One-shot

3.8K 190 19
                                    


" မေမေတို့က အကျင့်ကိုပုတ်တယ် တကယ်တမ်းဆို ကိုကိုမိန်းမယူမယ့်ကိစ္စ အသဲ ကိုလဲပေးသိရမှာပေါ့ အခုတော့ ဟိုက ခဏလာနေတော့မှ သိရတယ် ကိုကိုကို့
အသဲချစ်လို့တောင်မ၀သေးတာကို ဗြဲ "

ငိုလိုက်ပြောလိုက် တစ်ရှူးနဲ့နှပ်တွေ
သုတ်လိုက် ပစ်ချလိုက်နှင့် သဲဦးပန်း တစ်
ယောက် အကိုနှင့် သဘောတူထားသည့်
ကောင်မလေး မနက်ဖြန်ရောက်မည်ဟု
ပြောလိုက်သောကြောင့် အကိုကို ချစ်လွန်း
သောကြောင့် ဧည့်ခန်းထဲတွင် တစ်
ယောက်တည်းငိုပွဲဆင်နေလေသည်။

စူးရှဦး အလုပ်ကပြန်ရောက်သည်နှင့် ငိုနေသော
ညီမဖြစ်သူကြောင့်.....

" ဟ ကိုကို့အသဲလေး ငိုနေပါလား
ကြည့်စမ်းပါဦး နီရဲနေတာပဲ ဘာလို့လဲ
မေမေဆူလို့လား ရိုက်လို့လား ဘာဖြစ်တာ
လဲ ပြောပါဦး " ဟု ညီမလေးကို စိုးရိမ်စွာ ဆံစလေးသပ်ပေးပြီး ချော့မော့မေးလိုက်လေသည်။

" ကိုကိုလေ ကိုကိုကြောင့်ပေါ့ ဟီး. . ဟင့်. .ဟင့် "

" အယ် ကိုကိုက အခုမှ ပြန်ရောက်တာလေ
ဘာလုပ်လို့လဲ အသဲရ..."

"ကိုကိုနဲ့ သဘောတူထားတဲ့ မမ မနက်ဖြန်
လာမယ်ဆိုတာ ကိုကိုသိတယ်မဟုတ်လား
အသဲကို ဘာမှမပြောဘူးလေ ဗြဲ သိပါတယ် သိပါတယ် ကိုကိုက အသဲကို မချစ်တော့ပါဘူး" ဟု ပြောပြီးငိုနေသော အကိုကို
သ၀န်တိုနေသည့် ညီမကိုကြည့်ကာ ရင်ထဲ
စိတ်မကောင်းတောင်ဖြစ်မိသွားလေသည်။

"မိသဲဦး နင်အခုထိ မတိတ်သေးဘူးလား ဟမ် နင်မရှက်ပေမယ့်
ငါ့ရှက်တယ် မကြီးမငယ် ခုနှစ်အိမ်ကြား..
ရှစ်အိမ်ကြားအသံနဲ့ ငိုနေတာ သေမယ်နော် သဲဦးပန်း ငါမအားသေးလို့ နင်ကံကောင်းတယ်မှတ် တစ်ခါထဲကြိုပြောထားမယ်
မနက်ဖြန် စိမ့်စမ်းမေ ရောက်လာရင်
ဘာသံညာသံမကြားချင်ဘူး နင့်ငါ့အကြောင်းသိတယ်နော် ဟွင်း"

You've reached the end of published parts.

⏰ Last updated: May 21, 2020 ⏰

Add this story to your Library to get notified about new parts!

ဤအရာကို ချစ်ခြင်းဠီကာဟုခေါ်သည် (Unicode & Zawgyi )Where stories live. Discover now