ကလေးရဲ့ဆံနွယ်စလေးများအား ပွတ်သတ်ရင်း"မမ ကလေးက ကောင်လေးတွေဘာတွေရနေပြီလား?"
"ဟိ ဟုတ်ကဲ့မမ"
"မမကိုပြပါဦး ကလေးရဲ့ကောင်လေးပုံ ပြီးတော့သူ့အကြောင်းလည်းပြောပြဦးလေ
ကောင်း၏ ဆိုး၏ မမလည်းသိချင်တယ်
ကလေးကို အရွေးမမှားစေချင်ဘူး"ဘေးလွယ်အိတ် အပြာနုရောင်လေးထဲမှ ph ကိုထုတ်သည်။နောက်ပြီး ကျွန်မရှေ့မှာ ph လေးကို ပြရင်း
"သူလေ မမ ပိုင်ထက်သာတဲ့ ကလေးတို့ အတန်းထဲကပဲ တွဲတာတော့ သိပ်မကြာသေးဘူး"
lock screen လေးပေါ်မှာတင်ထားသော နှစ်ယောက်တွဲပုံလေး။
ကောင်လေးကြည့်ရတာ ဆေးလိပ် ကွမ်းယာ အရက်နှင့် ကင်းရှင်းသည့် လူရည်သန့်လေးမှန်းသိသာသည်။
ကလေးက lock screen တောင်ထားတာဆိုတော့ လေးလေးရှေ့မှာ ရဲရဲဝံ့ဝံ့ မိတ်ဆက်ပေးနိုင်သည့်ယောက်ျားကောင်း တစ်ယောက်ဖြစ်ပုံရသည်။"ကလေးက အတည်တွဲမယ့်ပုံပဲ?"
"ဟုတ်တယ်မမရဲ့ ကလေးသူ့ကိုအရမ်းချစ်တယ် ပြီးတော့ သူ့ကို ကလေးဘက်က အရင်စချစ်ခဲ့တာ"
ရှက်ပြုံးလေးပြုံးရင်းပြောနေသောကလေး။
ကျွန်မ မျက်စိထဲတော့ကလေးလေးပါလေ။"ကလေးနော် မိန်းကလေးဆိုတာ အဲလိုမျိုးပေါ့ပျက်ပျက်ပြောရဘူး စိတ်ထဲမှာပဲ ထားရမယ်"
"မမ မို့လို့သာပြောတာပါ ဒါနဲ့မမ fb acc က"
"acc က မသုံးဖြစ်လောက်တော့ဘူးထင်တယ်ကလေးရေ
မမ အလုပ်ဘက်ကိုပဲ အာရုံစိုက်တော့မှာမို့လို့"ပြောစရာစကားများ များလှသော်လည်း ကလေးနှင့်ပတ်သတ်သည့် အကြောင်းအရာများသာပြောဖြစ်ခဲ့သည်။
>>>>>>>
တံခါး ခေါက်သံကြောင့် အိပ်ချင်မူးတူးနှင့်အတွေးပေါင်းစုံဝင်လာသည်။
ကျွန်မလည်း နေမြင့်အောင် မအိပ်တတ်ပါဘူးလေ။ဖေဖေတို့လာနှိုးတာတော့မဖြစ်နိုင်။
နောက်ပြီး ဖေဖေနဲ့ မေမေသာဆိုရင် တံခါးခေါက်ပြီးတာနဲ့ ဝင်လာနေကျ။
ဘယ်သူပါလိမ့်။
YOU ARE READING
"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်
RandomAbout Story တစ်ချိန်က "မ" တစ်ဖြစ်ကျွန်မက မိန်းမဆန်လွန်းသူ"မ" ကိုရင်နင့်အောင်ချစ်မိသွားခြင်း...... #လင်းလက်သွယ် အရာအားလုံးကိုစွန့်လွှတ်ပြီး"လင်း"ကိုရွေးချယ်လိုက်ချင်ပေမယ့် "လင်း"ရဲ့လက်ကိုတွဲပြီးအားလုံးနဲ့ဝေးရာကိုထွက်ပြေးလိုက်ချင်ပေမယ့် "မ" မယုံကြည်နို...