Ep~3

2.1K 137 0
                                    

Love is... (chanbaek,Dika,Chansoo,Kaibaek)
Ep~3
💘💘💘
"ဟင်....sooထူးထူးဆန်းဆန်းအစောကြီးနိုးနေပါလား...."

ထုံးစံအတိုင်းyeolတယောက်အလုပ်မသွားခင် sooကိုလာနှိုးရင်း
အနမ်းလေးလဲယူရင်းဆိုပြီး ရောက်လာတာ။ ပြီးတော့...ဒီနေ့ကvalentine's dayလေ

အရင်နေ့တွေလိုမဟုတ်ဘဲ အစောကြီးနိုးနေတဲ့sooရယ်ပါ ဆိုင်သွားဖို့တောင်ပြင်ဆင်ပြီးနေပြီ။ sooတယောက်ဒီနေ့မှပိုလှနေတယ် ဒူဖုံးရုံကိုယ်ကျပ်ဂါဝန်အတိုပန်းခရမ်းရောင်လေးကို ဝတ်ဆင်ထားသည့်အပြင် ဝတ်စုံနှင့်လိုက်ဖက်တဲ့လိမ်းချယ်ထားမှုကလဲ နဂိုတည်းကလှလွန်းတဲ့sooအလှကို ပိုမိုထင်ရှားပေါ်လွင်စေသည်။ သူကသားငမ်းနေတာ sooကမှန်တင်ခုံကမှန်ကြီးကိုကြည့်ပြီး တယောက်ထဲကြိတ်ပြုံးနေတာ သူဝင်လာတာတောင်သတိထားမိရဲ့လားမသိ

"soo..."

မကြားသေးဘူး ပြုံးနေတုန်းပဲ

"soo!!!..."

"အော်...ရောက်နေပြီလား....လာ....ဒီနေ့ငါကိုယ်တိုင်ထမင်းချက်ထားတာ....စားပြီးမှသွား...."

ထူးဆန်းလွန်းတာထက်ပိုထူးဆန်နေပြီ။

"နေဦးsoo....နင်အလှတခါမှမပြင်ဘူးလေ...ဒီနေ့မှဘာလို့..."

"တခြားကောင်မလေးတွေအလှပြင်ထားတာလှလွန်းလို့....ငါလဲပြင်ကြည့်ရင်ကောင်းမလားဆိုပြီးပြင်ကြည့်လိုက်တာ....ဘာလဲ...အရမ်းထူးဆန်းနေလား....မလှဘူးလား...."

"နတ်ပြည်ကနတ်သမီးလေးဆင်းလာသလိုပဲ....အရမ်းလှ..."

"😋...."

"လာ...ထမင်းစားရအောင်...နင်companyသွားရဦးမယ်လေ....."

"ဒီနေ့v dayလေsooရဲ့..."

"အာ့နဲ့ဘဲcompanyမသွားတော့ဘူးလား..."

"အင်း...sooနဲ့တနေကုန်လျှောက်လည်မို့..."

sooမျက်လုံးပြူးကာ yeolအားအတင်းငြင်းဆန်တော့သည်။ သူလုပ်ပုံမှားကောင်းမှားနေလိမ့်မယ် ဒါမဲ့အခုသူ့စိတ်ထဲစိုးမိုးနေတာ သူ့ဆီမှာအလုပ်ဝင်တာမကြာသေးတဲ့ jonginဆိုတဲ့ကောင်လေး ဒီနေ့သူ့ကိုကိုယ်တိုင်ချက်ထားတာလေးတွေ ပုံစံအမျိုးမျိုးဖော်ထားတဲ့ ကိုယ်တိုင်လုပ်ထားတဲ့မုန့်လေးတွေကျွေးချင်လို့ သူဆို်င်သွားမှဖြစ်မှာ ဆိုင်ကဝန်ထမ်းတွေတမျိုးထင်မှာစိုးလို့ သူ့မှာဝန်ထမ်းတွေအတွက်ပါ
အများကြီးလုပ်ထားရတာ

love is...Where stories live. Discover now