Part:8

2.4K 164 21
                                    


"သမီးသွယ် ခဏ လာပါဦး"

အပြင်က ပြန်ရောက်ရောက်ခြင်း ဦးအောင်ကျော် သူ၏ သမီးအားခေါ်လိုက်သည်။

"ပြန်ရောက်ပြီလား ဖေဖေ"

"အင်း သမီးရဲ့"

ကျွန်မတို့မိသားစုသည် ပွင့်လင်းသည်။ပျော်စရာကောင်းသည်။
ဖေဖေက ကျွန်မအားdaughter ဟုခေါ်လျှင် ကျွန်မက ဒယ်ဒီဟု ပြန်ခေါ်တတ်သည်။
မိသားစုစုံလျှင် စ နောက်နေတတ်သည်။
ဖေဖေရောမေမေရော ကျွန်မကိုချစ်ပေမယ့် စည်းကမ်းတင်းကြပ်တာမျိုးတော့မရှိ။လွတ်လွတ်လပ်လပ်နေစေသည်ဆိုသည်ကလည်း ကျွန်မကိုယ်တိုင်ကိုက ဘာမှ မဟုတ်တာလုပ်တတ်သူမဟုတ်၍ပင်ဖြစ်သည်။

ဦးအောင်ကျော် သွယ်ယူလာပေးသော ရေကိုသောက်ရင်း......

"ဝမ်းသာစရာသတင်းပြောမလို့ပဲ သမီးရေ
သမီး မေမေ ဒီအပတ်ထဲ ရန်ကုန်ပြန်ပြောင်းရမယ် အပြောင်းအရွှေ့ကျပြီ"

"အိုး ပျော်လိုက်တာ.......
မေမေနဲ့ မတွေ့ရတာ နှစ်လလောက်ရှိပြီ ဖေဖေအလုပ်မအားတာနဲ့ ပြင်ဦးလွင် မသွားဖြစ်တာကြာပေါ့"

"အေးကွာ သမီးမေမေရောဖေဖေရော အလုပ်မအားတာနဲ့ မိသားစုမဆုံဖြစ်ကြတာ။"

ဦးအောင်ကျော် လက်ထဲက ဖန်ခွက်ကိုချရင်း

"သြော် ပြီးတော့ သမီးကို ကြိုပြောချင်တာက
မောင်ပြည့်စုံလျှံနဲ့ သမီးကို စေ့စပ်ပေးချင်တယ်။
ဆရာတို့ဘက်ကလဲ ဖေဖေ့ကို ပြောနေတာကြာပြီ ဖေဖေကသမီးမေမေ မရှိသေးတာနဲ့ အချိန်ဆွဲထားတာ"

ဆရာဆိုတာ ကိုပြည့်စုံလျှံ အဖေကိုဆိုလိုခြင်းပင်။ဒါလည်း ကိုပြည့်စုံလျှံ စနက်တွေပါကို ပါရမည်။

"ဟုတ်ကဲ့ပါ ဖေဖေ"

ကျွန်မအနေနှင့် မိဘက သင့်တော်လို့စီစဉ်လိုက်သော အိမ်ထောင်ရေး တစ်ခုအတွက် ဘာများငြင်းပိုင်ခွင့်ရှိမည်နည်း။
>>>>>>>

:Hey သွယ်

ရတီမော်ဦးဆိုသည့် acc လေး active မဖြစ်တာပင်ကြာပြီ။

:ရှင်လေး ဘယ်တွေများ ပျောက်နေတာလဲ?

ရတီသည် ကျွန်မ၏ အခင်ဆုံးသူငယ်ချင်း တစ်ဦးတည်းသောသူငယ်ချင်းပင်။
China မှာ ကျောင်းသွားတက်သည်မှာကြာလေပြီ။ရတီက ကံကောင်းသည်။
သူဝါသနာပါရာ design ပညာကို သင်ယူခွင့်ရသည်။ကျွန်မကတော့ မိဘတွေ ဆန္ဒအတိုင်း ဥပဒေ ပညာကိုသင်ယူခဲ့ရသည်။
ဝါသနာ မပါသော်လည်း ကျွန်မ အကောင်းဆုံးကြိုးစားမည်။
ဘယ်အလုပ်ကိုမဆို အကောင်းဆုံးဖြစ်အောင် လုပ်ကိုလုပ်တတ်သည်က ကျွန်မဝါသနာပါရာထဲက တစ်ခုပင်ဖြစ်သည်။

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now