Boy : Ya ... Somin နဲ့ Jiwoo တို့ ငါဒီမှာ ...
Somin : Ahh ...
Somin နဲ့ ကျမ Jiwoo တို့နှစ်ယောက်သား သူ့ကို
လက်လှမ်းပြလိုက်သည်။ သူတို့နှစ်ယောက်လက်လှမ်း
ပြလိုက်တဲ့သူကတော့ J.Seph ... သူ့နာမည်အရင်းက
Kim Tae Hyung တဲ့ ...J.Seph ... Somin ... Jiwoo သူတို့သုံးယောက်က
ဟိုးငယ်ငယ်လေးတည်းကကျောင်းနေဖက်သူငယ်ချင်းတွေ
အရမ်းခင်ခဲ့ကြလို့ မိဘတွေအချင်းချင်းတောင်ရင်းနှီးနေခဲ့
ကြတယ်။ Somin နဲ့ Jiwoo နဲ့ကတော့ ညီအစ်မ
တစ်ဝမ်းကွဲတွေပေါ့ ... သူတို့နာမည်အရင်းက Jeon Somin နဲ့ Jeon Jiwoo ... အဖေတွေကညီအစ်ကို
အရင်းအချာတွေဖြစ်တာကြောင့်သူတို့နှစ်ယောက်က
ညီအစ်မတစ်ဝမ်းကွဲတွေပေါ့ ... အရမ်းချစ်ကြတဲ့ ညီအစ်မ
တွေပါ။ ညီအစ်မအရင်းတွေလိုကို သဘောထားပြီး ချစ်ကြ
တယ်။ ဘယ်လောက်ချစ်လည်းဆိုရင်အကြီးကလည်း
အငယ်ကိုအလိုလိုက်အငယ်ကလည်း အကြီးကိုအလိုက်သိ
အဲ့လိုမျိုးကိုချစ်ကြတာ ... တစ်ခါမှလည်းရန်မဖြစ်ဘူးသလို
စကားလေးတစ်ခွန်းတောင်မများဘူးကြပါဘူး။ အမြဲ
သွားအတူ လာအတူမို့လို့ တစ်ယောက်တည်းရှိတဲ့အချိန်
တောင်မှ အိပ်တဲ့အချိန်လောက်ပဲရှိတာပါ။ ဒါတောင်တစ်ခါ
တစ်လေ အတူတူအိပ်ကြတာပါ။ Somin က Jiwoo
ထက်သုံးလကြီးပါတယ်အခုက သူတို့ညီမနှစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်းကြီး
J.Seph ရဲ့မွေးနေ့ဆိုတော့ သူတို့ သွားလာ စားနေကျ
ဆိုင်ဖြစ်တဲ့ Rumor Restaurant မှာ မုန့်လိုက်ကျွေး
မယ်ဆိုလို့ရောက်လာတာပါ။ ဒီနှစ်က အရင်နှစ်ကလို
၃ယောက်တည်းမလုပ်ဘဲ J.Seph တို့အရင်တုန်းက
သူငယ်ချင်းတွေပါ လာမယ်လို့ J.Seph ကပြောထားတယ်J.Seph : Ya ... နင်တို့ကလည်း ကြာလိုက်တာ
Jiwoo : Mianhae ... ငါအလှပြင်နေတာကြာသွားလို့
J.Seph : Arigoo ... လှတာလည်းမဟုတ်ဘူး
မပြင်ဘဲလာတာနဲ့ ပြင်လာတာနဲ့ အတူတူဘဲJiwoo : Ya ... ငါဒီလောက်ချစ်ဖို့ကောင်းတာကို
J.Seph :အေးပါဟယ်... အရူးစိတ်ချမ်းသာရင်ပြီးရော
YOU ARE READING
I Just Wanna Stay Beside You [Unicode+Zawgyi]
Short StoryK.A.R.D Myanmar ficလေးပါ BWoo Coupleလေးပါ K.A.R.D မှာ Author အရမ်းshipတဲ့ အတွဲလေးမို့ ချစ်လည်းချစ်တာကြောင့်မရေးဘဲမနေနိုင်လို့ရေးလိုက်ပါပြီ အားပေးကြပါဦး😁