Part:11

2.9K 148 20
                                    

AN:
သုံးလေး ရက်လောက် ဒီfic လေးခဏနားပါမယ်နော်။
"ညီငယ်က အချစ်ကို ကိုးကွယ်သတဲ့လား" ဆိုတဲ့ ficလေးကို သုံးပိုင်းလောက်up ချင်လို့ပါ။
ပြီးရင်တော့ တစ်လှည့်စီupသွားပေးပါမယ်။
#အားလုံးကိုကျေးဇူးတင်ပါတယ်😊😊
~~~~~~~~~~~~~~

ချစ်သည်။
မျက်နှာလေးကိုချစ်မိသည်။ဖြူစင်မှုလေးကိုချစ်မိသည်။

ထိုအရာသည် အချစ်စစ်မဟုတ်ဟု သိရှိချိန်တွင် သံယောဇဉ်ဟူသော နှောင်ကြိုးလေးတွယ်သည်။

အချိန်သည် သံယောဇဉ်ဟူသော နှောင်ကြိုးတစ်ကြိုးအား ဖန်တီးပေးနိုင်ပါသလား??

>>>>>>>

"ကောင်းခန့် ငါမင်းကို တိုင်ပင်စရာရှိတယ်"

မော့ကြည့်သည်။ph ကိုတော့လက်ကမချ။COC စွဲချက်က ကျွန်တောင်ပင်စမ်းမဆော့ချင်လောက်အောင် သူတစ်ယောက်နဲ့ပင် စိတ်ကုန်သည်။

"ကောင်းခန့် သေသေချာချာလေး ဆွေးနွေးချင်တာကွာ"

"နေဦး"

မိနစ် ၂၀ ခန့်စောင့်ပြီးတော့မှ လက်က ph ကိုချသည်။
ကောင်းခန့်ဆိုတယ့်လူသားဟာ ရည်းစားလည်းမထားတာမို့ အသက်သာရှိပါက ph နှင့်သာ ညားလိမ့်မည်ဟု ကျွန်တော်ထင်သည်။

"ပြော"

စကားပြောရင် ခပ်ပြတ်ပြတ်နဲ့ ဘာရောဂါထနေပြန်ပါလိမ့်။
သည်းခံဦးးးးး ပိုင်ထက်သာ။

"မ က ငါ့ကို ဇွန်နဲ့ အဆက်အသွယ်ဖြတ်ဖို့ပြောထားတာမင်းလည်းသိတယ်မလား။
အဲဒါ တစ်လလည်းပြည့်ပြီဆိုတော့ ငါ့ကိုတော့ မ အနေနဲ့မေးမှာမဟုတ်ဘူး။
မ အဲလောက် သဘောထားမသေးသိမ်ဘူး။
အခု ငါ့ကို ဖြတ်ပါဆိုတာကလည်း ငါရော သူရော ချစ်တာသူသိတယ်။
ငါ့ကို အဆုံးရှုံး မခံနိုင်လို့သာပြောတာကွာ။မင်းသိတဲ့အတိုင်း မ က အတ္တကင်းတယ်။"

"ပိုင်ကြီး မမလင်း စိတ်ဓာတ်ကိုငါသိတယ်။သဘောထားမသေးသိမ်ဘူးဆိုတာလည်းငါသိတယ်။
အပြစ်ကင်းတယ်ဆိုတာလည်းငါသိတယ်။
လိုရင်းကိုပြောပါလားကွာ။
အခုခေတ်ကြီးက စကားနှစ်လုံးကိုတောင် တစ်လုံးတည်းပြောနေကြတာကွာ။မလားဆို မား။ချုံ့ပါကွာလိုရင်းပဲ လိုရင်းလိုရင်း"

"မ" သည်သာကျွန်မရဲ့ ထာဝရ "အချစ်Where stories live. Discover now