Love is.... (Chanbaek,Dika,Chansoo,Kaibaek)
💘💘💘
At Japan"သူဌေး..baekတောင်းပန်ပါတယ်အဲ့လိုမလုပ်ပါနဲ့..ဟင့်....အ...တော်ပါတော့သူဌေး....အဲ့လို့မလုပ်ပါနဲ့....တောင်းပန်ပါတယ်....နာ....တယ်...မလုပ်ပါနဲ့....အား!!!!..."
မှိတ်ထားသောမျက်လုံးအစုံထဲ ဝေဝါးစွာဝင်ရောက်လာသောပုံရိပ်များကြောင့် အိပ်ပျော်နေသောyeolတယောက် ချွေးစက်များနှင့်အတူလန့်နိုးလာခဲ့ရသည်။ အိပ်ယာဘေးစာပွဲပေါ်တွင်အဆင်သင့်တင်ထားသော ရေအားအငမ်းမရမော့သောက်လိုက်ပီးမှ အိပ်မက်ထဲမှပုံရိပ်များအကြောင်းစဉ်းစားနေတယ်
"မဟုတ်မှလွဲရော....ငါ....ငါက...အတွင်းရေးမှူးbaekကို..."
yeolတယောက်baekအခန်းရှေ့ကို ဘယ်လိုရောက်သွားမှန်းမသိလိုက် သူသိတဲ့အချိန်မှာ baekအခန်းအားအဆက်မပြတ် တဒုန်းဒုန်းထုနေပီလေ ရင်ထဲမှာလဲ စိုးရိမ်မှု အားနာမှုတွေအပြင် baekကိုသနားမိတယ်
တံခါးဖွင့်လာသည်နှင်တပြိုင်နက်"ဘာခိုင်းစရာရှိလို့ပါလဲသူဌေး...."
လက်နှစ်ဖက်စလုံးဖြင့်baekပုခုံးအား ခပ်တင်းတင်းဆုပ်ကိုင်ကာ
"ဘာလိုမပြောခဲ့ရတာလဲ...."
"ဘာကို..."
"မနက်ကမေးထဲကအဲ့ဒီအကြောင်းတွေ....ဘာလို့မပြောပြခဲ့တာလဲ....."
"သူဌေးဘာကိုပြောချင်တာလဲဆိုတာ....baekနားမလည်ဘူး....."
ခေါင်းငုံ့ကာ မသိသလိုလုပ်နေသောbaekကြောင့် yeolမှာစိတ်တိုလာရသည်။ baekကိုတွန်းကာသူပါbaekရဲ့အခန်းထဲဝင်၍ တံခါးပိတ်လိုက်တော့ baekမော့ကြည့်လာတယ် သူအံသြစွာပါစပ်လေးဟမိတယ် ဘယ်လောက်တောင်ငိုထားတယ်မသိ မျက်လုံးမှေးမှေးလေးက ပွင့်ကိုမပွင့်တော့ ဖူးဖောင်းကာရဲနေသည်မှာ baekအားသူ့ရင်ခွင်ထဲထည့်ထားလိုက်တော့ baekရုန်းတယ် ရုန်းလို့မရအောင်အတင်းဖက်လိုက်တော့ ငြိမ်ကျကာငိုတော့တယ် ကျောပြင်လေးအားဖွဖွလေးပွတ်ပေးတော့ အငိုတိတ်သွားသယောင် သူbaekကိုညီမလေးတယောက်သဖွယ်သာ ခံစားရသည်။ ချစ်သူလိုမချစ်ပါ မခံစားရပါ ဟိုနေ့ကဖြစ်သွားတာက sooဟုထင်မိတာကြောင့်ပါ အဲ့အတွက်လဲကိုယ့်ကိုယ်ကိုဒေါသထွက်ရသည်။
ဒါမဲ့သူတာဝန်ယူသွားမှာပါ သူ့ကြောင့်အပျိုစင်ဘဝကိုဆုံးရှုံးလိုက်ရတာလေ။