြည့်သောမေမေ…
"ဘာလိုလို့လဲ သားငယ်…ဒီနေ့ သားကိုကို ဆိုင်မသွားဘူးလား"
YOU ARE READING
Wine
Romanceboy× boy Zawgyi အချစ်......အချစ်ဆိုတာဘာလဲတော့ကျွန်တော်မသိဘူးလူတွေကတော့အချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြတယ် ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ နာကျင်မှုများစွာထဲကသာယာမှုတစ်ခုပဲ... Unicode အခစြ...